Saturday, January 31, 2026

စစ်ကောင်စီ

မိုင်းဆတ်မြို့နယ် ထွေအုပ်စာရေး သတ်ခံရပြီး ၁လ ကျော်ကြာ ၎င်းအမျိုးသမီးနှင့် ကလေးနှစ်ဉီး ယနေ့ထိပျောက်ဆုံးနေ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ထွေအုပ်စာရေး ဖြစ်သူ ဦးငွေစိုးသန်း သေဆုံးပြီး တစ်လကျော်အကြား ၎င်း အမျိုးသမီး နှင့် ကလေးနှစ်ဉီးသည် ယနေ့ထိ ပျောက်ဆုံးနေသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ရက်တွင် မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးမှူး ၏ ထွေအုပ်စာရေး ဖြစ်သူ...

တောင်ကြီးမြို့လယ်ခေါင် အရပ်ဝတ် အမျိုးသားတစ်ဉီး သည် အရပ်သားတစ်ဉီးကို သေနတ်ဖြင့် ခြိမ်းခြောက်ရိုက်နှက်

သျှမ်းပြည်မြို့တော် တောင်ကြီးတွင် အရပ်ဝတ်စုံဖြင့် အမျိုးသားတစ်ဉီးသည် လက်နက်ကိုင်ဆောင်ပြီး ပြည်သူတစ်ဉီးကို ခြိမ်းခြောက်ရိုက်နှက်သွားခဲ့ကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၉ ရက်) နေ့လည်ပိုင်းတွင် တောင်ကြီးမြို့ မင်းကျောင်းဘုန်းကြီးကျောင်းအနီး ကားမောင်းလာသော လူငယ် ၂ ဦးအား အရပ်ဝတ်လက်နက်ကိုင်တစ်ဦးမှ ၎င်း၏ဆိုင်ကယ်အားကျော်တက်သည်ဟုဆိုကာ ကားရပ်ခိုင်းပြီး သေနတ်ဖြင့်ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း...

ညောင်ရွှေမြို့ ရေပူကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးပျက်စီး

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNO) တပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးပျက်စီးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ဇန်နဝါရီလ အတွင်း စစ်ကောင်စီတပ်နှင့် PNO တပ်ဖွဲ့တို့သည် ရေပူကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်ရာ ၂ ကြိမ်ရှိပြီး ဒေသခံနေအိမ် ၃ လုံးပျက်စီးသွားကြောင်း...

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် တရုတ်နှစ်သစ်ကူး နားလည်မှုဖြင့် ယာဉ်ဖြတ်သန်းသွားလာနိုင်

သျှမ်းပြည် မူဆယ်မြို့နယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တွင် တရုတ်နှစ်သစ်ကူးကာလ နားလည်မှုဖြင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း ယာဉ်ဖြတ်သန်းသွားလာနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၂၉ ရက်) တွင် ကျရောက်သည့် တရုတ်နှစ်သစ်ကူးနေ့ နားလည်မှုဖြင့် ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို စစ်ကောင်စီတပ်က ပြည်ထောင်စုလမ်းမကြီးအတိုင်း...

ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် အမျိုးသမီးများကို ခေါ်ယူရန်အစီအစဉ်မရှိသေးဆိုသည့် သတင်းအမှား

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများအား ခေါ်ယူရန်အစီအစဉ်မရှိဘဲ သတင်းမှားများ ပျံ့နှံ့နေခြင်းသာဖြစ်သည်ဟု ဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဇန်နဝါရီလ ၂၉ ရက်တွင် ဖြန့်ချိခဲ့ပြီး “အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်ပြီး ခေါ်ယူရန် အစီအစဉ်မရှိသေးပါ” ဟု...

တောင်ကြီးမှာ အမျိုးသမီးစစ်မှုထမ်းစာရင်း စတင်ကောက်ခံ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီမှ အမျိုးသမီးများကို စစ်မှုထမ်းစာရင်း စတင်ကောက်ခံနေကြောင်း မြို့ခံများထံမှ သိရသည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် အမျိုးသား နည်းတန်းတူ စစ်မှုထမ်းဆောင်ရန် ဇန်နဝါရီလ မှ စပြီး အမှတ်စဉ် (၁)အတွက် စစ်ကောင်စီ မှ အမျိုးသမီးစစ်မှုထမ်းစာရင်းများ ကောက်ခံနေသည်။ ယခုရက်ပိုင်းအတွင်း တောင်ကြီးမြို့၊ ဖာမွန်ရွာတွင် အသက်(၁၈-၃၅)...

ဆိုက်ဘာလုံခြုံရေး ဉပဒေ ကြောင့် အွန်လိုင်းလုပ်ကိုင်သူအတွက် ပိုခက်ခဲလာ

စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီ (၁) ရက်တွင် အတည်ပြု ပြဋ္ဌာန်းလိုက်ပြီးနောက် သျှမ်းပြည်တဝှမ်းတွင် မိုဘိုင်းလ်အော်ပရေတာများ၏ ဖုန်းဒေတာဖြင့် အသုံးပြုသည့် အင်တာနက်မြန်နှုန်းမှာ နှေးကွေးပြီး ဆိုရှယ်မီဒီယာ လူမှုကွန်ယက်များ အသုံးပြုရန် VPN ချိတ်ဆက်ရာ၌ ပိုမိုခက်ခဲလာကြောင်း ဒေသနေ လူငယ်များက ပြောသည်။ စစ်ကောင်စီက ယခုပြဋ္ဌာန်းလိုက်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေမှာ...

မိုးဗြဲမြို့တွင် စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံး

သျှမ်းပြည် မိုးဗြဲမြို့တွင် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံးသွားကြောင်း သိရသည်။ ယမန်နေ့(ဇန်နဝါရီ ၂၇ ရက်)နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသား ၃ ဦး သေဆုံးသွားပြီး...

ရွာငံတွင် စစ်ကောင်စီတပ်သားများ သေနတ်ဖောက်ခြိမ်းခြောက်နေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဖက် ကျေးရွာများတွင် စစ်တပ်မှ ကျေးရွာအလိုက် တပ်စွဲကာ သေနတ်ဖောက်ခြိမ်းခြောက်နေသည်ဟု ဒေသခံများထံမှသိရသည်။ ရွာငံမြောက်ဘက် ကျေးရွာများတွင် အင်အား(၆၀) ခန့်ရှိသည့် စစ်ကောင်စီတပ်များက တပ်စွဲနေထိုင်နေပြီး အနီးနားတောတောင်ဘက်တွင်ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်မှ စပြီး စစ်ကြောင်းထိုးနေသည်ဟု ဒေသခံများထံမှ သိရသည်။ ထိုသို့ စစ်ကြောင်းထိုးရာတွင် ဒေသခံများကို သေနတ်ဖောက်ခြိမ်းခြောက်မှုကြောင့်...

ကျောက်မဲမြို့နယ် ယခုလအတွင်း တတိယအကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်ဖွဲ့သည် ယခုလ ( ဇန်နဝါရီ) အတွင်း တတိယအကြိမ်မြောက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၇) ရက် နေ့လည် ၂ နာရီဝန်းကျင် ကျောက်မဲမြို့အတွင်းရှိ မြို့တော်ခန်းမ အနီးတဝိုက်ကို စစ်ကောင်စီကမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်မဲမြို့...

Latest news