ကွန်ဟိန်းမြို့နယ်တွင် စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ ငွေညစ် တောင်ခံနေ

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ၍ ငွေညစ်တောင်းခံ နေကြောင်း သတင်းရရှိသည်။

ကွန်ဟိန်းမြို့‌ပေါ်ကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၄ နှစ် နှစ်လည် လောက်မှ စတက်၍ ပြည်သူ့စစ်မှုထမ်းရန် ငွေကြေး ကောက်ခံသည့်အပြင်၊ စစ်အသုံးစရိတ်ဟုဆိပြီး ခေါင်းစဉ်တပ်ကာ ငွေညစ်‌တောင်းခံမှုများ ပြုလုပ်နေကြောင်း ကွန်ဟိန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က စစ်အသုံးစရိတ်တွေလို့ပြောပြီး ကောက်နေတာ ကျမတို့က ၃ သောင်းထည့်ရတယ်။ လတိုင်းလိုလိုကို ကောက်လာခဲ့တာ။တစ်အိမ်နဲ့တစ်အိမ်ကလည်း မတူပြန်ဘူး။အချို့အိမ်တွေကလည်း ၇ သောင်းလောက် ထည့်ရတယ်။တစ်လတစ်လကို သူတို့အသုံးစရိတ်တွေ စစ်မှုထမ်းကိစ္စတွေကော အဲ့လိုတွေလ တိုင်းထည့် နေရတာ။”ဟု ကွန်ဟိန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ နိုင်ငံရေးမတည်ငြိမ်သည့်အပြင် တဖက်တွင်လည်း ကုန်ပစ္စည်းဈေးနှုန်းများတက်နေပြီး ယခုကဲ့သို့ စစ်ကောင်စီမှ အကြောင်းအမျိုးမျိုးပြ၍ငွေညစ်တောင်းခံနေသည့်အတွက် ဒေသခံများအခက်အခဲကြုံတွေ့ နေရကြောင်း ကွန်ဟိန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆက်‌ဆိုသည်။

“လတိုင်းပဲ သူတို့လာကောက်ရင်ပေးနေရတာ မတက်နိုင်ဘူး။အလုပ်နဲ့ ဝင်ငွေ တွေက သိပ်မရှိတော့ အိမ်တိုင်းလိုလိုကို ငြီးနေကြရတယ်။တချို့ အိမ်မှာမရှိတာတောင် ထည့်ရတယ်။တစ်လတစ်လကို ၁ သိန်းကျော်လောက်ထည့်နေရတာကို”ဟု ၎င်းကပြောသည်။

အလားတူပြီးခဲ့သည့် ဇန်နဝါရီလ တွင်လည်း စစ်ကောင်စီလက်အောက်ခံ နယ်မြေမှူးမှ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS / SSA) အတွက်ဟု နာမည်ခံပြီး ကျပ်ငွေ ၃ သောင်းမှ ၅ သောင်းဝန်းကျပ်အထိ ကောက်ခံမှုများရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

“စစ်ကောင်စီတွေ ဒီလို စစ်မှုထမ်းဖို့၊ စစ်အသုံးစရိတ်တွေ အတွက်ဆိုပြီး ငွေကောက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သတ် ရင်တော့ ကျနော်တို့ RCSS နဲ့ သက်ဆိုင်မှုက လုံးဝမရှိပါဘူးဗျ။ဘာမှ ပတ်သက်မှ လည်းမရှိပါဘူး။ ပြည်သူ့တွေ မပေးမှာကြောက် လို့ကျနော်တို့ရဲ့ နာမည်ကိုသုံးပြီး ကောက်တာလားတော့ မပြောတက်ပါဘူး။”ဟု RCSS ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကွန်ဟိန်းမြို့တွင် တိုက်ပွဲဲဖြစ်ပွားခြင်းမရှိကာ ၎င်းဒေသတွင် စစ်ကောင်စီတပ်၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းတပ်မတော် (RCSS / SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ သွားလာလုပ်ရှားနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...