လားရှိုးမြို့ စစ်ကောင်စီ ဖျက်အားပြင်း ဗုံး ၁၅ လုံးကျော် ကြဲချမှု ပြည်သူ ၂ ဦး သေဆုံးပြီး ပျက်စီးမှုများပြား

သျှမ်းမြောက် မြို့တော် လားရှိုးကို ယနေ့ (စက်တင်ဘာလ ၂၇ ရက်) နံနက် အစောပိုင်း ၃ နာရီခွဲခန့် လူအိပ်မောကျချိန် စစ်ကောင်စီ လေကြောင်းမှ ဗုံး ၃ ကြိမ်ကြဲချ တိုက်ခိုက်သဖြင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကိုးကန့်တပ်-MNDAA က ထုတ်ပြန်သည်။

လားရှိုးမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် လားရှိုး မြို့မဈေးကြီး၊ ရပ်ကွက်(၁) နယ်မြေ (၈)၊ ရပ်ကွက် (၂) Green Park ဟိုတယ်အနီး နေရာ အနှံ့အပြား လေကြောင်းမှ ပေါင် (၅၀၀) နှင့် ပေါင် (၂၀၀) အပါအဝင် ဖျက်အားပြင်း ဗုံး အနည်းဆုံး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

ဗုံးထိမှန်မှုကြောင့် နေအိမ်၊ အဆောက်အအုံ များစွာ ပျက်စီးခဲ့ရာ ပေါင် (၅၀၀) ဗုံး ၃ လုံး ထိမှန်ခဲ့သည့် မြို့မဈေးကြီး အတွင်းရှိ ဈေးဆိုင်ခန်းများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီ၏ လူမဆန်စွာ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိတ်လန့်တုန်လှုပ်နေသည့်အပြင် ပျက်စီး ဆုံးရှုံးမှုများကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း၊ လူသားချင်းစာနာမှု ကင်းမဲ့စွာ ရက်ရက်စက်စက် ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် မြို့ပြန်လည်ထူထောင်ရေး များစွာ အနှောင့်အယှက် ဖြစ်ရကြောင်း ဆိုသည်။

လားရှိုး စစ်ကောင်စီ ဗုံးကြဲ

လားရှိုးမြို့ ဗုံးကြဲခံရမှုနှင့် ပတ်သက်၍ “ညဆို မအိပ်ရဲဘူး။ လေယာဉ်သံ နားစွင့်နေရတယ်။ နေ့ဘက် အလုပ်မလုပ်နိုင်တော့ ဝင်ငွေကမရှိ၊ ပြန်ထွက်သွားဖို့ကလည်း ငွေမရှိနဲ့။ ပိုက်ဆံ တတ်နိုင်တဲ့လူတွေက ပြန်ထွက်သွားကြတာ ရက်ကြာပြီ။ ဒီမှာ ကျန်နေကြတာက ဆင်းရဲသားတွေများတယ်” ဟု လားရှိုးမြို့ခံ အမျိုးသမီး တဦးက ပြောသည်။

ကိုးကန့်တပ်-MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ အရပ်ဘက် ပစ်မှတ်များကို ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်၍ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်နေရာ ပြည်သူ ထိခိုက် သေဆုံးမှု မြင့်တက်နေသော်လည်း စစ်ကောင်စီ ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာများတွင်မူ စစ်ရေးပစ်မှတ်များ ဗုံးကြဲခြင်း ဖြစ်ကြောင်း လိမ်လည် ဝါဒဖြန့်နေသည်ကို တွေ့ရသည်။

လက်နက်ကိုင် တော်လှန်နေသည့် တိုင်းရင််သား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ရွေးကောက်ပွဲ ဝင်ရောက် ယှဥ်ပြိုင်ရန် ကမ်းလှမ်းကြောင်း စစ်ကောင်စီက ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်) ည ၈ နာရီက ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...