Wednesday, January 28, 2026

မိုင်းဝီးက လယ်ယာသွားသည့် ပြည်သူများကို TNLA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသအတွင်းတွင် လယ်ယာသွားသည့် ဒေသခံများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်း သိရသည်။

မိုင်းဝီးကျေးရွာ

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် လယ်ယာတဲ အတွင်း အိပ်နေသည့် ဒေသခံများ နှင့် လယ်ယာသွားနေသည့် ဒေသခံများကို TNLA တပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုချိန်က လယ်ယာထွန်တဲ့အချိန်လေ၊ တချို့ရွာသားကလည်း လယ်တဲတွေမှာ သွားအိပ်နေကြရတယ်၊ တချို့ကလည်း မနက်အစောကြီး လာကြတဲ့ သူတွေပေါ့၊ အဲ့ဒါ လယ်တဲတွေမှာ အိပ်တဲ့သူ၊ လယ်ခင်းကို လာနေတဲ့ ရွာသားတွေ စောင့်ဖမ်းသွားတာ၊ အမျိုးသား ၁၀ ယောက် ဖမ်းဆီးခံရသွားတယ်” ဟု မိုင်းဝီးဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လယ်ယာတဲအတွင်း အိပ်နေကြသည့် သူများကို မနက် ၄ နာရီဝန်းကျင်အချိန်တွင် TNLA စစ်သားတို့က ဝင်ရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို နမ့်ခမ်းမြို့ နှင့် မိုင် (၃၀) ခန့် ကွာဝေးသည့် မိုင်းဝီးဒေသ တုန်ပုတ်ရွာတွင် ဖမ်းဆီး ခေါ်ထားလျက်ရှိကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘာကြောင့် ရွာသားတွေကို ဖမ်းသွားလဲဆိုတာ မပြောဘူး၊ ဖမ်းဆီးခံရတဲ့ သူတွေကလည်း သျှမ်းလူမျိုးတွေပဲ ဖြစ်ကြတယ်။ အဲ့ဒီ တုန်ပုပ် (ဝၢၼ်ႈတူၼ်ႈပူၵ်ႇ) ဖက်မှာ ချုပ်ထားတယ်လို့ ပြောတယ်။ မိသားစုဝင်တွေကိုလည်း တွေ့ခွင့် မပေးဘူး” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA တပ်ဖွဲ့မှ လယ်ခင်းအထိ ရွာသားများကို လိုက်လံ ဖမ်းဆီးနေသည့်အတွက် ဒေသအတွင်း လူငယ်လူရွယ် များ၊ အမျိုးသား နေအိမ်တွင် မနေရဲကြတော့ဘဲ လယ်ယာ စိုက်ခင်းသွားရန်လည်း ကြောက်လန့်နေရကြောင်း ဒေသခံများက ဆက်ပြောသည်။

“လယ်ယာလုပ်ငန်းတွေ စလုပ်နေတဲ့ အချိန်ဖြစ်နေတော့ အလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်လို့ မရတော့ဘူး၊ လယ်ထွန်ဖို့ အမျိုးသားတွေက ရှောင်နေကြရတယ်၊ တချို့လည်း ဖမ်းခံသွားရတယ်၊ အဲ့ဒါတွေကြောင့် စားဝတ် နေရေးပိုင်းတွေကို ထိခိုက်လာတယ်ပေါ့” ဟု မိုင်းဝီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကိစ္စ နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၏ ပြောရေး ဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော်ကို ဆက်သွယ်မေးမြန်းရာ ရွာသားများကို ဖမ်းဆီးခြင်း မရှိကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော် မြေပြင် အောက်ခြေဘက်ကို မေးမြန်းကြည့်တော့ မရှိဘူးလို့ ပြောတယ်။ အဲ့ဒီဘက်က ရွာသားတွေကို ဖမ်းဆီးတာ မရှိဘူး။ တုန်ပုတ်ရွာဘက်မှာတော့ ကျနော်တို့ တပ်ဖွဲ့ လှုပ်ရှားမှုက ရှိပါတယ်” ဟု PSLF/TNLA ၏ ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှောင်းပိုင်းကာလတွင်လည်း မိုင်းဝီးဒေသခံ အမျိုးသား ၁၅ ဦး ထက်မနည်း မူးယစ်ဆေးဝါး အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး မိုင်းခက်ရွာ ဘက်ရှိ TNLA တပ်ဖွဲ့ပိုင် လယ်များမှ စပါးများကို ကောက်ရိတ်ခိုင်းကြောင်း သိရသည်။

ထို့အပြင် ယခုမေလ အစပိုင်းမှာလည်း မိုင်းဝီးဒေသမှ စစ်ဘေးရှောင်စခန်းအတွင်း (TNLA) တပ်သားများက ဝင်ရောက်နေထိုင်ပြီး စစ်ရှောင်များထံမှ ဆန် တောင်းယူမှု ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...