စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ရွှေမြို့နယ် ပြည်သူ ၂ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

သျှမ်းပြည် ညောင်ရွှေမြို့နယ် ဘုရားတောင် လွယ်နွဲ့ကျေးရွာနှင့် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့သည် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၇ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့သည် အင်းအနောက်ဘက်ခြမ်းရှိ သစ်ပင်ကောက်ရွာမှနေ၍ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်လာခြင်းကြောင့် ဘုရားတောင် လွယ်နွဲ့ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ် သစ်ပင်ကောက်ရွာသည် ဘုရားတောင် လွယ်နွဲ့ကျေးရွာနှင့် အင်းရေကန်တစ်ခု ခြားထားသည်။

“အခုရွာမှာက စစ်ရှောင်နဲ့ ရွာခံပြည်သူတွေပဲရှိတာပါ။ သူတို့က ရည်ရွယ်ချက်ရှိရှိကို ပစ်တာ” ဟု ဘုရားတောင် လွယ်နွဲ့ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း အသက် ၇၄ နှစ်အရွယ် ဦးပြားသည် ပွဲချင်းပြီး သေဆုံးကာ အသက် ၂၇ နှစ် မေသူဆွေနှင့် အသက် ၄၈ နှစ် မမီးပုံ့ တို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

အလားတူ ယနေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ဘုရားတောင် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်နှင့် PNO တို့သည် လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်သော အသက် ၄၄ နှစ် ကိုဖိုးဝလည်း ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

ထို့ပြင် အသက် ၅၇ နှစ် ဦးကျော်သည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဒေါ်ငဲသီ၊ ကျော်စွာဝင်း၊ ကိုးသားပု၊ ကိုလွမ်းမို့တို့မှာ ဒဏ်ရာအသီးသီး ရရှိခဲ့သည်။

လက်ရှိ ညောင်ရွှေမြို့နယ် ဘုရားတောင် လွယ်နွဲ့ကျေးရွာအတွင်း နေထိုင်သော စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများသည် လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် လုံခြုံရေးစိုးရိမ်ပြီး စံကားကျေးရွာနှင့် လုံကန်ကျေးရွာဖက်သို့ တိမ်းရှောင်နေရကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNA တို့ လက်နက်ကြီးမှုကြောင့် ဇန်နဝါရီလ ၁ လအတွင်း အရပ်သား ၃ ဦးသေဆုံးကာ၊ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...