မြို့ပြထိပါ လှုပ်ရှားလာတဲ့ တအာင်းတပ် TNLA

စစ်ဝတ်စုံ လက်နက် အပြည့်အစုံနဲ့ မြို့ပြကို ဦးတည်ပြီး အားမာန်နဲ့ ချီတက်လာကြသလို တချို့ကလည်း သစ်ပင်အောက်မှာ ထိုင်ခုံ နဲ့ ထိုင်နေတဲ့သူတွေလည်း တွေ့မြင်ရပါတယ်။

လားရှိုးမြို့ပေါ် TNLA စစ်သားများ ဝင်ရောက်လာစဥ်

ဒီမြင်ကွင်းကတော့ သျှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီ ရဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာမြို့ဖြစ်တဲ့ လားရှိုးမြို့ အနီးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့က ပြီးခဲ့တဲ့ မေ ၁၄ ရက်က ချီတက် လာတာပဲ ဖြစ်ပါတယ်။

TNLA စစ်သားဟာ လားရှိုးမြို့ ဧရိယာထဲကို အခုလို လက်နက်အပြည့်အစုံ၊ စစ်ဝတ်စုံနဲ့ ထင်ရှားပေါ်လွင်အောင် လာတာ မရှိခဲ့ဖူးပါဘူး။

အလားတူ မေ ၁၁ ရက် မနက် အာရုံတက်ချိန် (၄) နာရီဝန်းကျင် ကလည်း TNLA တပ်သားတွေဟာ လားရှိုးမြို့ပေါ်သို့ တက်လာပြီး တအာင်း (ပလောင်) လူမျိုးတွေသာမက သျှမ်းလူမျိုးတွေပါ စစ်သားသစ်စုဆောင်း ခေါ်ဆောင်သွားခဲ့ ပါသေးတယ်။

သျှမ်းမြောက် ကားလမ်းမပေါ် မှ TNLA စစ်သားများ တွေ့ရစဥ်

“TNLA တွေ အရင်က လားရှိုးမြို့ပေါ် စစ်ဝတ်စုံအပြည့် နဲ့ တက်လာတာတော့ မရှိဘူး။ ဒီလို တက်လာတဲ့ကိစ္စ စဥ်းစား စရာပါပဲ။ နောက်တခုက တအာင်းတပ်ထဲ စစ်သားမလုပ်ချင်လို့ မြို့ပေါ်ထွက်ပြေးလာတာကို လားရှိုးမြို့ပေါ်ထိ လာဖမ်းတာကတော့ လွန်တယ်” လို့ လားရှိုးမြို့ပေါ်သို့ ထွက်ပြေးနေထိုင်တဲ့ တအာင်း လူငယ် တစ်ဦး က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တိုင်းဟာ အသက်ပြည့်ပြီးတဲ့ အမျိုးသားတိုင်းဟာ စစ်မှုထမ်းရမယ်ဆိုတဲ့ ပေါ်လစီရှိထားကြပြီး၊ ခေတ်လူငယ် အချို့ဟာ မိသားစုစားဝတ်နေရေး ကိစ္စတွေကြောင့် စစ်မှုထမ်းဖို့ စိတ်မဝင်စားကြဘဲ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသလို အများစုဟာ ၂၀၁၆ ခုနစ် က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၂) ခုဖြစ်တဲ့ TNLA နဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့ပေါ်နဲ့ လားရှိုးမြို့ပေါ်သို့ ထွက်ပြေးလာကြတာ အခုထိတိုင်ပါပဲ။

TNLA တပ်ဖွဲ့များ

“ဒီသတင်းကို ကျနော်ကြားမိပါတယ်၊ လားရှိုးမြို့အထိ ရောက်နေတာကိုရော၊ ၊ တပ်သား စုဆောင်းတာက ကျနော်တို့ လှုပ်ရှားတဲ့ နယ်မြေထဲမှာ လုပ်ဆောင်တာတော့ ရှိပါတယ်။ ကျနော်တို့ ပေါ်လစီအရ အသက်ပြည့်ပြီးတဲ့သူတိုင်း စစ်မှုထမ်းရပါမယ်။ ခေါ်တဲ့ အချိန်မှာလည်း ကျနော်တို့ တအာင်း လူမျိုးကိုပဲ ခေါ်ပါတယ်၊ မဟုတ်တဲ့သူကို မခေါ်ပါဘူး” လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော် က သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့ပါတယ်။

