စစ်ကောင်စီ
တောင်ကြီး – ဟိုပုံး လမ်းဘေးရှိ အိမ်ရာစီမံကိန်း မြေကွက်အရောင်းဖွင့်ပွဲလုပ်မည့်အပေါ် ဒေသခံများ ကန့်ကွက်
သျှမ်းပြည် တောင်ကြီး - ဟိုပုံး ပြည်ထောင်စု ကားလမ်းဘေးရှိ TBC ကားရပ်နားစခန်း၏ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှ ထင်းရှူးတောကို အိမ်ရာစီမံကိန်း ဂရန်အမည်ပေါက် မြေကွက်အရောင်းဖွင့်ပွဲ ပြုလုပ်မည့်အပေါ် ဒေသခံများက ကန့်ကွက်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မေလ ၂၂) ရက်တွင် Shwe Property page...
ပန်ဆိုင်းမြို့ လဝက မှတ်ပုံတင် လုပ်ရန် ပိုက်ဆံ ကျပ်သိန်းချီ တောင်းယူနေ
သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့ (ကြူကုတ်) တွင် ဒေသခံများ မှတ်ပုံတင် လုပ်ဆောင်ရန်အတွက် လူဝင်မှု ကြီးကြပ်ရေးမှူးရုံး (လဝက) မှ ပိုက်ဆံ ကျပ်သိန်းချီ တောင်းယူနေကြောင်း သတင်းသိရသည်။ ယခင်အချိန်များတွင် ဒေသခံများအနေဖြင့် မှတ်ပုံတင် လုပ်ပါက ငွေကျပ် တစ်သောင်းခန့်သာ ကုန်ကျ သော်လည်း လက်ရှိ...
အသက်ရင်းပြီး တိုက်နေရတဲ့ လူငယ်တွေကို ထောက်ပံ့ကူညီပေးပါ
သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် နယ်စပ်မှာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ၃ လကြာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေလျက်ရှိပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက် ကစ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ယနေ့အချိန်ထိ ပြင်းထန်နေပြီး စစ်ကောင်စီကလည်း...
မိုးဗြဲ ပီကင်းလမ်းပေါ် သားအဖနှစ်ဦး သေနတ်ပစ်ခတ်ခံရ၊ အဖေဖြစ်သူ သေဆုံး
သျှမ်း - ကရင်နီ (ကယား) နယ်စပ် မိုးဗြဲမြို့ ပီကင်းလမ်းပေါ်တွင် သားအဖနှစ်ဦး သေနတ်ပစ်ခတ်ခံရပြီး အဖေဖြစ်သူ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ Photo: Aung Moe Myint ယမန်နေ့ (မေလ ၂၂) ရက် နေ့လယ်ပိုင်းအချိန်၌ နေအိမ်သို့ ပြန်စဉ် လမ်းတွင် ၎င်းတို့...
လိမ်လည်ခေါ်ဆောင်ခံရသည့် တန့်ယန်းမြို့မှ ကလေးငယ် ၃ ဦးအနက် တစ်ဦးကို UWSA ထိန်းချုပ်နယ်မြေမှာ ပြန်တွေ့
သျှမ်းပြည် တန့်ယန်းမြို့မှ လိမ်လည်ခေါ်ဆောင်ခံရသည့် အသက်မပြည့်သေးသည့် ကလေးငယ် ၃ ဦးအနက် အမျိုးသမီးငယ်တစ်ဦးကို "ဝ" UWSA တပ်ဖွဲ့ ထိန်းချုပ်သည့် မိုင်းပေါက်မြို့ ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၁၅ ရက်တွင် တန့်ယန်းမြို့ ရပ်ကွက် ၁ အတွင်း နေထိုင်သည့်...
မိုင်းကိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦး ပစ်သတ်ခံရ
သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လွယ်ယန်းကျေးရွာ ဒေသခံတစ်ဦး တောထဲသွားစဉ် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက် လွယ်ယန်းကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးသည် တောထဲ ကျွဲသွားကျောင်းချိန်တွင် လည်ပင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။ “ သူတောထဲမှာ ကျွဲသွားကျောင်းတာတဲ့။ အဲနေ့ကတည်းက ပြန်မလာတော့ဘူး။...
နမ္မတူမြို့နယ်အတွင်း ရာသီတုပ်ကွေးကြောင့် ဖျားနာသူ များနေ
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စု ကောင်းဆာကျေးရွာအတွင်းတွင် ရာသီတုပ်ကွေး ဖျားနှာ၊ ချောင်းဆိုးသူများလာကြောင်း သတင်းသိရသည်။ ကောင်းဆာကျေးရွာမှ ဒေသခံများသည် နှာစေး၊ ချောင်းဆိုး၊ ဖျားနာသူများအပြင် မျက်စိနာ ၊ လည်ချောင်းနာ ဝေဒနာ ခံစားနေရမှု များပြားနေကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစဖြစ်တော့ ဖျားသလိုလို...
လားရှိုးမြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း ရှော့တိုက်ဒုံးပစ်ခံရ
သျှမ်းပြည် လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာအုပ်စု စစ်မှုထမ်းဟောင်းရပ်ရှိ အစိုးရ နည်းပညာ အထက်တန်းကျောင်းတွင် ယနေ့ (မေလ ၂၂) ရက် နံနက် ၁ နာရီ အချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၂) ရက် နံနက်အစောပိုင်း ၁...
သွေးစွန်းလက်ကိုတွဲပြီး သွေးရင်းလက်ကိုချန်ခဲ့ပြီလား …..
ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်လာခဲ့တာ ဒီကနေ့ (မေ ၂၁) ရက်ဆိုရင် (၆၅) နှစ် တိုင်ခဲ့ပါပြီ။ ဒီ (၆၅) နှစ်တိုင် သျှမ်းအမျိုးသားအရေး၊ သျှမ်းလူမျိုးအရေး လို့ ကြွေးကြော်ခဲ့တဲ့ သျှမ်းပြည်တပ်မတော်တွေဟာ လက်ရှိမှာရော သျှမ်းလူထုအကျိုးကို ဘယ်လိုတွေ ဆောင်ရွက်နေလဲဆိုတာ ပြန်လည် ဆန်းစစ်သုံးသပ်သင့်တဲ့အချိန်တိုင် ပါပြီ။ လက်ရှိ...
မူဆယ်မြို့နယ် စစ်ကောင်စီ တပ်စခန်းအနီး TNLA ဝင်ရောက်အခွန်ကောက်
သျှမ်းပြည် မြန်မာ - တရုတ်နယ်စပ် မူဆယ်ခရိုင်၊ မူဆယ်မြို့မှ စယ်လန့် ကျေးရွာ ထိပ်နားတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့က လမ်းသွား လမ်းလာ ကားသမားများထံမှ အခွန်ကောက် ပိုက်ဆံတောင်းနေကြောင်း သတင်းသိရသည်။ အဆိုပါ TNLA တပ်ဖွဲ့မှ အခွန်ကောက်...





