မိုင်းဝီးက လယ်ယာသွားသည့် ပြည်သူများကို TNLA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသအတွင်းတွင် လယ်ယာသွားသည့် ဒေသခံများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်း သိရသည်။

မိုင်းဝီးကျေးရွာ

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် လယ်ယာတဲ အတွင်း အိပ်နေသည့် ဒေသခံများ နှင့် လယ်ယာသွားနေသည့် ဒေသခံများကို TNLA တပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုချိန်က လယ်ယာထွန်တဲ့အချိန်လေ၊ တချို့ရွာသားကလည်း လယ်တဲတွေမှာ သွားအိပ်နေကြရတယ်၊ တချို့ကလည်း မနက်အစောကြီး လာကြတဲ့ သူတွေပေါ့၊ အဲ့ဒါ လယ်တဲတွေမှာ အိပ်တဲ့သူ၊ လယ်ခင်းကို လာနေတဲ့ ရွာသားတွေ စောင့်ဖမ်းသွားတာ၊ အမျိုးသား ၁၀ ယောက် ဖမ်းဆီးခံရသွားတယ်” ဟု မိုင်းဝီးဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လယ်ယာတဲအတွင်း အိပ်နေကြသည့် သူများကို မနက် ၄ နာရီဝန်းကျင်အချိန်တွင် TNLA စစ်သားတို့က ဝင်ရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို နမ့်ခမ်းမြို့ နှင့် မိုင် (၃၀) ခန့် ကွာဝေးသည့် မိုင်းဝီးဒေသ တုန်ပုတ်ရွာတွင် ဖမ်းဆီး ခေါ်ထားလျက်ရှိကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘာကြောင့် ရွာသားတွေကို ဖမ်းသွားလဲဆိုတာ မပြောဘူး၊ ဖမ်းဆီးခံရတဲ့ သူတွေကလည်း သျှမ်းလူမျိုးတွေပဲ ဖြစ်ကြတယ်။ အဲ့ဒီ တုန်ပုပ် (ဝၢၼ်ႈတူၼ်ႈပူၵ်ႇ) ဖက်မှာ ချုပ်ထားတယ်လို့ ပြောတယ်။ မိသားစုဝင်တွေကိုလည်း တွေ့ခွင့် မပေးဘူး” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA တပ်ဖွဲ့မှ လယ်ခင်းအထိ ရွာသားများကို လိုက်လံ ဖမ်းဆီးနေသည့်အတွက် ဒေသအတွင်း လူငယ်လူရွယ် များ၊ အမျိုးသား နေအိမ်တွင် မနေရဲကြတော့ဘဲ လယ်ယာ စိုက်ခင်းသွားရန်လည်း ကြောက်လန့်နေရကြောင်း ဒေသခံများက ဆက်ပြောသည်။

“လယ်ယာလုပ်ငန်းတွေ စလုပ်နေတဲ့ အချိန်ဖြစ်နေတော့ အလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်လို့ မရတော့ဘူး၊ လယ်ထွန်ဖို့ အမျိုးသားတွေက ရှောင်နေကြရတယ်၊ တချို့လည်း ဖမ်းခံသွားရတယ်၊ အဲ့ဒါတွေကြောင့် စားဝတ် နေရေးပိုင်းတွေကို ထိခိုက်လာတယ်ပေါ့” ဟု မိုင်းဝီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကိစ္စ နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၏ ပြောရေး ဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော်ကို ဆက်သွယ်မေးမြန်းရာ ရွာသားများကို ဖမ်းဆီးခြင်း မရှိကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော် မြေပြင် အောက်ခြေဘက်ကို မေးမြန်းကြည့်တော့ မရှိဘူးလို့ ပြောတယ်။ အဲ့ဒီဘက်က ရွာသားတွေကို ဖမ်းဆီးတာ မရှိဘူး။ တုန်ပုတ်ရွာဘက်မှာတော့ ကျနော်တို့ တပ်ဖွဲ့ လှုပ်ရှားမှုက ရှိပါတယ်” ဟု PSLF/TNLA ၏ ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှောင်းပိုင်းကာလတွင်လည်း မိုင်းဝီးဒေသခံ အမျိုးသား ၁၅ ဦး ထက်မနည်း မူးယစ်ဆေးဝါး အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး မိုင်းခက်ရွာ ဘက်ရှိ TNLA တပ်ဖွဲ့ပိုင် လယ်များမှ စပါးများကို ကောက်ရိတ်ခိုင်းကြောင်း သိရသည်။

ထို့အပြင် ယခုမေလ အစပိုင်းမှာလည်း မိုင်းဝီးဒေသမှ စစ်ဘေးရှောင်စခန်းအတွင်း (TNLA) တပ်သားများက ဝင်ရောက်နေထိုင်ပြီး စစ်ရှောင်များထံမှ ဆန် တောင်းယူမှု ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...