သျှမ်းပြည်မြောက်ပိုင်းဟာ တရုတ်နယ်စပ် ကုန်သွယ်ရေးဇုံ တည်ရှိတဲ့ နေရာတစ်ခုဖြစ်သလို တဖက်မှာလည်း တရုတ်ပြည်သို့ သွယ်တန်းတဲ့ ရွှေဂတ်စ်ပိုက်လိုင်းကြောင်းကလည်းရှိတဲ့နေရာ တစ်ခုဖြစ်ပါတယ်။

အဲ့ဒေသတလျောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အများအပြား သွားလာလှုပ်ရှားသလို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ လည်း ကျင်လည်တဲ့ဒေသဖြစ်ပါတယ်။

စစ်အာဏာသိမ်းယူပြီး နောက်ပိုင်းမှာ သျှမ်းပြည်အတွင်းက မူရင်းရှိနေပြီးသား လက်နက်ကိုင် တပ်ဖွဲ့ တွေ အပြင် အာဏာသိမ်းမှုကို လက်နက်ကိုင် တော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေကလည်း ပေါ်ပေါက်လာ ပါတယ်။

သျှမ်းမြောက် ကားလမ်းမကြီးပေါ်မှာ တွေ့ရသည့် TNLA တပ်ဖွဲ့များ

ဒါပမယ့် TNLA တပ်ဖွဲ့ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အင်အားပိုကြီးလာပြီး လားရှိုးမြို့ပေါ်၊ နမ့်ခမ်းမြို့ပေါ်ထိ စစ်အင်အား လာပြမှုတွေလည်း ရှိပါတယ်။

“နမ့်ခမ်းမြို့မဈေးထဲကို TNLA က လက်နက်အပြည့်အစုံနဲ့ ၂ ရက် ဆက်တိုက်ဝင်လာတယ်၊ ပြီးတော့ သေနတ်ပစ်ဖောက်တာလည်း ရှိတယ်၊ မြို့ထဲထိ ဝင်လာနိုင်ပြီး သေနတ်ဖောက်တာ နောက် ဆက်ကြေးကို ဆက်တိုက်ကောက်တာတွေဟာ ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုး ပိုကြီးတယ်။ စိတ်မလုံခြုံဘူးပေါ့။ အခု ဆိုရင် ကျနော်တို့ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်း မသိတော့ဘူး” လို့ နမ့်ခမ်းဒေသခံ စိုင်းစော (နာမည်လွဲ) က TNLA တပ်ဖွဲ့ နမ့်ခမ်းမြို့ပေါ် ရောက်လာကြောင်းကို ပြောပြပါတယ်။

နမ့်ခမ်းမြို့ပေါ် TNLA တပ်ဖွဲ့ စစ်ကြောင်း ချီတက်လာတဲ့ လမ်းတစ်လျှောက်မှာလည်း စစ်ကောင်စီရဲ့ နမ့်ခမ်းမြို့မ ရဲစခန်း၊ တပ်စခန်းတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီလို စစ်ကောင်စီ ဂိတ်တွေ ၊ တပ်စခန်းတွေ ရှိနေပေမဲ့ တားမြစ်ဟန့်တားမှု တစ်စုံတစ်ရာမရှိပဲ TNLA တပ်ဖွဲ့တွေဟာ နမ့်ခမ်းမြို့ပေါ် မြို့မဈေးထဲကို လက်နက်ကိုင် အပြည့်အစုံနဲ့ ဝင်ရောက်လာကြတယ်လို့ သိရပါတယ်။

ထုန့်မောဝ်ဒေသလို့ ခေါ်တဲ့ ရွှေလီမြစ်ဝှမ်း မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ် စတဲ့ မြို့ရွာတွေ ဘက်မှာ TNLA တပ်ဖွဲ့က ပြည်သူ့နေအိမ်ထဲ ဝင်ရောက်နေထိုင်တာ လမ်းမကြီးတွေမှာ စောင့်ကြပ် အခွန် တောင်းတာ၊ စစ်ရှောင်စခန်းတွင်းပါ ဝင်ရောက်နေထိုင် ဆက်ကြေး တောင်းလာတာတွေရှိနေပါတယ်။

