Tuesday, January 27, 2026

ဆီဆိုင်မြို့နယ် စစ်ရှောင် စားစရာမရှိ၊ အိမ်တိုင်ရောက် တောင်းစားနေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် သျှမ်း – ကယားနယ်စပ်ဒေသရှိ စစ်ဘေးရှောင်များ စားစရာ မရှိသဖြင့် ဒေသခံများထံ အိမ်တိုင်ရောက် ဆန်တောင်းစားနေရကြောင်း စုံစမ်းသိရသည်။

အောင်ကလပ်ရွာ မှ စစ်ဘေးရှောင်

စစ်ဘေးရှောင်များသည် ထွက်ပြေးတိမ်းရှောင်လာချိန် ကြာလာသည်နှင့်အမျှ အလှူရှင်များထံမှ ကူညီထောက်ပံ့မှုများ ပုံမှန်မရရှိခဲ့ကာ အကူညီထောက်ပံ့မှု ပြတ်လပ်လာသဖြင့် အနီးအနားကျေးရွာရှိ ဒေသခံများထံ အိမ်တိုင်ရောက် ဆန်တောင်းစား နေရကြောင်း ကြုံတွေ့ခဲ့ရသူ အမျိုးသားတစ်ဦးက ပြောသည်။

“အလှူရှင်တွေက လုံးဝကို မရှိကြတော့တာ။ မနေ့ည တစ်ယောက်က ကျနော်ဆီကို လာတောင်းတယ်။ စားဖို့မရှိတော့ဘူးလေ။ နေ့လယ်က ကျနော့်ကလေး သူများဆီက ခေါက်ဆွဲသွားတောင်းစားရတယ်။ ဆန်ရှိရင် နည်းနည်းပေးပါလား ဆိုပြီး လာတောင်းတယ်ဗျ။ ကျနော်လည်း ဆန် တစ်ဗူးကျော်၊ နှစ်ဗူးလောက် ပေးလိုက်တယ်။ အရမ်းကို သနားဖို့ကောင်းတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ သျှမ်း – ကယားနယ်စပ်ဒေသရှိ စစ်ဘေးရှောင်များသည် နေ့စား မလိုက်ရသည့်အပြင် ကိုယ်တိုင် စိုက်ပျိုးရန် တောင်ယာက မရှိခဲ့သဖြင့် ယခုလို အလှူရှင် ပြတ်လပ်သည့်ကာလ၌ စားဝတ်နေရေးသည် ပိုပြီးခက်ခဲ လာနေကြောင်း သိရသည်။

အောင်ကလပ်ရွာ မှ စစ်ဘေးရှောင်

“ အခုလောလောဆယ်ဆယ် ကျနော် ပေးလိုက်ရတာ သုံး၊ လေးယောက်တော့ ရှိပြီ။ သူတို့က ဆန်မရှိလို့ဆိုပြီး အိမ်ထိလာတောင်းတာ။ ကျနော်လည်း သူတို့ကို တစ်ယောက် တစ်ဗူး၊ နှစ်ဗူး ဖြစ်ဖြစ် ပေးလိုက်တယ်။ ပြီးတော့ သူများခြံကို အငှားလိုက်ဖို့လည်း ပြောတယ်“ ဟု ၎င်းက ထပ်လောင်းပြောသည်။

အလားတူ ဆီဆိုင်မြို့နယ် အောင်ကလပ်ရွာရှိ စစ်ဘေးရှောင်များသည် ၂ လ နီးပါးကြာ အလှူရှင်များထံမှ ကူညီထောက်ပံ့မှု မရရှိသဖြင့် စားနပ်ရိက္ခာ နှင့် ကိုယ်ဝန်သည် မိခင်အတွက် ဆေးဝါးလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူ ဒေသခံတစ်ဦးက ပြောသည်။

“ အဓိကတော့ ဆန်၊ ဆီ၊ ဆားတွေ လိုအပ်တာပေါ့ဗျာ။ တချို့က တောင်ယာ နည်းနည်းပါးပါး လုပ်ပြီး စားဖို့သောက်ဖို့ဆိုတာ ရှိပေမယ့် တချို့တွေကလည်း စားဖို့သောက်ဖို့က မရှိဘူး။ ဒီလိုပဲ ရှာစားနေရတာပေါ့။ ကိုယ်ဝန်သည် မိခင်တွေကလည်း နှစ်ယောက်လောက်ရှိတယ်။ မွေးဖွားပြီးတဲ့ မိခင်ကလည်း နှစ်ယောက်လောက် ရှိတယ်။ မွေးတုန်းကလည်း ဆေးရုံ၊ ဆေးခန်း နဲ့ ဝေးတော့ သွားလာခက်တယ် “ ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ပြည်သူများသည် နေရပ်စွန့်ပြီး ဆီဆိုင်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာရသည်။

လက်ရှိ ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၈ ထောင်ကျော်ရှိပြီး စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ နှင့် ဆေးဝါး အကူညီလိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...