သျှမ်းမြောက်သို့ အင်အားထပ်ဖြည့်လာသည့် စစ်ကောင်စီတပ်ထဲ သျှမ်းတောင်မှ ပြည်သူ့စစ်များလည်း ပါဝင်လာ

သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများထံသို့ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းလျက်ရှိရာ ပြည်သူ့စစ်များလည်း အချိုးကျ ပါဝင်လာကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ တတိယပတ်မှ စတင်ပြီး တန့်ယန်းနှင့် မိုင်းရယ်မြို့ဘက်သို့ ဦးတည်၍ သျှမ်းပြည်တောင်ပိုင်းရှိ မြို့များမှ စစ်ကောင်စီတပ်များအပြင် ၎င်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှ တပ်အင်အားအများအပြားဖြင့် ထပ်မံဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။

“စစ်တပ် အင်အားဖြည့်တာကတော့ နေ့တိုင်းရှိနေတယ်၊ စစ်ကား အစီး ၂၀ ကျော်နဲ့ လူကော ပစ္စည်းကော။ သွားသွားလာလာဆိုတော့ သမားရိုးကျပုံစံပါပဲ။ လားရှိုးကို ထိုးစစ်ဆင်မယ် ဆိုတာ ပြောတာပဲ ထူးခြားမှုတော့ မရှိဘူး။ ထိုးစစ်က ဒီဘက်က အရင်စမလား၊ နောင်ချိုဘက်က အရင်စမလား မပြောတတ်သေးဘူး”ဟု မိုင်းရယ်မြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို ပြန်လည်ရယူရန် စစ်ကောင်စီတပ်က စက်တင်ဘာလ တတိယပတ်မှ စတင်ပြီး လေကြောင်းထိုးစစ်အပြင် ကုန်းကြောင်းဖြင့်လည်း စစ်အင်အား ထပ်မံဖြည့်တင်းလာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ သျှမ်းပြည်မြောက်ပိုင်းသို့ ထပ်မံဖြည့်တင်းလာသည့် စစ်အင်အားများထဲတွင် သျှမ်းပြည်တောင်ပိုင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များမှလည်း တပ်သားအချိုးကျ ဆင့်ခေါ်ခံရပြီး အရပ်ဝတ်များဖြင့် ပို့ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

“တစ်ခါပို့ရင် ၃၀ လောက်တော့ ရှိမယ်။ ၃ ခါဆိုရင် တစ်ရာလောက်တော့ ရှိမယ်၊ အရပ်ဝတ်နဲ့ပဲ သွားကြမှာ။ ၂ ဖွဲ့ခွဲပြီး စစ်အင်အား သွားဖြည့်တယ်။ အင်အား ၁၀၀ နီးနီးလောက် နောင်ချိုနဲ့ မိုင်းကိုင်ဘက်ကို ခွဲသွားတယ်လို့ ပြောတယ်။ စစ်တပ်က ညွှန်ကြားချက်ရရင်တော့ မသွားလို့ မရဘူးလေ၊ မသွားရင် ပုန်ကန်သလို ဖြစ်သွားမှာပေါ့”ဟု သျှမ်းပြည်တောင်ပိုင်းမှ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော စစ်မြေပြင်များသို့ စစ်ကောင်စီတပ်နှင့်အတူ သျှမ်းပြည်တောင်ပိုင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များမှ (၃) ကြိမ်ထက်မနည်း တပ်သားအချိုးကျ စေလွှတ်ခဲ့ကြောင်း သိရပြီး နောင်ချိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ကူတိုက်ပေးသည့် ပြည်သူ့စစ်များထဲမှ ရှေ့တန်းတွင် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဆိုသည်။

သျှမ်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ SSS (မဟာဂျာ) ပြည်သူ့စစ်၊ နားရိုင်းပြည်သူ့စစ်၊ မက်ကျန်းပြည်သူ့စစ်၊ ပအိုဝ်းပြည်သူ့စစ် PNO တို့အပြင် လားဟူပြည်သူ့စစ်များ ဖွဲ့စည်းထားသည်။

“နမ့်စန်ဘက်က ပြည်သူ့စစ်တွေ သျှမ်းမြောက်ကို ပို့နေတာ အနည်းဆုံး ၃ ခါ ရှိပြီ။ သျှမ်းအဖွဲ့၊ ပအိုဝ်းအဖွဲ့၊ လားဟူအဖွဲ့ ဒီဟာတွေပဲ ရှိမယ်။ တောင်းလာရင်တော့ သူတို့ အမြဲတမ်း သွားရတယ်။ စိန်ကျော့(ပြည်သူ့စစ်)ကတော့ SSPP ထဲကို ရောက်ပြီလေ။ စစ်ကောင်စီက အဲ့နေရာတွေကို အစားထိုးချင်နေတာ”ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်တွင် သီပေါမြို့နယ်အခြေစိုက် စိန်ကျော့ပြည်သူ့စစ်နှင့် မိုင်းခေးပြည်သူ့စစ်အဖွဲ့များမှ တပ်သား (၁၀၀၀) နီးပါးသည် လက်နက်အပြည့်အစုံဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံသို့ လာရောက်ပူးပေါင်းခဲ့သည်။

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက် သျှမ်းပြည်တောင်ပိုင်းရှိ လူငယ်အချို့သည် စစ်မှုထမ်းဥပဒေကို တိမ်းရှောင်ရန်အတွက် ပြည်သူ့စစ်တပ်ဖွဲ့များထံ ဝင်ရောက်မှု ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ စက်တင်ဘာလဆန်း သျှမ်းပြည်တောင်ပိုင်း ခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များထံ လက်လွတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးပြီးနောက် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် လားရှိုးနှင့် နောင်ချိုမြို့များသို့ လေကြောင်းဖြင့် ခပ်စိပ်စိပ် ဗုံးကြဲတိုက်ခိုက်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...