TNLA တပ်ဖွဲ့

“အရင်တုန်းက တစ်နှစ်တစ်ခါ ပုံမှန်ကြေး အခွန်ဆောင်တာတော့ ရှိပါတယ်။ အခုက မိုင်းဝီး စစ်ရှောင်စခန်း မှာပါ ဆန်တောင်းတာ၊ မြို့တွေထဲ လိပ်စာကဒ် ဝေပြီးတော့ အခွန်ဆောင်ခိုင်းတာ၊ လမ်းမပေါ် စောင့်ပြီး ပိုက်ဆံ တောင်းတာတွေက အာဏာသိမ်းပြီးမှ ဖြစ်လာတာ” လို့ စိုင်းဖက ပြောပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းတခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့တဲ့ TNLA ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ လက်ရှိ PSLF/TNLA ဗိုလ်မှူးချုပ် တာဘုန်းကျော် အပါအဝင် တအာင်း လူငယ်တွေနဲ့ ဖွဲ့စည်း တည်ထောင် လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင်တော့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ဟာ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နဲ့ NCA သဘောတူ လက်မှတ်ရေး ထိုးထားခြင်း မရှိသလို စစ်ကောင်စီကနေ ဖိတ်ခေါ်ကမ်းလှမ်းလာတဲ့ တွေ့ဆုံဆွေးနွေးမှုကိုလည်း ပယ်ချခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

TNLA တပ်ဖွဲ့ဟာ လူငယ်ခေါင်းဆောင်တွေ တပ်ဖွဲ့ဖြစ်တဲ့အလျောက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ နဲ့ တိုက်ပွဲ ပေါင်း ၄၂၉ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၂ ခုနစ်အတွင်းမှာတော့ RCSS နဲ့တိုက်ပွဲ ၂၈ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီ နဲ့ တိုက်ပွဲပေါင်း ၆ ကြိမ်သာ ဖြစ်ခဲ့တယ်လို့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

TNLA တပ်ဖွဲ့မှ နမ့်ခမ်းမြို့မစျေးထဲ ဝင်လာစဥ်

ဒါ့ကြောင့် သျှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီ နဲ့ ဖြစ်ပွားတဲ့တိုက်ပွဲဟာ တိုင်းရင်းသား အချင်းချင်းဖြစ်ပွားတဲ့ တိုက်ပွဲထက် နည်းနေပါတယ်။

အခုနှစ်အတွင်းမှာ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ နည်းတူ တရုတ်အထူးကိုယ်စားလှယ် နှင့် တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ် ထက်မနည်း ရှိခဲ့ပြီးတော့ တရုတ်တို့က မြန်မာစစ်တပ်အား မတိုက်ခိုက်ဘဲ ဆွေးနွေးရန် တိုက်တွန်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

“သျှမ်းပြည် မှာ သိသာထင်ရှားတဲ့ လှုပ်ရှားမှု တစ်ခုက တရုတ်ရဲ့ နိုင်ငံခြားရေးရာဝန်ကြီး လာပြီးတဲ့နောက်ပိုင်းမှာ ညီအစ်ကိုသုံးဖွဲ့ ညီနောင်သုံးဖော်ဖြစ်ကြတဲ့ ကိုးကန့်တို့၊ တအာင်းတွေ FPNCC ထဲမှာပါဝင်တဲ့ အဖွဲ့တွေကို စစ်ကောင်စီတပ်တွေ နဲ့ မတိုက်ဖို့ ဖိအားပေးသွားတယ်လို့ ကျနော်တို့က ယူဆပါတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ဆိုပါတယ်။

