သျှမ်းလက်နက်ကိုင် (၂) ဖွဲ့ကြောင့် ထိုင်းနယ်စပ်ထိ စစ်ရှောင်လာပြီး ကိုရင်ဝတ် ပညာဆက်သင်နေရ

သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် သျှမ်းလူထုများသည် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာရပြီး ကလေးများ ကိုရင်ဝတ်ကာ ပညာဆက်လက် သင်ကြားနေရကြောင်း စုံစမ်းသိရသည်။

ဝပ်ဖှဝိန်းအင်းကျောင်းမှ ကိုရင်များ

သျှမ်းတပ် ၂ တပ်သည် သျှမ်းပြည်တောင်ပိုင်း ဆနင်းတောင်၊ လဲချား၊ မိုင်းကိုင်၊ မိုင်းနောင် နှင့် ကျေးသီး စသည့် ကျေးရွာများမှ ပြည်သူများသည် နေရပ်စွန့်ပြီး မြန်မာ – ထိုင်းနယ်စပ်ဒေသ ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် ပိန်းလုံကျေးရွာအုပ်စုရှိ လတ်တိုင်ရွာမှ ဝပ်ဖှဝိန်းအင်းကျောင်းတိုက်သို့ လာရောက် ခိုလှုံကြသည်။

လက်ရှိမှာ ထိုကလေးငယ် စုစုပေါင်း (၆၀) ခန့်သည် ဝပ်ဖှဝိန်းအင်းကျောင်းတိုက်၌ ကိုရင်ဝတ်ပြီး ပညာဆက်လက် သင်ကြား နေကြောင်း ဆရာတော်က မိန့်ကြားသည်။

“ သျှမ်းတပ် ၂ တပ် တိုက်ပွဲကြောင့် ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်တွေပေါ့။ ဆနင်းတောင်၊ လဲချားဖက်က လာတာများတယ်။ သူတို့ ထွက်ပြေးလာတော့ ဘယ်နေရာကို ဆက်သွားရမှန်းမသိ၊ ပတ်စပို့ကလည်း မရှိဘူး။ သူများလည်း အလုပ်မခေါ်ဘူး။ ဆရာတော်တို့ ကျောင်းတိုက်ကျတော့ ကလေးငယ်တွေကို လက်ခံပြီး ကူညီတယ်။ ဖြစ်ချင်တော့ သူတို့ မိဘတွေကလည်း လာအပ်ထားတော့ ဆရာတော်တို့လည်း လက်ခံထားရတယ် “ ဟု ဆရာတော်က မိန့်ကြားသည်။

ဝပ်ဖှဝိန်းအင်းကျောင်းမှ ကိုရင်များ

မြန်မာ -ထိုင်း နယ်စပ်ဒေသရှိ ဝပ်ဖှဝိန်းအင်းကျောင်းတိုက်သည် မိဘမဲ့ ကလေးငယ်များကို လက်ခံထားပြီး ပညာသင်ကြားပေးနေသည့် ပရဟိတကျောင်းတစ်ခုဖြစ်သော်လည်း တရားဝင် စစ်ဘေးရှောင် ကလေးငယ်များကို ကူညီထောက်ပံ့ပေးမည့် ပရဟိတကျောင်းအဖြင့် ထိုင်းအစိုးရ မသတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ တရားဝင် ပရတိတကျောင်း မသတ်မှတ်ထားသည့်အတွက် ထိုင်းနိုင်ငံ အစိုးရထံမှ ကူညီထောက်ပံ့မှုလည်း မရရှိကြောင်း ဆရာတော်မှ မိန့်ကြားသည်။

ဝပ်ဖှဝိန်းအင်းကျောင်းမှ ကိုရင်များ

“ဆရာတော်တို့ ကျောင်းတိုက်က ထိုင်းနယ်မြေထဲမှာ ရှိတယ်ဆိုပေမယ့် တရားဝင်တော့ မဖြစ်သေးဘူး။ တခြားကျောင်းတွေလို ထိုင်း အစိုးရထံက ကူညီထောက်ပံ့မှုလည်း မရဘူး။ ပြီးတော့ ဒီကျောင်းတိုက်က ကလေးငယ်တွေကို ပညာသင်ကြားပေးစေချင်တယ်ဆိုတဲ့ ဆရာ၊ ဆရာမ တွေကလည်း အထောက်အထား၊ ပတ်စပို့တွေ မရှိရင် လာသင်ပေးလို့ မရပြန်ဘူး။ ဆရာတော်တို့ကလည်း ဒီက မြေဂရန်တွေ မရှိတော့ တရားဝင် အဖြစ် လုပ်ဖို့လည်း ခက်ခဲတယ် “ ဟု ဆရာတော်က မိန့်ကြားသည်။

ယခင်က မြန်မာ – ထိုင်း နယ်စပ်ဒေသရှိ ဝပ်ဖှဝိန်းအင်းကျောင်းတိုက် နှင့် ကုန်းကျော် သျှမ်းစစ်ဘေးရှောင်စခန်းသည် နိုင်ငံတကာ INGO၊ NGO မှ ကူညီထောက်ပံ့မှု ရရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှစပြီး ထောက်ပံ့မှု ရပ်ဆိုင်းသွားခဲ့ပြီးနောက် လှုမှုအခြေပြု အဖွဲ့အစည်းများမှ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ရိက္ခာအလှူခံကာ စစ်ဘေးရှောင် ကလေးငယ်များကို ထောက်ပံ့ပေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...