မူဆယ်မြို့ စက်သုံးဆီဝယ်ယူခွင့်စာအုပ် ပြုလုပ်ရန်ကြေညာ၊ နယ်စပ်ဂိတ်ဖြတ်ရန် မဲနှိုက်ပြီး ဝင်ခွင့်ပြု

သျှမ်းပြည် မူဆယ်မြို့တွင် ကိုယ်ပိုင်လုပ်ငန်းများအတွက် အသုံးပြုရန်နှင့် ကား၊ ဆိုင်ကယ်များကို သတ်မှတ်ဂါလန်အတိုင်း ခွင့်ပြုရန် စက်သုံးဆီ ဝယ်ယူခွင့်မှတ်တမ်းစာအုပ် ပြုလုပ်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

လာမည့် ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ပြီး မူဆယ်မြို့ပေါ်ရှိ တရားဝင် လိုင်စင်ရယူထားသည့် ကိုယ်ပိုင်လုပ်ငန်းများ အသုံးပြုရန်နှင့် ကညနတွင် မှတ်ပုံတင်ထားသည့် ကား၊ ဆိုင်ကယ်များကို သတ်မှတ်ဆီဂါလန်အတိုင်း ခွင့်ပြုရန် စက်သုံးဆီ ဝယ်ယူခွင့်မှတ်တမ်းစာအုပ်ကို လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်နှင့်တကွ စစ်ကောင်စီထံ လျှောက်ထားရမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သမဝါယမ ပုံစံလို ပြန်သွားတာပေါ့၊ မူဆယ်က လူတွေကို တန်းစီရအောင် အမျိုးမျိုးလုပ်နေတာ။ လုံးဝ ပိတ်လိုက်ရင်တောင် ပြည်သူတွေ အခုလို ဒုက္ခရောက်ပြီး စုပြုံမတိုးရတော့ဘူး။ စက်သုံးဆီက တပိုင်တနိုင်လည်း တရုတ်က ပေးမသယ်ဘူး၊ အခု ရောင်းပေးမှာလည်း ကိုယ်လိုချင်သလောက် မရဘဲ ဆီဆိုင်ဖွင့်ပြီး ဆီထည့်မရဘူး ဖြစ်မှာ”ဟု အသက် (၃၀) ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့တွင် စက်သုံးဆီ ဝယ်ယူခွင့်ရရန် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြစ်သည့် မြို့နယ် စက်သုံးဆီ ဝယ်ယူရေးနှင့် ဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။

အလားတူ မူဆယ်မြို့ ဆင်ဖြူနယ်စပ်ဂိတ်တွင် မီးဖိုချောင်သုံး သီးနှံနှင့် သားငါးများကို သယ်ယူခွင့်ရရန် စာရင်းပေးထားသည့် ကား၊ ဆိုင်ကယ်များကို အများရှေ့တွင် မဲနှိုက်၍ ဝင်ရောက်ရမည့် နေ့ရက်ကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“တံတားနားကနေပဲ ဒီဘက်ကို စပေးမဖြတ်တာ၊ တရုတ်ဘက်က အသီးတွေ၊ ဟင်းသီးဟင်းရွက်နဲ့ ပင်လယ်စာလိုဟာမျိုး မရဘူး။ ဆိုင်ကယ်ထဲ ထည့်လာတဲ့ နည်းနည်းပါးပါးဆိုရတယ်။ ပိဿာအများကြီးနဲ့ ပြန်ရောင်းဖို့လိုဟာ သယ်လို့မရဘူး။ အသီးအနှံ၊ အာလူးတို့ဆိုလည်း လက်ဆွဲအိတ်နဲ့ တနိုင်ပဲ သယ်လာလို့ရတယ်”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်မှ စတင်ပြီး မူဆယ်မြို့ စစ်ကောင်စီထိန်းချုပ်ထားသည့် ဆင်ဖြူစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်း သယ်ယူခွင့်ကို ထပ်မံတင်းကြပ်လိုက်ပြီး သတ်မှတ်ချက်အတိုင်း သယ်ယူလာသည့် တပိုင်တနိုင် ကုန်ပစ္စည်းများကိုပါ အကောက်ခွန်နှင့် ကညန ပူးပေါင်းအဖွဲ့များက ဆွဲချသိမ်းယူထားကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

လာမည့် ဒီဇင်ဘာလ (၁) ရက်မှ စတင်ပြီး မူဆယ်မြို့နယ်အတွင်း မီးဖိုချောင်သုံး အသီးအနှံများ၊ အသားနှင့် ငါးများကို ခွင့်ပြုမိန့်ရသည့် ကားနှင့် ဆိုင်ကယ်များသာ သယ်ယူနိုင်မည်ဖြစ်ပြီး အခြားလူသုံးကုန်ပစ္စည်းများကို တင်ဆောင်ခွင့် ပြုမည်မဟုတ်ကြောင်း ဆင်ဖြူစစ်ဆေးရေးဂိတ်မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...