သျှမ်းပြည်အရှေ့ပိုင်းတွင် စက်သုံးဆီ ၁ လီတာ ဘတ်တစ်ရာ (၁၃၅၀၀) ကျပ် ထိ ဈေးပေါက် ရှာဝယ်ရန်ခက်ခဲ

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့နေသော စက်သုံးဆီများ ရပ်ဆိုင်းလိုက်ပြီး‌နောက် သျှမ်းပြည် အရှေ့ပိုင်းတကြော စက်သုံးဆီ စျေးနှုန်း အဆမတန် မြင့်တက်လာကြောင်း စုံစမ်းသိရသည်။

ထိုင်းနိုင်ငံမှ ကျားဖြန့်(အွန်လိုင်းလောင်းကစား)များနှိမ့်နင်းရေးဆိုသည့်ခေါင်းစဉ်ဖြင့် မြန်မာ-ထိုင်းနိုင်ငံ နယ်စပ်သို့ တင်ပို့နေသော လောင်စာဆီ၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီးများကို ယမန်နေ့ (ဖေဖော်ဝါရီ ၅)ရက် နံနက်ပိုင်းမှစတင်ပြီး ဖြတ်တောက်ခဲ့သည်။

ထို့ကြောင့် သျှမ်းပြည် အရှေ့ပိုင်းဒေသ တကြောတွင် စက်သုံးဆီများကို အလုအယက်ဝယ်ယူမှုကြောင့် စက်သုံးဆီဆိုင်အကြီးများ ပိတ်ထားရသည့်အဆင့်ဖြစ်သွားသည့်အပြင် မြန်မာနိုင်ငံသို့ တင်ပို့မည့် စက်သုံးဆီများလည်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်ခြမ်းတွင် သောင်တင်နေကြောင်း တာချီလိတ်မြို့ ဒေသခံများပြောပြချက်အရသိရသည်။

ထိုအဖြစ်အပျက်များကြောင့် လက်ရှိတွင် တာချီလိတ်မြို့အတွင်း စက်သုံးဆီများ ဝယ်ယူရန် ခက်ခဲသွားပြီး၊ စက်သုံးဆီများကို ရေသန့်ဗူးထဲတွင် ထည့်ပြီး တစ်လီတာလျှင် ဘတ် (၁၀၀) မြန်မာငွေကာလပေါက်စျေး ၁၃၅၀၀ ကျပ်ထိရှိကြောင်း တာချီလိတ်မြို့ ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အိမ်ရဲ့ လမ်းကြားလမ်းရှေ့မှာတောင် ဝယ်ထာတဲ့ ဆီတွေကို ဈေးပြန်တင်ရောင်းနေ တာရှိတယ်။ အဲ့ကိုကာကိုလာ ဗူးကြီး (၁လီတာရှိ) နဲ့ ပြန်ရောင်းနေတာ အပြည်လည်းမပါဘူး။အဲ့တာတစ်ဗူးကို ၁၀၀ ဘတ်က နေ ၂၀၀ ဘတ်လောက်ပေးရတယ်။ “ဟု ၎င်းအမျိုးသမီး ကပြောသည်။

လက်ရှိ တာချီလိတ်မြို့အတွင်း စက်သုံးဆီဆိုင်အများစု ပိတ်ဆိုင်းထားရပြီး၊ အချို့ စက်သုံးဆီဆိုင်များသည် ဆိုင်ကယ်၊ ကားဖြင့် ကိုယ်တိုင်လာဝယ်လျှင် ထည့်ပေးကြောင်း၊ သို့သော်ကား၊ဆိုင်ကယ်တန်းရှည်သဖြင့် အလွန်ပင် အခက်တွေ့နေရကြောင်းလည်း ၎င်းအမျိုးသမီး ဆိုသည်။

တာချီလိတ်မြို့တွင် ယခင် စက်သုံးဆီ တစ်လီတာလျှင် ဘတ် ၃၀ ဝန်းကျင်တွင်ရှိပြီး လက်ရှိတွင် စက်သုံးဆီတစ်လီတာလျှင် ဘတ် ၁၀၀ နှင့် အထက်ပေးဝယ်နေရကြောင်း ဒေသခံများကပြောသည်။

အလားတူ မိုင်းဆတ်မြို့နယ် နှင့် မိုင်းတုံမြို့နယ်တို့တွင်လည်း စက်သုံးဆီများကို အလုအယက် ဝယ်ယူနေကြ ပြီး ပုံးဖြင့်ရောင်းချမှုကို ပိတ်ပင်လိုက်သည့်အပြင် ယမနေ့ ဖေဖော်ဝါရီလ ၅ ရက်တွင် စက်သုံးဆီရောင်းသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးခံရသည်။

ထိုင်နိုင်ငံမှလာသော စက်သုံးဆီများကို မယ်ဆိုင်မြို့မှ တစ်ဆင့် မြန်မာနိုင်ငံ တာချီလိတ် ၏ မြန်မာ – ထိုင်း ချစ်ကြည်ရေး တံတားမှ သယ်ယူပို့ဆောင်မှုများပြုလုပ်ခဲ့ပြီး၊လက်ရှိတွင် စက်သုံးဆီတင်သွင်းမှုကို ပိတ်ပင်ထားသည့်အတွက် ဆီဘောက်ဆာကားများ မယ်ဆိုင်ဘက်ခြမ်းတွင် ရပ်ထားရကြောင်း သိရသည်။

ကျားဖြန့်ငွေလိမ်ဂိုဏ်းနှိမ်နင်းရေးအတွက် ရည်ရွည်ပြီး ထိုင်းအာဏာပိုင်များမှ ထိုင်း-မြန်မာ နယ်စပ် ၅နေရာတွင် လျှပ်စစ်မီးနှင့် လောင်စာဆီ တင်ပို့မှုကို ရုတ်တရတ်ပိတ်ချလိုက်ခြင်းဖြစ်ပြီး တာချီလိတ်၊ မြဝတီနှင့် ဘုရားသုံးဆူနယ်စပ်တို့ ပါဝင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...