ကျိုင်းတုံ-မိုင်းလား လမ်းမကြီး ဝမ်တာပင်းဂိတ် ခရီးသည်နှင့် ကုန်ပစ္စည်းများကို စစ်ဆေးမှုတင်းကြပ်လာ

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်သည့် မိုင်းလားမြို့အဝင် ဝမ်တာပင်းဂိတ်တွင် ခရီးသည်များနှင့် ကုန်ပစ္စည်းများကို စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ပြီး နိုင်ငံသားမှတ်ပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်သည့် တအာင်း(ပလောင်)လူမျိုးနှင့် ကိုးကန့်လူမျိုးများကို ကျိုင်းတုံ-မိုင်းလားလမ်းမကြီးပေါ်ရှိ ဝမ်တာပင်းဂိတ်တွင် မိုင်းလားမြို့ဘက်သို့ လုံးဝဖြတ်သွားလာခွင့် မပြုကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ကျိုင်းတုံကားသမားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဓိက မှတ်ပုံတင် ၁၃ မျဉ်းစောင်း တအာင်း(ပလောင်)နဲ့ ကိုးကန့်ကို မိုင်းလားဘက်သွားတဲ့ ဝမ်တာပင်းဂိတ်က လုံးဝ ပေးမဖြတ်တာ။ ကျန်တာတော့ သူတို့ခွင့်ပြုတယ်၊ ဘာကြောင့် ပိတ်လဲမသိဘူး။ ဒီလူမျိုးတွေ ပါလားဆိုပြီး ကားသမားတွေကို မေးတယ်” ဟု ၎င်းကားသမားက ပြောဆိုသည်။

အဆိုပါ ကျိုင်းတုံ- မိုင်းလား လမ်းမကြီးတွင် ကုန်ပစ္စည်းတင်သွင်းလာသည့် ကုန်ကားကြီးများကို နိုဝင်ဘာလ ပထမပတ်တွင် စတင်ပိတ်လိုက်ပြီး ဂိတ်တွင် သတ်မှတ်ထားသည့် ကားငယ်များသာ ဖြတ်သန်းခွင့်ပြုကြောင်း ၎င်းကားသမားက ဆက်ပြောသည်။

“ကုန်ကားကြီးတွေဆိုရင် ဒီလ ပထမပတ်က စပိတ်လိုက်တာ။ သူတို့သတ်မှတ်ထားတဲ့ ကားငယ်တော့ ပေးဝင်တယ်။ စစ်ဆေးမှုကတော့ အရမ်းကြပ်တယ်။ ဘက်ပေါင်းစုံ ခက်ခဲတော့ ဘာလုပ်စားရမှန်းတောင် မသိတော့ဘူး”ဟု ကားသမားက ထပ်လောင်းပြောသည်။

တရုတ်အစိုးရ ဖိတ်ကြားချက်အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံသို့ သွားရောက်တွေ့ဆုံခဲ့ပြီးသည့်နောက်တွင် သျှမ်းပြည်အရှေ့ပိုင်း စစ်ကောင်စီဂိတ်များ၌ စစ်ဆေးမှု ပိုမိုတင်းကြပ်လာကာ စားဝတ်နေရေးအတွက် အလုပ်အကိုင် အခက်တွေ့လာနိုင်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

NDAA ထိန်းချုပ်ထားသည့် မိုင်းလားမြို့တွင် တရုတ်နိုင်ငံဘက်က လာသည့် ပစ္စည်းများကိုသာ အဓိက တင်သွင်း အသုံးပြုနေရပြီး ယခုကဲ့သို့ တားဆီးပိတ်ပင်လိုက်ခြင်းကြောင့် တရုတ်ကုန်ပစ္စည်းများ သယ်လာသည့် ကုန်ကားကြီးများ ၎င်းမြို့အနီးရှိ ကျေးရွာတွင် ‌ခေတ္တ ရပ်ဆိုင်းနေရသည်ဟု သိရသည်။

“ပြောရမယ်ဆို စစ်ခေါင်းဆောင် တရုတ်က ပြန်လာပြီးတဲ့နောက်ပဲ ပိုစစ်ဆေးတယ်၊ ပိတ်ချလိုက်တယ်။ ကားကြီးတွေဆို နားထားရတယ်၊ တာချီလိတ်ဘက်မှာရော ကားတွေအများကြီး နားရတယ်၊ တချို့ဆိုလည်း ကျေးရွာတွေမှာ နားတယ်။ နယ်စပ်ကို ဒီတိုင်းပိတ်လို့ မရလောက်ဘူး အကြာကြီးလည်း သူတို့ပိတ်နိုင်မှာ မဟုတ်ဘူး”ဟု ကျိုင်းတုံ-မိုင်းလား ပြေးဆွဲနေသည့် ၎င်းကားသမားက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီများကို သယ်ဆောင်ခွင့်မပြုဘဲ ပန်ဆန်းနှင့် မိုင်းလားနယ်စပ်ဂိတ်ကြီးများကိုပါ ပိတ်ပင်လိုက်ပြီး တပိုင်တနိုင် သယ်ယူရန်သာ ခွင့်ပြုထားကြောင်း ဒေသခံများက ပြောသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...