တရုတ်နယ်စပ်အနီး လှုပ်ရှားမှုရှိရာ တရုတ်နဲ့ ဆက်ဆံရေးကောင်းရန် လိုအပ်တဲ့အတွက် PSLF/TNLA က စစ်ကောင်စီ နဲ့ တိုက်ပွဲ မဖြစ်ဖို့ မီးစင်ကြည့်ကနေရသလို တစ်ဖက်တွင်လည်း စစ်အေးချိန် စစ်အင်အားဖြည့် တင်းမှု လုပ်ဆောင်နေတဲ့ အကြောင်းကို ဦးသန်းစိုးနိုင်က အခုလို ဆက်လက်ပြောဆိုထားပါတယ်။

သျှမ်းမြောက် ကားလမ်းမကြီးပေါ်မှာ တွေ့ရသည့် TNLA တပ်ဖွဲ့များ

“တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့က တိုက်ပွဲမရှိရင် တပ်သားတောင်းတာတို့၊ အခွန်တောင်းတာတို့ ကတော့ တိုက်ပွဲမရှိရင် ထုံးစံအတိုင်းပဲ များလာလိမ့်မယ်ဗျ၊ စစ်ရေးလှုပ်ရှားမှု မရှိဘူးဆိုလို့ရှိရင်တော့ ဒီလို လုပ်တာ ရှိပါတယ်။ ဖြစ်လေ့ ဖြစ်ထ သဘောကတော့ အဲ့ဒီလို ရှိပါတယ်” လို့ သုံးသပ်ပြောဆိုထားပါတယ်။

ထို့အပြင် PSLF/TNLA ရဲ့ နိုင်ငံရေး ရည်မှန်းချက်အဖြစ် ယခုကာလအတွင်း တိတိလင်းလင်း လုပ်ဆောင်ဖော်ပြ ချက်ဟာ တအာင်းပြည်နယ် ရရှိရေးလည်း ဖြစ်နေပါတယ်။

သို့သော်လည်း လက်ရှိ မြေပြင် အခြေအနေအရ TNLA တပ်ဖွဲ့ဟာ တရုတ် နဲ့ ပုံမှန်ဆက်ဆံရေး မပျက်စေဘဲ စစ်ကောင်စီ နဲ့ ထိုးစစ် မဆင်နိုင်သလို မြေပြင် ထိန်းချုပ်မှု ဧရိယာကိုလည်း မချဲ့နိုင်သေးတဲ့ အတွက် ကိုယ်ပိုင်ထိန်းချုပ်နယ်မြေ အပြည့်အဝ ရရှိနိုင်ရန် လိုအပ်နေသေးတယ်လို့ ဦးသန်းစိုးနိုင်က ဆက်ဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရပ်တည်ချက်အပေါ် သက်ရောက်မှုက တော်တော်များများ မူတည်နေကြောင်း International Crisis Group ( ICG) အဖွဲ့က တိုင်းရင်းသားအရေး စောင့်ကြည့်လေ့လာသူ အကြီးတန်း အတိုင်ပင်ခံ သောမတ်စ်ကိန်းက ပြောပါတယ်။

TNLA

“TNLA မှာဆိုရင် ဒါက ထင်ရှားပါတယ်။ တော်လှန်ရေးမှာ ကူညီဖို့ အခြေခံလူထုက ဖိအားပေးတယ်၊ ဒါပေမယ့် တရုတ်နိုင်ငံက ဘယ်လို တုံ့ပြန်မလဲဆိုတာ စိုးရိမ်လို့ ဒီလို ထောက်ခံကူညီနေတာကိုလည်း ပေါ်ပေါ်ထင်ထင် မပြဘူး။ ဒီလိုကြားမှာ ရပ်တည်နေတဲ့ အဖွဲ့တွေကို အနီးကပ် စောင့်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။ သူတို့က စစ်အုပ်စုနဲ့လည်း တရားဝင် ဆွေးနွေးတာမျိုး မရှိဘူး။ တဘက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေကို အတိုင်းအတာတခုအထိ သင်တန်းပေးတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် NUG နဲ့ အနီးကပ်ပူးပေါင်းတာမျိုးတော့ မရှိပြန်ပါဘူး ” သောမတ်စ်ကိန်းက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ TNLA ကြား တိုက်ပွဲဖြစ်ပွားခဲ့မယ် ဆိုရင် ပြည်တွင်းဘက်ရှိနေတဲ့ မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေကိုပါ ထိခိုက်လာနိုင်တဲ့အတွက် တရုတ်က တားမြစ်ထားရတဲ့ အကြောင်း ဦးသန်းစိုးနိုင်က အခုလိုပြောဆို သုံးသပ်ထားပါတယ်။

