ကျောက်မဲ တွဲကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး တိုက်မိ၊ ဆိုင်ကယ်ပေါ်မှ လူ ၂ ဦး ပွဲချင်းပြီး သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စုအတွင်းရှိ ကားလမ်းမပေါ်တွင် တွဲကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး တိုက်မိကြပြီး ဆိုင်ကယ်ပေါ်မှ လူ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ပွဲချင်းပြီးသေဆုံးသွားသည့် အမျိုးသား

ယနေ့ (မေလ ၂၆) ရက် နံနက် ၇ နာရီတွင် ကျောက်မဲ – လားရှိုးဖက်မှ မောင်းနှင်လာသော တွဲကားတစ်စီး နှင့် မန္တလေးဘက်မှ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးသည် ခိုမုန်းကျေးရွာအုပ်စုအတွင်း တိုက်မိရာ ဆိုင်ကယ်ပေါ်မှ လူငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“ ဆိုင်ကယ်သမားကတော့ မန္တလေးဘက်ကနေ ကျောက်မဲကို လာမယ်ထင်တယ်။ တွဲကားကတော့ ကျောက်မဲ – လားရှိုးဖက်ကနေ မန္တလေးကို ဆင်းမယ်နဲ့တူတယ်။ အဲ့နားမှာက အကွေ့လေးရှိတယ်။ ပုံမှန် ဒီမှာက သိပ်မဖြစ်ဖူးတဲ့နေရာပါ။ အမျိုးသား တစ်ဦးကတော့ ဦးခေါင်းတစ်ခြမ်း မကျန်တော့ဘူး။ ကျန်တဲ့ တစ်ယောက်တော့ ခြေထောက်ကျိုးထားတယ်။ နှစ်ယောက်လုံး အခင်းမှာဘဲ ဆုံးသွားတာ “ ဟု ၎င်းကို သွားရောက်ကူညီသည့် နမ့်ခုံးရှမ်းများပရဟိတအသင်းက ပြောသည်။

အဆိုပါ ယာဥ်တိုက်မှု နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ နှင့် ယာဉ်ထိန်းရဲများက ရောက်လာပြီး မှတ်တမ်းကောက်ယူခဲ့သလို သေဆုံးသူ အသက် ၂၀ ကျော် အမျိုးသား ၂ ဦး၏ အလောင်းကို နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ အခင်းဖြစ်ပွားရာနေရာကနေ သယ်ဆောင်ပြီး ကျောက်မဲဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်။

“ ဆိုင်ကယ်၊ ကား မောင်းရင် သတိ နဲ့ မောင်းကြပါဗျာ။ ဖြစ်လာရင် အသက်ပါမယ်။ အသက်မပါရင် ခြေတွေ၊ လက်တွေ ကျိုးမယ်။ နှစ်ဦးနှစ်ဖက်အတွက်လည်း အဆင်မပြေဘူးဗျာ။ မိဘပြည်သူတွေ ဆိုင်ကယ်၊ ကား မောင်းရင် သတိနဲ့ မောင်းကြဖို့၊ ဖြည်းဖြည်း နဲ့ ပုံမှန်မောင်းနှင်ကြဖို့ မှာကြားချင်ပါတယ် “ ဟု ၎င်း ပရဟိတအသင်းမှ ယခုလို မှာကြားထားသည်။

ထို့အပြင် ကျောက်မဲမြို့ အပါအဝင် လားရှိုး၊ မူဆယ်၊ တာချီလိတ် စသည့် မြို့ပြကြီးတွင်လည်း လူနေထူထပ် များပြားလာသည်နှင့်အမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ မလိုက်နာကြရာ ယာဉ်တိုက်မှုသည် နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...