မိုးမောက်မြို့ တန်ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့တိုက်ခိုက်

ကချင်ပြည် မိုးမောက်မြို့ကို တန်ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်များက ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ (၂၄) ရက်မှ စတင်ပြီး ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မိုးမောက်မြို့ရှိ ခြေမြန်တပ်ရင်း ခမရ-၄၃၇ ကို ပြန်လည်ရရှိရန် စစ်ကောင်စီတပ်က ဗန်းမော်မြို့ဘက်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ၆ မိုင် နှင့် ၇ မိုင်ကျေးရွာဘက်တွင် KIA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီးကော နေ့တိုင်းပစ်နေတာ၊ လေယာဉ်နဲ့ ၆ ခါထက်မနည်းဘူး ဗုံးလာကြဲတာ။ KIA သိမ်းနိုင်ကတည်းက တိုက်ပွဲကတော့ မငြိမ်ဘူး၊ နေ့တိုင်းနီးပါး ပြန်ဖြစ်နေတာပဲ။ ဗန်းမော်ကလာတဲ့ စစ်ကြောင်းနဲ့ ၇ မိုင်ဘက် အောင်မြေမှာ ဖြစ်နေတာ”ဟု မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗန်းမော်မြို့ဘက်မှ သံချပ်ကာယာဉ်များဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်များက ဗန်းမော်နှင့် မိုးမောက်မြို့နယ်အကြား ၆ မိုင်၊ ၇ မိုင်နေရာရှိ အောင်မြေကျေးရွာတွင် ဝိုင်းရံပိတ်ဆို့ထားပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ဆိုသည်။

KIA

မိုးမောက်မြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၃၇ ကို ကချင်လွတ်လပ်ရေးတပ် KIA မှ ဩဂုတ်လ (၁၉) ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို ဩဂုတ်လ (၂၁) ရက်တွင် အတည်ပြု ပြောဆိုထားသည်။

၎င်းနောက်တွင် ဗန်းမော်မြို့ လုံခြုံရေးအတွက် အဓိက ဖြစ်သည့် ခမရ-၄၃၇ တပ်ရင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်မှ တစ်လနီးပါး ကြာမြင့်သည်အထိ တန်ပြန်ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

မိုးမောက်

မိုးမောက်မြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၇) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒရုန်းဗုံးကြဲခြင်းအပြင် လက်နက်ကြီးဖြင့် အကြိမ် (၅၀) ကျော် ပစ်ခတ်ခဲ့ကြောင်း KIO ဘက်မှ စက်တင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်သည်။

လက်ရှိတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေခြင်းကြောင့် ဗန်းမော်နှင့် မိုးမောက်မြို့နယ်မှ ဒေသခံများမှာ စစ်ဘေးရှောင်ရန် ထပ်မံထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...