SSPP တပ်သားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ ၃ ဦးကို ဖမ်းဆီခေါ်ဆောင်သွား

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ၏ တပ်သား ၁ ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ပြီး ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း စုံစမ်းသိရသည်။

SSPP

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယကျေးရွာအုပ်စု၌ စခန်းချ နေထိုင်သည့် SSPP/SSA တပ်သား ၄ ဦးသည် ရွာပြင်ဘက် ဟင်းစားရှာထွက်နေစဥ် စစ်ကောင်စီ စစ်ကြောင်း နှင့် တိုးမိပြီး တစ်ဦး ပစ်သတ်ခံရကာ ၃ ဦးကို ဖမ်းဆီးခံရကြောင်း သိရသည်။

ယင်းကိစ္စ နှင့် ပတ်သက်ပြီး SSPP/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ကြီး သီဟရာဇာက “ဟုတ်ပါတယ် ၊ ကျနော်တို့ တပ်သား ၄ ယောက် ဟင်းစားရှာထွက်တဲ့ အချိန်မှာ စစ်ကောင်စီ စစ်ကြောင်း နဲ့ တိုးမိပြီးတော့ တစ်ဦး ပစ်သတ်ခံရတယ်၊ ၃ ဦးကို စစ်ကောင်စီက ဖမ်းသွားတယ်၊ အခုလည်း ပစ်ခံရသူရဲ့ စျာပနာ အဖို့ လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။

SSPP/SSA တပ်သားများကို ဖမ်းဆီး ပစ်သတ်သည့် စစ်ကောင်စီ တပ်ဖွဲ့သည် ခြေမြန်တပ်ရင်း (ခမရ) ၃၁၅ မှ ဖြစ်ကြကြောင်းလည်း ဗိုလ်ကြီးသီဟရာဇာက ဆက်ပြောသည်။

လက်ရှိတွင် ပစ်သတ်ခံရသည့် တပ်သား၏ ဈာပနာအတွက် ပြင်ဆင်နေလျက်ရှိပြီး ဖမ်းဆီးခံရသည့် တပ်သားများ ပြန်လည်လွတ်မြောက်လာရေးအတွက်လည်း ဌာနချုပ်မှ ကြိုးစားနေကြောင်း ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲဖြစ်တာ၊ အချင်းချင်းပစ်ခတ်ကြတာ မရှိဘဲနဲ့ အင်အားချင်းလည်း မမျှတဲ့သူကို စစ်ကောင်စီတို့က ပစ်သတ်တာ လုံးဝ မဖြစ်သင့်ပါဘူး၊ အခုလို ဖြစ်သွား တဲ့အတွက်လည်း ကျနော်တို့ တပ်သားအတွက် စိတ်မကောင်းဖြစ်ရတယ်၊ ဖမ်းဆီးခံရတဲ့ သူတွေ ပြန်လည်လွတ်လာရေးအတွက်လည်း ကြိုးစားနေပါတယ်” ဟု ဗိုလ်ကြီး သီဟရာဇာက ပြောဆိုထားသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံရသည့် SSPP/SSA တပ်သားများကို မည်သည့် နေရာတွင် ဖမ်းဆီးခေါ်ဆောင် ထားသည်ကို အတိအကျ မသိရသေးကြောင်းလည်း သူက ဆက်ဆိုသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် SSPP/SSA တို့သည် သုံးကြိမ်ထက်မနည်းတွေ့ဆုံမှု ရှိနေသည့် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခု ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့သည် တစ်နှစ်အပစ်ရပ်ကြေညာထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင် များ၏ ဌာနချုပ်/ တပ်ရင်းနေရာများကို မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေသည့်အပြင် ယခုလို ရပ်ရွာထဲ ပစ်ခတ်မှုတွေလည်း ပြုလုပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...