ဆီဆိုင်-လွိုင်ကော်လမ်း သံဃာတော်များလိုက်ပါလာသည့်ကားတစ်စီးကို စစ်ကောင်စီတပ် ပစ်ခတ် ဆရာတော် ၁ ပါး ပျံလွန်၊ ၂ ပါးဒဏ်ရာရ

သျှမ်းပြည် ဆီဆိုင်-လွိုင်ကော်လမ်းမပေါ်ကြီးပေါ်တွင် သံဃာတော်များလိုက်ပါလာသည့် ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်ခဲ့သောကြောင့် ကျောင်းထိုင်ဆရာတော် ၁ ပျံလွန်သွားပြီး၊  ၂ ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ 

ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်) နေ့လယ် ၂ နာရီဝန်းကျင်က လွိုင်ကော်မြို့နယ် ထီးစဲခါးရေတံခွန်ကျောင်းမှ ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော်များသည် ဆီဆိုင်မြို့သို့ ကားဖြင့်စီးလာစဉ် အောင်ကလပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့၏ ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်း ခံခဲ့ရဖြစ်သည်။ 

ထီးစဲခါးကျောင်းဆရာတော်သည် ပစ်ခတ်ခံရသည့် နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး ကားပေါ်တွင် လိုက်ပါလာသော ဆရာတော် ၂ ပါးလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဆီဆိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ထီးစဲခါးရေတံခွန်ကျောင်းကဆရာတော်ပေါ့လေ။ ဆရာတော်ကားနဲ့ပဲ ဆီဆိုင်မြို့ဘက်ကို အလာမှာ အောင်ကလပ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဝိုင်းပစ်လိုက်တာ။ ဆရာတော် ပျံလွန်တော်မှုသွားတယ်။ အခြားဆရာတော် ၂ ပါးလည်း ဒဏ်ရာရတယ်။ ဘာအကြောင်းကြောင့် ပစ်တာလဲတော့ မသိဘူး” ဟု ၎င်းကပြောသည်။

ယခင်တွင် စစ်ကောင်စီတပ်သည် လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ထီးစဲခါးရေတံခွန်မှ ဘုန်းကြီးကျောင်းကို ထိမှန်ကာ ကျောင်းဆရာတော်မှ လက်နက်ကြီးပစ်ခတ်ခြင်းမပြုလုပ်ရန် စစ်ကောင်စီတပ်ကို သွားရောက်မေတ္တာရပ်ခံခဲ့ဖူးကြောင်း ဆီဆိုင်မြို့ဒေသခံတစ်ဦးက ပြောပြသည်။ 

ထို့အပြင် ယမန်နေ့ နံနက် ၄ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ ၂ စင်းဖြင့် မောက်မယ်မြို့နယ် ဟိုနမ့်ဒေသက ကျေးရွာ ၂ ရွာကို ဗုံးကြဲခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ၏ ပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မနေ့ မနက်တုန်းကတော့ မောက်မယ်မြို့နယ် ဟိုနမ့်ဒေသက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စင်းနဲ့ နှစ်ကြိမ်ဗုံးလာကြဲသွားတယ်။ တစ်ကြိမ်ကို ဗုံး ၇ လောက် ကြဲချသွားတယ်။ လူထိခိုက်သေဆုံးမှုတော့မရှိဘူး။ နေအိမ် ၁၀ ကျော်တော့ ပျက်စီးသွားတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့ PNO တို့ စစ်ကြောင်းထိုးနေလျက်ရှိပြီး တိုက်လေယာဉ်နှင့် ဒရုန်းများကို အသုံးပြုကာ ကျေးရွာများကို ဗုံးကြဲခြင်း၊ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း ဆိုးဆိုးဝါးဝါးပြုလုပ်လာနေကြောင်း ခွန်ရိန်းယံက ဆက်ပြောသည်။ 

ထိုတိုက်ပွဲနှင့်ပတ်သက်၍ ပအိုဝ်းပြည်သူ့စစ် PNO ဘက်ကတော့ မောက်မယ်ဒေသသည် PNO နယ်မြေ ဖြစ်သောကြောင့် ကျူးကျော်လာသည့် PNLAကို မောင်းထုတ်ခြင်းဖြစ်ပြီး NCA လက်မှတ်ထိုးထားသည်ကို ဖျောက်ဖျက်သည့်အတွက် ဝင်ရောက်ထိုးစစ်ဆင်ရခြင်းဖြစ်ကြောင်း PNO အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို နိုဝင်ဘာလ ၂၈ ရက်နေ့ကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...