သျှမ်း – ကရင်နီနယ်စပ် တိုက်ပွဲပြင်းထန်ဖယ်ခုံ PDF ရဲဘော် ထိခိုက်ဒဏ်ရာ ကျဆုံးရှိ

သျှမ်း-ကရင်နီ (ကယားပြည်) နယ်စပ် ဖယ်ခုံမြို့နယ်တွင်း ယနေ့ (မေ ၂၇)ရက် နံနက်ပိုင်းမှစပြီး စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး PDF တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြား PDF မှ ရဲဘော်များ ထိခိုက်ဒဏ်ရာ ကျဆုံးမှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ မေလ ၂၇ ရက် မနက်ပိုင်း၌ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တို့တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၃ ဦးကျဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ် ရဲဘော်တစ်ဦးထံမှ သိရသည်။

“ အကျအရှုံးတော့ ရှိတယ်။ လောလောဆယ် ရဲဘော် ၃ ယောက်ကျတယ်။ ၈ ယောက်တော့ ဒဏ်ရရထားတယ် “ ဟု သတင်းရင်းမြစ် ရဲဘော်တစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ယနေ့ တိုက်ပွဲဖြစ်ပွားမှု ဖြစ်စဉ်အတွင်း အသေးစိတ်ကို သိချင်မေးမြန်းလို၍ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF-KK ကို ကြိုးစားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ထို့အပြင် သျှမ်း-ကရင်နီ (ကယား) နယ်စပ်ဒေသတလျောက်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး PDF တို့အကြား တိုက်ပွဲသည် ယနေ့အချိန်ထိ ပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီသည် လေကြောင်းကို ပိုမိုအသုံးပြု၍ ကျေးရွာများနှင့် အရပ်သားနေအိမ်တွေကို PDF စိုးမိုးနယ်မြေဟုသတ်မှတ်ပြီး ပစ်မှတ်တိုက်ခိုက်မှု ပြုလုပ်နေကြောင်း KNDF မှ ရဲဘော်အမျိုးသမီးတစ်ဦးက ပြောသည်။

“ ဒီဖက်က သူတို့စစ်ကြောင်း ထိုးဖို့မလွယ်ဘူးလေ။ အဓိက လေယာဉ်နဲ့ လက်နက်ကြီးသုံးတယ်။ အကြောင်းရင်းကတော့ PDF စိုးမိုး နယ်မြေလို့သတ်မှတ် တိုက်ခိုက်နေတာပေါ့။ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ခိုက်တာဆိုရင် ကျေနပ်တယ်။ အခုက ဘာမှမဆိုင်တဲ့ ပြည်သူကို နှိပ်စက်နေတာ။ သတ္တိရှိရင် မြေပြင်မှာ ရင်ဆိုင်ပါ “ ဟု ရဲဘော်အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကရင်နီ နယ်စပ် တလျောက်ရှိ ပင်လောင်း၊ ဖယ်ခုံ နှင့် မိုးဗြဲ မြို့နယ်တွင် လက်နက်ကိုင် ခုခံမှုကို စစ်ကောင်စီတပ်ဖွဲ့မှ အပြင်းအထန် နှိမ်နင်းလာမှုကြောင့် ပြီးခဲ့သည့် ၂၆ လအတွင်း အရပ်သား ၄၅၂ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က သတင်းထုတ်ပြန်ထားသည်။

အရပ်သားသေဆုံးမှု ဖြစ်စဉ်တွင် စစ်ကောင်စီမှ လက်နက်ကြီး နှင့် လေကြောင်းဖြင့်ပါ တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို PKPF ၏ စာရင်းမှတ်တမ်းအရ ၂၀၂၁ ခုနှစ်တွင် ၂ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၁၈၂ ကြိမ် နှင့် ယခု ၂၀၂၃ ခုနှစ် ပထမ (၄) လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၇၉ ကြိမ် မြင့်တက်လာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...