စစ်ကောင်စီမှ မိုးဗြဲမြို့ကို ပြည်လည်ထိန်းချုပ်နိုင်ရန် တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေ

သျှမ်းပြည်တောင်ပိုင်း၊ သျှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက် လာသောကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)မှ ထိတွေ့တိုက်ပွားဖြစ်နေသည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ( ၅ )ရက်တွင် စစ်ကောင်စီတပ်နှင့် KNDF တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်ဟု ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့က တိုက်ပွဲဖြစ်ပွားပြီးတော့ ညအချိန်မှာ Y12 လေယာဉ်နဲ့ လက်နက်ကြီးလာချတာ နေအိမ်တွေ ပျက်စီးသွားတာတွေရှိတယ်။မီးလောင်သွားတာလည်းရှိတယ်။အကုန်တော့ အတည်မပြု နိုင်သေးဘူး။ လူထိခိုက်မှုတော့ မရှိဘူး။” ဟု အဆိုပါ ကယ်ဆယ်ရေးလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲသည် မိုးဗြဲမြို့ မြောက်ဖက် အစပ်နားတွင် တိုက်ပွဲဖြစ်ပွားနေပြီး မြို့ထဲတွင် လူမနေတော့ သောကြောင့် ထိခိုက်သေဆုံးမှု မရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် မိုးဗြဲမြို့တွင်လူဦးရေ (၃သောင်း) ကျော်ရှိပြီး အဆိုပါ ပြည်သူများအားလုံး နီးစပ်ရာ ပင်လောင်းနှင့် ဖယ်ခုံဖက်ခြမ်းတွင် ရှောင်တိမ်းနေကြသည်။

ထို့အပြင် စစ်ကောင်စီ ထိုးစစ်ဆင် တိုက်ခိုက်နေသာ မိုးဗြဲမြို့ တိုက်ပွဲတွင် စစ်မှုထမ်းဟောင်းမပါဘဲ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၆)မှ လူသစ်များ အများအပြား သေဆုံးထိခိုက်ကြောင်း သတင်းရင်းမြစ်တစ်ဦး ထံမှ သိရသည်။

“ဒီတစ်ခေါက်ထိုးစစ်ဆင်တဲ့အထဲမှာ စစ်မှုထမ်းဟောင်းတွေ မပါဘူး။ လူသစ်တွေချည်းပဲ။ အမှတ်စဉ်(၆)ကလို့ သိရတယ်။ ထိုးကျွေးခံရတာပေါ့ဗျာ။” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရင် တကျော့ပြန် ထိုးစစ်ဆင်နေပြီး ခမရ (၄၂၂)တပ်မှ ဇန်နဝါရီလ (၄)ရက်နေ့မှ စပြီး ယနေ့ထိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တစ်လ အတွင်း ကရင်နီပြည်နယ်နှင့် နယ်စပ်ဖြစ်သည့် လွိုင်ကော်၊ ဘော်လခဲ၊ဖားဆောင်း၊ မိုးဗြဲ နှင့် ဆီဆိုင်တို့တွင် စစ်ကောင်စီနှင့် KNDFတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၃၀) ကျော် သေဆုံးကာ၊ (၁၀)ဉီး လက်နက်ချ အလင်းဝင်ခဲ့ကြောင်း KNDFက ထုတ်ပြည်ထားသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့ကို ပြန်လည်ရယူရန် မြေပြင်မှာသာမက လေကြောင်းတိုက်ခိုက်မှုပါလုပ်ဆောင် နေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...