စစ်ကောင်စီ
ပင်လောင်းမြို့နယ် နေရပ်ပြန်သွားသော အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်အမျိုးသားတစ်ဦးသည် နေရပ်ပြန်ပြီး ခြံစဉ်နေစဉ် မြေမြုပ်မိုင်းနင်းမိကာ အပြင်းအထန် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ရက် နေ့လည် ၁၁နာရီတွင် ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ စစ်ဘေးလာရှောင်သည့် အမျိုးသားသည် ၎င်း၏နေရပ်ဖြစ်သည် နောင်ဝိုးကျေးရွာပြန်သွားပြီး ခြံရှင်းနေစဉ် မြေမြုပ်မိုင်းနင်းမိကာ...
သုံးပတ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချို ဒေသခံ (၁၇) ဦးသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း ဒေသခံ (၁၇) ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း ဒေသခံ (၁၇)ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာကာ နေအိမ်အများပြား ပျက်စီးသွားခဲ့ သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီမှ...
မူဆယ်မြို့နယ် MNDAA ထိန်းချုပ် ကျင်ဆန်ကျော့ တရုတ်ပြန်ဖွင့်၊ ကြံတင်ပို့ခွင့်ရမည်ဟုဆို
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားသည့် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်ကို တရုတ်ဘက်မှ ကုန်ပစ္စည်းတင်သွင်းရန် ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်)မှ စတင်၍ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားပြီး တစ်နှစ်ကျော် ပိတ်ထားခဲ့သည့် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်များဘက်မှ ကုန်ပစ္စည်းတင်သွင်းရန်နှင့်...
မိုးနဲတွင် စစ်မှုထမ်းဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု အမိန့်ထုတ်၊ ထွက်ပြေးပါက ထိထိရောက်ရောက် အရေးယူခံရမည်ဟု ခြိမ်းခြောက်
သျှမ်းပြည် မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုမထမ်းဘဲ ထွက်ပြေးပါက ထိထိရောက်ရောက်အရေးယူခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးက ဒေသခံများကိုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများသည်...
တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ဆက်ပိတ်ထားပေးမည်ဟု တရုတ်က စစ်ကောင်စီကို ကတိပေး
တိုင်းရင်းသား လက်နက်ကိုင်များ ထိမ်းချုပ်ထားသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များအား ဆက်လက် ပိတ်ထားပေးမည်ဟု တရုတ်ဘက်က စစ်ကောင်စီ လဝက ဝန်ကြီး ဦးမြင့်ကြိုင်ကို ကတိပေးလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်-မြန်မာ...
သျှမ်းပြည် ညီညွတ်ရေး အလှမ်းဝေးသလား
SHAN -
“မနက်လင်း ဗုံးမကြဲဘူး။ ကြဲရင်တော့လည်း မတတ်နိုင်ဘူးပေါ့” ဟု လာရှိုးမြို့နေ ပျံကျဈေးသည် တစ်ဦးက ပြောသည်။ ကိုးကန့်တပ် သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို အငြိုးကြီးလှသည့် စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေရာ အိုးအိမ်ပျက်စီး ဆုံးရှုံးမှုများပြီး ပြည်သူ ထိခိုက်သေဆုံးမှုလည်း များနေသည်။ ယင်းအခြေအနေကြောင့် မြို့မှ ပြန်လည် ထွက်ခွာသွားသူများ ရှိသကဲ့သို့...
ကျေးသီးမြို့ စစ်ဘေးရှောင် ၂၀၀ ကျော်အတွက် ရေရှည်ထောက်ပံ့နိုင်ရန် ခက်ခဲနေ
သျှမ်းပြည် ကျေးသီးမြို့ရှိ စစ်ဘေးရှောင် ၂၀၀ ကျော်အတွက် ရေရှည်ထောက်ပံ့နိုင်ရန် ခက်ခဲလာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီးနောက် ဒေသခံများ ကျေးသီးမြို့အတွင်းသို့ ထွက်ပြေးသိမ်ရှောင်လာကြသည်။ တိုက်ပွဲများကြောင့် ၄ လကျော်ကြာ ကျေးသီးမြို့သို့...
လားရှိုးမြို့ပြန်သိမ်းပိုက်နိုင်ပါက အစားထိုးနိုင်ရန် မိုင်းရယ်မြို့အခြေပြု စစ်ကောင်စီတပ် အင်အားပြင်ဆင်စုဖွဲ့နေ
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို အခြေပြု၍ ဆုံးရှုံးလိုက်ရသည့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) ဖွဲ့စည်းပုံ ယန္တရားအတိုင်း အင်အားတိုးချဲ့၍ ပြင်ဆင် စုဖွဲ့နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်အတွင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်သည်...
ကုန်စည်စီးဆင်မှုပိတ်ဆို့ခံထားရတဲ့ သျှမ်းမြောက်လူထုတွေရဲ့ စိန်ခေါ်သံ
SHAN -
မြန်မာ-တရုတ်နယ်စပ် တလျှောက် နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်မှ စတင်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နယ်စပ်ဂိတ် အပြည့်အဝ စီမံခန့်ခွဲရန် ပြောဆိုပြီးနောက် တရုတ်နိုင်ငံဘက်မှ ၎င်းကုန်သွယ်ရေးဂိတ်များကို အကန့်အသတ်မရှိ ပိတ်ထားခဲ့ခြင်းကြောင့် သျှမ်းပြည်မြောက်ပိုင်း ဒေသခံများ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြရပါတယ်။ ဒါ့အပြင် သျှမ်းပြည်...
နောင်ချိုမြို့တွင် စစ်ကောင်စီ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ စစ်ရှောင် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည် နောင်ချိုမြို့နယ် ကုန်းကြီးရွာမအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် အနီးတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်သဖြင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော စစ်ရှောင် တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၀ရက်)နေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့်...