လားရှိုးမြို့ပေါ် TNLA စစ်သားများ ဝင်ရောက်လာစဥ်

“TNLA နဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်မယ်ဆိုရင် တရုတ်က သူတို့ရဲ့ ဒေသအတွင်း ရှိနေတဲ့ အကျိုးစီးပွားတွေ ကို မထိခိုက်ဖို့ အဓိကပါပဲ။ အဲ့ဘက်မှာ ဆိုရင် အဓိကက ရေနံပိုက်လိုင်းရှိမယ် ပြီးတော့ တရုတ် – မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်တဲ့ မူဆယ် – မန်းလေး ကားလမ်း ဆက်ဆံရေးတွေ ရှိတာပေါ့။ အဲ့ဒီ ဆက်ဆံရေးတွေ ထိခိုက်သွားနိုင်တယ်။ TNLA ဘက်ကလည်း တရုတ်ကို မှီခိုနေရတာရှိတော့ ဒါတွေက နားလည်မှု ယူထားရတယ်” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

လက်ရှိ အချိန်ကာလတွင် NUG/PDF စတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးတွဲပြီး စစ်ရေးအရ မြန်မာစစ်တပ်ကို တိုက်ခိုက်ပါက စစ်ရေးအကျိုးအမြတ် ရရှိနိုင်သော်လည်း တရုတ် နှင့် အကျိုးတူ ပူးပေါင်းမှု လျော့ကျနိုင်တဲ့ အတွက် TNLA တပ်ဖွဲ့က ငြိမ်နေရကြောင်း ပြောဆိုသုံးသပ်ကြပါတယ်။

သျှမ်းပြည် မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် သျှမ်းပြည်လူထုအပေါ်ကိုတော့ စစ်သားသစ်ကောက်ယူတာတွေ၊ ဆက်ကြေး ကောက်ယူမှုတွေက ပိုပြီး မြင့်တက်လာမှုကြောင့် ပြည်သူတွေဟာ အကြွေးနွံထဲက နစ်နေကြပါတယ်။

TNLA တပ်ဖွဲ့များ

ခေတ်အခြေအနေ မကောင်းတဲ့ကြား ဘုံရန်သူမတိုက်ခိုက်ဘဲ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်နေတာတွေကြောင့် သျှမ်းမြောက်ပြည်သူတွေ စစ်ရှောင်နေရသလို တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နိုင်ငံရေး စစ်ရေး မျှော်မှန်းချက်ဟာ လက်ရှိ အခြေအနေမှာ ရှေ့ကို မရောက်ဘဲ ပြည်သူကိုသာ ဒုက္ခပိုကြီးလေးစေတဲ့ ပုံစံဖြစ်နေပါတယ်။

“သျှမ်းမြောက်ပိုင်းက ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလည်း များပြားတော့ အချင်းချင်းကြားမှာလည်း နားလည်မှု နဲ့ လုပ်ဆောင်သွားဖို့ လိုပါတယ်။ ဒါမှသာလျင် ကျနော်တို့ ပြည်သူတွေက သက်သာငြိမ်းချမ်းမယ်။ ကျနော်တို့ တပ်ဖွဲ့ပေါ်လစီအတိုင်းပဲ လုပ်ဆောင်နေလျက်ရှိ ပါတယ်” လို့ ဗိုလ်မှူး တားအိုက်ကျော် က ပြောဆိုလိုက်ပါတယ်။

ဒါ့ကြောင့် TNLA ရဲ့ မြို့ပြထိ စစ်ရေးအင်အားချီတက်လာတဲ့ပုံရိပ်၊ တပ်သားသစ်ကောက်ယူတာတွေဟာ မြို့ပေါ်နေ ပြည်သူတွေ အတွက် တုန်လှုပ်ခြောက်ခြားလာစေပြီး၊ တအာင်းလူမျိုးမဟုတ်တဲ့သူတွေအတွက်တော့ စိုးရိမ်မှုတွေနဲ့ နေထိုင်နေရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...