သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ မှလက်နက်ကြီး ရမ်းတမ်းပစ်ခတ်ပြီးနောက် ကျေးရွာနေ ဒေသခံများအတွက် စိုးရိမ်နေရကြောင်း သိရသည်။
ဖယ်ခုံမြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၄၂၁ တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်ထိ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဖယ်ခုံ အရှေ့ဘက်ခြမ်းကျေးရွာများ အတွက်ဒေသခံများ စိုးရိမ်းနေရကြောင်း အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“မြို့ထဲမှာတော့ အခြေနေကောင်းပေမဲ့ ဒီဖယ်ခုံအရှေ့ဖက်ခြမ်း ကုန်းပေါရွာဖက်တွေ ကတော့ လက်နက်ကြီး ပစ်ပြီးကတည်းက သွားလာရတာကြောက်ရတယ်။ အရင်တိုက်ပွဲတွေ ဖြစ်ခဲ့လို့ပေါ့ လေယာဉ်တွေနဲ့ ဗုံးလာကြဲမှာ ကိုထပ်ပြီးစိုးရိမ်နေရတာ။အရှေ့ဖက်ခြမ်းကရွာတွေပါပဲ စိုးရိမ်နေရတာကတော့”ဟု အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲသည့် နိုဝင်ဘာလ ၂၈ နှင့် ၂၉ ရက် ဖယ်ခုံမြို့အတွင်းရှိ စစ်ကောင်စီတပ်မှ အရှေ့ဘက်းခြမ်း ကုန်းပေါကျေးရွာသို့ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ကလေးအပါအဝင် ဒေသခံ ၆ ဦးသေဆုံးပြီး၊ ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်မှ ဖယ်ခုံ၊ လွိုင်ကော်နှင့် မိုးဗြဲဘက်သို့ စစ်အင်အား အလုံးအရင်းဖြင့် အင်အားဖြည့်တင်းနေပြီးနောက် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့နှင့် တင်မာမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။












Leave a Comments