Thursday, February 12, 2026

စစ်ကောင်စီ

ဒီးမော့ဆို အနောက်ဖက်ခြမ်းကို စစ်ကောင်စီမှ ဗုံးကြဲချ၊ KNDF မှ ရဲဘော် ၅ ဦးကျဆုံး

ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုအနောက်ဖက်ခြမ်းဒေသရှိ ကျေးရွာကို စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် ညဘက်အချိန်၌ ဗုံးကြဲချခြင်းကြောင့် KNDFမှ  ရဲဘော် ၅ ဦးကျဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။  မေလ ၂၄ ရက် ည ၉ နာရီခွဲအချိန်ခန့်၌ ဒီးမော့ဆို အနောက်ဖက်ခြမ်း ဒေသရှိ ကျေးရွာကို စစ်ကောင်စီမှ ဂျက်တိုက် လေယာဉ်တစ်စင်းဖြင့်...

မိုင်းပွန်မြို့နယ်မှ ဗိုလ်ကြီး တစ်ဦး ကရင်နီတိုက်ပွဲ တစ်ဦး သေဆုံး ၊အလောင်းပြန်မရ

သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းပွန်မြို့နယ် မှ ခြေမြန်တပ်ရင်း ၅၁၇ (ခမရ) မှ ဗိုလ်ကြီး တစ်ဦးသည် ကရင်နီပြည် တိုက်ပွဲအတွင်းတွင် သေဆုံးခဲ့ပြီး အလောင်းပြန်မရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၀ ရက် မနက်ပိုင်း ၅ နာရီတွင် ကရင်နီပြည် တိုက်ပွဲ၌ ဗိုလ်ကြီး...

အင်းလေးထဲက PDF နှင့် ဆက်စပ်သူကို စစ်ကောင်စီက အပြင်းအထန် လိုက်ရှာဖွေ ဖမ်းဆီးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသခံများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့်ဆက်စပ်မှု ရှိ၊ မရှိ စစ်ကောင်စီက အပြင်းအထန် လိုက်လံရှာဖွေပြီး ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၁ ရက် ည ၈ နာရီကျော်တွင် မိုးချုပ်ပြီး လူသံများ တိတ်တဆိတ် ဖြစ်နေသည့်အချိန်...

မိုင်းဝီးက လယ်ယာသွားသည့် ပြည်သူများကို TNLA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသအတွင်းတွင် လယ်ယာသွားသည့် ဒေသခံများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် လယ်ယာတဲ အတွင်း အိပ်နေသည့် ဒေသခံများ နှင့်...

စာသင်ခန်းတွင် နိုင်ငံရေးအကြောင်း မသင်ကြားရန်အတွက် စစ်ကောင်စီမှာကြား

ယခု ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းဆရာ ၊ ဆရာမ များကို နိုင်ငံရေး အကြောင်း မသင်ကြားရန်အတွက် စစ်ကောင်စီက မှာကြားထားကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ် အာဏာသိမ်း ၂ နှစ် နောက်ပိုင်း စာသင်ကျောင်းတွင် နိုင်ငံရေး မသင်ကြားရန် နှင့် ကျောင်းသားများကို နိုင်ငံရေး...

သျှမ်းတပ် (၂) တပ် ကြောင့် လဲချားမြို့နယ် ရွာပျက်ထိဖြစ်လာ

သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ (၂) ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လဲချားမြို့နယ်အတွင်းရှိ ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ရွာပျက်ဖြစ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ကာ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) ဖွဲ့ သည် တိုက်ပွဲဖြစ်ပွားကာ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေကြောင်း၊ ထိုတိုက်ပွဲများကြောင့် ကျေးရွာပြည်သူများသည် လဲချားမြို့ပေါ် နှင့် ထိုင်းနိုင်ငံဘက်သို့...

သျှမ်းတပ်အချင်းချင်း တိုက်ခိုက်မှုကို မလိုလားသဖြင့် သျှမ်းလူငယ်များ သျှမ်းစစ်သားမလုပ်လို

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင် သျှမ်းတပ်မှ တပ်သားသစ် အတွက် ဒေသခံ လူငယ်များ လာရောက်ဖမ်းဆီးခေါ်ဆောင်ရာ သျှမ်းတပ် အချင်းချင်း တိုက်ခိုက်မှုကို မလိုလားသည့်အတွက် တပ်သားသစ် စုဆောင်းမှုတွင် မပါချင်ကြောင်း စုံစမ်းသိရသည်။ “အရင်ကတော့ တစ်ရွာ၊ တစ်ရပ်ကွက်ကို ဘယ်လောက်ဆိုပြီးတော့ စာရင်းချပေးတာ။ အခုတော့ သူတို့...

ဆီဆိုင်မြို့နယ် စစ်ရှောင် စားစရာမရှိ၊ အိမ်တိုင်ရောက် တောင်းစားနေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် သျှမ်း - ကယားနယ်စပ်ဒေသရှိ စစ်ဘေးရှောင်များ စားစရာ မရှိသဖြင့် ဒေသခံများထံ အိမ်တိုင်ရောက် ဆန်တောင်းစားနေရကြောင်း စုံစမ်းသိရသည်။ အောင်ကလပ်ရွာ မှ စစ်ဘေးရှောင် စစ်ဘေးရှောင်များသည် ထွက်ပြေးတိမ်းရှောင်လာချိန် ကြာလာသည်နှင့်အမျှ အလှူရှင်များထံမှ ကူညီထောက်ပံ့မှုများ ပုံမှန်မရရှိခဲ့ကာ အကူညီထောက်ပံ့မှု ပြတ်လပ်လာသဖြင့် အနီးအနားကျေးရွာရှိ...

သျှမ်းလက်နက်ကိုင် (၂) ဖွဲ့ကြောင့် ထိုင်းနယ်စပ်ထိ စစ်ရှောင်လာပြီး ကိုရင်ဝတ် ပညာဆက်သင်နေရ

သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် သျှမ်းလူထုများသည် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာရပြီး ကလေးများ ကိုရင်ဝတ်ကာ ပညာဆက်လက် သင်ကြားနေရကြောင်း စုံစမ်းသိရသည်။ သျှမ်းတပ် ၂ တပ်သည် သျှမ်းပြည်တောင်ပိုင်း ဆနင်းတောင်၊ လဲချား၊ မိုင်းကိုင်၊ မိုင်းနောင် နှင့် ကျေးသီး စသည့် ကျေးရွာများမှ...

မိုးဗြဲ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၃)ရက် ည ၉ နာရီခွဲဝန်းကျင်တွင် မိုးဗြဲမြို့ ရှိ စစ်ဘေးရှောင်စခန်းတည်နေရာတစ်ခုကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက်ကြောင့် ပြည်သူနေအိမ် ၂ လုံးပျက်စီးသွားခဲ့ကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူ တစ်ဦးက...

Latest news