ဆီဆိုင်မြို့နယ် စစ်ရှောင် စားစရာမရှိ၊ အိမ်တိုင်ရောက် တောင်းစားနေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် သျှမ်း – ကယားနယ်စပ်ဒေသရှိ စစ်ဘေးရှောင်များ စားစရာ မရှိသဖြင့် ဒေသခံများထံ အိမ်တိုင်ရောက် ဆန်တောင်းစားနေရကြောင်း စုံစမ်းသိရသည်။

အောင်ကလပ်ရွာ မှ စစ်ဘေးရှောင်

စစ်ဘေးရှောင်များသည် ထွက်ပြေးတိမ်းရှောင်လာချိန် ကြာလာသည်နှင့်အမျှ အလှူရှင်များထံမှ ကူညီထောက်ပံ့မှုများ ပုံမှန်မရရှိခဲ့ကာ အကူညီထောက်ပံ့မှု ပြတ်လပ်လာသဖြင့် အနီးအနားကျေးရွာရှိ ဒေသခံများထံ အိမ်တိုင်ရောက် ဆန်တောင်းစား နေရကြောင်း ကြုံတွေ့ခဲ့ရသူ အမျိုးသားတစ်ဦးက ပြောသည်။

“အလှူရှင်တွေက လုံးဝကို မရှိကြတော့တာ။ မနေ့ည တစ်ယောက်က ကျနော်ဆီကို လာတောင်းတယ်။ စားဖို့မရှိတော့ဘူးလေ။ နေ့လယ်က ကျနော့်ကလေး သူများဆီက ခေါက်ဆွဲသွားတောင်းစားရတယ်။ ဆန်ရှိရင် နည်းနည်းပေးပါလား ဆိုပြီး လာတောင်းတယ်ဗျ။ ကျနော်လည်း ဆန် တစ်ဗူးကျော်၊ နှစ်ဗူးလောက် ပေးလိုက်တယ်။ အရမ်းကို သနားဖို့ကောင်းတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ သျှမ်း – ကယားနယ်စပ်ဒေသရှိ စစ်ဘေးရှောင်များသည် နေ့စား မလိုက်ရသည့်အပြင် ကိုယ်တိုင် စိုက်ပျိုးရန် တောင်ယာက မရှိခဲ့သဖြင့် ယခုလို အလှူရှင် ပြတ်လပ်သည့်ကာလ၌ စားဝတ်နေရေးသည် ပိုပြီးခက်ခဲ လာနေကြောင်း သိရသည်။

အောင်ကလပ်ရွာ မှ စစ်ဘေးရှောင်

“ အခုလောလောဆယ်ဆယ် ကျနော် ပေးလိုက်ရတာ သုံး၊ လေးယောက်တော့ ရှိပြီ။ သူတို့က ဆန်မရှိလို့ဆိုပြီး အိမ်ထိလာတောင်းတာ။ ကျနော်လည်း သူတို့ကို တစ်ယောက် တစ်ဗူး၊ နှစ်ဗူး ဖြစ်ဖြစ် ပေးလိုက်တယ်။ ပြီးတော့ သူများခြံကို အငှားလိုက်ဖို့လည်း ပြောတယ်“ ဟု ၎င်းက ထပ်လောင်းပြောသည်။

အလားတူ ဆီဆိုင်မြို့နယ် အောင်ကလပ်ရွာရှိ စစ်ဘေးရှောင်များသည် ၂ လ နီးပါးကြာ အလှူရှင်များထံမှ ကူညီထောက်ပံ့မှု မရရှိသဖြင့် စားနပ်ရိက္ခာ နှင့် ကိုယ်ဝန်သည် မိခင်အတွက် ဆေးဝါးလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူ ဒေသခံတစ်ဦးက ပြောသည်။

“ အဓိကတော့ ဆန်၊ ဆီ၊ ဆားတွေ လိုအပ်တာပေါ့ဗျာ။ တချို့က တောင်ယာ နည်းနည်းပါးပါး လုပ်ပြီး စားဖို့သောက်ဖို့ဆိုတာ ရှိပေမယ့် တချို့တွေကလည်း စားဖို့သောက်ဖို့က မရှိဘူး။ ဒီလိုပဲ ရှာစားနေရတာပေါ့။ ကိုယ်ဝန်သည် မိခင်တွေကလည်း နှစ်ယောက်လောက်ရှိတယ်။ မွေးဖွားပြီးတဲ့ မိခင်ကလည်း နှစ်ယောက်လောက် ရှိတယ်။ မွေးတုန်းကလည်း ဆေးရုံ၊ ဆေးခန်း နဲ့ ဝေးတော့ သွားလာခက်တယ် “ ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ပြည်သူများသည် နေရပ်စွန့်ပြီး ဆီဆိုင်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာရသည်။

လက်ရှိ ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၈ ထောင်ကျော်ရှိပြီး စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ နှင့် ဆေးဝါး အကူညီလိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...