မိုင်းရယ်မြို့ စက်သုံးဆီများ စတင်ပြတ်လပ်၊ သယ်ယူသည့် ကုန်ပစ္စည်းများ ထောက်ခံစာပြရ

သျှမ်းပြည် မိုင်းရယ်မြို့တွင် စက်သုံးဆီများ စတင်ပြတ်လပ်နေပြီး ကုန်ပစ္စည်းများကို ထောက်ခံစာပြ၍ သယ်ယူနေရကြောင်း စုံစမ်းသိရသည်။

မိုင်းရယ်မြို့တွင် နိုဝင်ဘာလ တတိယပတ်မှ စတင်၍ စက်သုံးဆီများ စတင်ပြတ်လပ်နေပြီး မြို့အတွင်းသို့ စက်သုံးဆီများ တင်သွင်းရန် ခက်ခဲနေကြောင်း အသက် (၄၀) နှစ်ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းရယ်မှာတော့ လယ်ထွန်စက်တွေအတွက် စက်သုံးဆီတွေရဖို့ ရှာဝယ်ရခက်နေပြီ။ တောင်ကြီးတစ်လမ်းပဲ ကျန်တာ။ စစ်ကောင်စီဂိတ်တွေကတော့ ကန့်သက်ကုန်စည်တွေ လုံးဝ ပေးမသွားတာပါ။ စက်သုံးဆီတွေက တင်လာဖို့က မလွယ်ဘူး၊ ဂိတ်တွေမှာ စကားပြောရတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောဆိုသည်။

မိုင်းရယ်မြို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင်း ပြီးခဲ့သည့် နိုဝင်ဘာလ (၂၀) ရက်မှ စတင်ပြီး ဖြတ်သန်းသွားလာသော ကားများမှ တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို ထောက်ခံစာပြ၍ သယ်ယူနေရကြောင်း မိုင်းရယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်းပြောဆိုသည်။

မိုင်းရယ်မြို့ပုံ

“ထောက်ခံစာတွေလည်း ပြရတာပေါ့။ ထောက်ခံစာတွေ တောင်းပြီး သွားရတာပေါ့။ တိုင်းမှူးတွေ၊ ဗျူဟာမှူးတို့စီမှာ ခွင့်တောင်း၊ ထောက်ခံစာတောင်းပြီးမှကို သွားရတာပေါ့။ အကြောင်းရင်းတွေလည်း ပြောရတာ၊ ဘာလို့ ဒါတွေ သယ်လာလဲ ဆိုတာကအစပေါ့။ ရောင်းဝယ်ရေး သွားရေးလာ‌ရေးအတွက်က ခက်တယ်။ အခုက တော်တော်လေး ခက်သွားပြီ” မိုင်းရယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့မှ သျှမ်းပြည်မြောက်ပိုင်းသို့ သွားရာ ရပ်စောက်-ကျောက်ဂူလမ်းကို နိုဝင်ဘာလ (၁၂) ရက်မှ စတင်ပြီး စစ်ကောင်စီတပ်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။

သျှမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့ကြီးများကို သွားရောက်နိုင်ရန် ရပ်စောက်မြို့နှင့် မိုင်းကိုင်မြို့တို့ကို ဖြတ်သန်းသွားသည့် လမ်းမကြီးများသည် ကုန်တင်ယာဉ်အသုံးပြုမှု များပြားပြီး စစ်ကောင်စီလက်အောက်ခံ ဂိတ်များမှ ကုန်စီးဆင်းမှု တားမြစ်ပိတ်ပင်လိုက်သဖြင့် ခရီးသွားများ နှင့် ဒေသခံပြည်သူများ ပိုမိုဒုက္ခရောက်နေရသည်။

စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်တပ်များထံ ဆုံးရှုံးထားသည့် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့ကြီးများကို ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေသည့်အပြင် ယခုကဲ့သို့ လမ်းပိတ်ဆို့ခြင်းဖြင့် ဒေသနေ ပြည်သူများကို စားနပ်ရိက္ခာ ဖြတ်တောက်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...