Wednesday, January 28, 2026

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ရွှေမြို့နယ် ပြည်သူ ၂ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

သျှမ်းပြည် ညောင်ရွှေမြို့နယ် ဘုရားတောင် လွယ်နွဲ့ကျေးရွာနှင့် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့သည် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၇ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့သည် အင်းအနောက်ဘက်ခြမ်းရှိ သစ်ပင်ကောက်ရွာမှနေ၍ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်လာခြင်းကြောင့် ဘုရားတောင် လွယ်နွဲ့ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ် သစ်ပင်ကောက်ရွာသည် ဘုရားတောင် လွယ်နွဲ့ကျေးရွာနှင့် အင်းရေကန်တစ်ခု ခြားထားသည်။

“အခုရွာမှာက စစ်ရှောင်နဲ့ ရွာခံပြည်သူတွေပဲရှိတာပါ။ သူတို့က ရည်ရွယ်ချက်ရှိရှိကို ပစ်တာ” ဟု ဘုရားတောင် လွယ်နွဲ့ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း အသက် ၇၄ နှစ်အရွယ် ဦးပြားသည် ပွဲချင်းပြီး သေဆုံးကာ အသက် ၂၇ နှစ် မေသူဆွေနှင့် အသက် ၄၈ နှစ် မမီးပုံ့ တို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

အလားတူ ယနေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ဘုရားတောင် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်နှင့် PNO တို့သည် လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်သော အသက် ၄၄ နှစ် ကိုဖိုးဝလည်း ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

ထို့ပြင် အသက် ၅၇ နှစ် ဦးကျော်သည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဒေါ်ငဲသီ၊ ကျော်စွာဝင်း၊ ကိုးသားပု၊ ကိုလွမ်းမို့တို့မှာ ဒဏ်ရာအသီးသီး ရရှိခဲ့သည်။

လက်ရှိ ညောင်ရွှေမြို့နယ် ဘုရားတောင် လွယ်နွဲ့ကျေးရွာအတွင်း နေထိုင်သော စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများသည် လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် လုံခြုံရေးစိုးရိမ်ပြီး စံကားကျေးရွာနှင့် လုံကန်ကျေးရွာဖက်သို့ တိမ်းရှောင်နေရကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNA တို့ လက်နက်ကြီးမှုကြောင့် ဇန်နဝါရီလ ၁ လအတွင်း အရပ်သား ၃ ဦးသေဆုံးကာ၊ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...