Wednesday, January 28, 2026

မူဆယ်မြို့ စက်သုံးဆီဝယ်ယူခွင့်စာအုပ် ပြုလုပ်ရန်ကြေညာ၊ နယ်စပ်ဂိတ်ဖြတ်ရန် မဲနှိုက်ပြီး ဝင်ခွင့်ပြု

သျှမ်းပြည် မူဆယ်မြို့တွင် ကိုယ်ပိုင်လုပ်ငန်းများအတွက် အသုံးပြုရန်နှင့် ကား၊ ဆိုင်ကယ်များကို သတ်မှတ်ဂါလန်အတိုင်း ခွင့်ပြုရန် စက်သုံးဆီ ဝယ်ယူခွင့်မှတ်တမ်းစာအုပ် ပြုလုပ်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

လာမည့် ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ပြီး မူဆယ်မြို့ပေါ်ရှိ တရားဝင် လိုင်စင်ရယူထားသည့် ကိုယ်ပိုင်လုပ်ငန်းများ အသုံးပြုရန်နှင့် ကညနတွင် မှတ်ပုံတင်ထားသည့် ကား၊ ဆိုင်ကယ်များကို သတ်မှတ်ဆီဂါလန်အတိုင်း ခွင့်ပြုရန် စက်သုံးဆီ ဝယ်ယူခွင့်မှတ်တမ်းစာအုပ်ကို လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်နှင့်တကွ စစ်ကောင်စီထံ လျှောက်ထားရမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သမဝါယမ ပုံစံလို ပြန်သွားတာပေါ့၊ မူဆယ်က လူတွေကို တန်းစီရအောင် အမျိုးမျိုးလုပ်နေတာ။ လုံးဝ ပိတ်လိုက်ရင်တောင် ပြည်သူတွေ အခုလို ဒုက္ခရောက်ပြီး စုပြုံမတိုးရတော့ဘူး။ စက်သုံးဆီက တပိုင်တနိုင်လည်း တရုတ်က ပေးမသယ်ဘူး၊ အခု ရောင်းပေးမှာလည်း ကိုယ်လိုချင်သလောက် မရဘဲ ဆီဆိုင်ဖွင့်ပြီး ဆီထည့်မရဘူး ဖြစ်မှာ”ဟု အသက် (၃၀) ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့တွင် စက်သုံးဆီ ဝယ်ယူခွင့်ရရန် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြစ်သည့် မြို့နယ် စက်သုံးဆီ ဝယ်ယူရေးနှင့် ဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။

အလားတူ မူဆယ်မြို့ ဆင်ဖြူနယ်စပ်ဂိတ်တွင် မီးဖိုချောင်သုံး သီးနှံနှင့် သားငါးများကို သယ်ယူခွင့်ရရန် စာရင်းပေးထားသည့် ကား၊ ဆိုင်ကယ်များကို အများရှေ့တွင် မဲနှိုက်၍ ဝင်ရောက်ရမည့် နေ့ရက်ကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“တံတားနားကနေပဲ ဒီဘက်ကို စပေးမဖြတ်တာ၊ တရုတ်ဘက်က အသီးတွေ၊ ဟင်းသီးဟင်းရွက်နဲ့ ပင်လယ်စာလိုဟာမျိုး မရဘူး။ ဆိုင်ကယ်ထဲ ထည့်လာတဲ့ နည်းနည်းပါးပါးဆိုရတယ်။ ပိဿာအများကြီးနဲ့ ပြန်ရောင်းဖို့လိုဟာ သယ်လို့မရဘူး။ အသီးအနှံ၊ အာလူးတို့ဆိုလည်း လက်ဆွဲအိတ်နဲ့ တနိုင်ပဲ သယ်လာလို့ရတယ်”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်မှ စတင်ပြီး မူဆယ်မြို့ စစ်ကောင်စီထိန်းချုပ်ထားသည့် ဆင်ဖြူစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်း သယ်ယူခွင့်ကို ထပ်မံတင်းကြပ်လိုက်ပြီး သတ်မှတ်ချက်အတိုင်း သယ်ယူလာသည့် တပိုင်တနိုင် ကုန်ပစ္စည်းများကိုပါ အကောက်ခွန်နှင့် ကညန ပူးပေါင်းအဖွဲ့များက ဆွဲချသိမ်းယူထားကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

လာမည့် ဒီဇင်ဘာလ (၁) ရက်မှ စတင်ပြီး မူဆယ်မြို့နယ်အတွင်း မီးဖိုချောင်သုံး အသီးအနှံများ၊ အသားနှင့် ငါးများကို ခွင့်ပြုမိန့်ရသည့် ကားနှင့် ဆိုင်ကယ်များသာ သယ်ယူနိုင်မည်ဖြစ်ပြီး အခြားလူသုံးကုန်ပစ္စည်းများကို တင်ဆောင်ခွင့် ပြုမည်မဟုတ်ကြောင်း ဆင်ဖြူစစ်ဆေးရေးဂိတ်မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...