အင်းလေးထဲက PDF နှင့် ဆက်စပ်သူကို စစ်ကောင်စီက အပြင်းအထန် လိုက်ရှာဖွေ ဖမ်းဆီးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသခံများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့်ဆက်စပ်မှု ရှိ၊ မရှိ စစ်ကောင်စီက အပြင်းအထန် လိုက်လံရှာဖွေပြီး ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။

အင်းလေးဒေသတွင်းမှ မြင်တွေ့ရသည့် စစ်ကောင်စီ လက်အောက်ခံ ရဲ နှင့် စစ်သား

ပြီးခဲ့သည့် မေလ ၂၁ ရက် ည ၈ နာရီကျော်တွင် မိုးချုပ်ပြီး လူသံများ တိတ်တဆိတ် ဖြစ်နေသည့်အချိန် အင်းလေးဒေသရှိ နေအိမ်တစ်လုံးကို လူအင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်က ဝင်ရောက် စစ်ဆေးပြီး ပစ္စည်းများကို မွှေနှောက်ခဲ့သည်။

ရွာထဲသို့ စတင်ဝင်ရောက်လာချိန်တွင် လင်းထိန်နေသည့် မီးများကို ဖြတ်ချပြီး လမ်းကြောင်းတစ်လျှောက်၌ ကင်းများချထားကာ ထိုနေအိမ်တစ်လုံးထဲကို စတင်ဝင်ရောက် စစ်ဆေးခဲ့ကြောင်း အိမ်ရှင်ဖြစ်သူ ဒေသခံတစ်ဦးက ပြန်လည်ပြောပြသည်။

“ ရွာကို မီးဖြတ်လိုက်တယ်။ အကွက်ကျကျ လမ်းကြောင်းတွေ ကင်းချပြီးမှ ကျနော်တို့ အိမ်ကို စဝင်လာတယ်။ ပထမ ရဲ ၃ ယောက်၊ နောက်တော့ စစ်သား၊ ပြည်သူ့စစ်၊ ရဲတွေက စက်လှေ နဲ့ ၅ စီး ရောက်လာတယ်။ စစ်အင်အား ၂၀ လောက်ရှိတယ် “ ဟု ၎င်းက ပြောသည်။

စစ်သားအဝတ် အပြည့်အစုံ နှင့် လက်ထဲတွင် သေနတ်များ ကိုယ်စီကိုင်ဆောင်လာပြီး ၎င်း၏ နေအိမ်ထဲရှိ အိပ်ခန်း၊ စာအုပ်စဉ်၊ ဗီဒိုများအား တစ်ခုမကျန် PDF နှင့် ဆက်စပ်မိ ခဲယမ်းပစ္စည်းများကို အသည်းအသန် လိုက်ရှာဖွေနေသည်။

“ အဲ့ချိန် ကြောက်စိတ်က မရှိနေဘူး။ နည်းနည်းတော့ ကြောင်သွားတာပေါ့နော်။ ထွက်ပြေးဖို့လည်း မစဉ်းစားဘူး။ ကျနော်က ကျွမ်းကျင်တဲ့ ဘာသာရပ် မဟုတ်သလို ဘာမှ လုပ်ထားတာ မရှိဘူး။ မွှေတာမှ ရစရာရှိလို့ မွှေတာနဲ့တူလိုက်တာ။ အလွန်အကျွံပဲ “ ဟု ၎င်းက ဖြစ်ပျက်ခဲ့သည့် အကြောင်းကို ပြန်လည်ပြောပြနေသည်။

ထို့နောက် PDF နှင့် ဆက်စပ်မိ ခဲယမ်းပစ္စည်းများကို ရှာမတွေ့ခဲ့သဖြင့် ၎င်း၏ လက်ကိုင်ဖုန်းအား စစ်ဆေးရန် မေးမြန်းခဲ့သည်။

“ သူတို့ လိုချင်နေတဲ့ ဖုန်းနဲ့ အဆက်သွယ်လုပ်သလား စစ်တယ်။ ၂၀၂၂ တစ်လပိုင်းကနေ ၂၀၂၃ ခုနှစ် ၃ လပိုင်းထိ ရောက်ရှိတဲ့နေရာ၊ လုပ်ခဲ့တဲ့ အရာကို ဖြေရှင်းခိုင်းတယ်။ PDF အဖွဲ့ထဲမှာ ကျနော် ဓာတ်ပုံတွေ့ လို့ဆိုပြီး လာဝိုင်းဖမ်းကြတာဗျ။ ပြီးခဲ့တဲ့ ၂၀၁၉ ကတည်းက ကျနော်အသိ တစ်ယောက်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံပါ။ အခုအဲ့ဒါကို သူတို့ဖက်က စွပ်စွဲပြီး ဖမ်းဖို့ လုပ်တာဗျ။ ဖုန်းထဲက ဓာတ်ပုံတွေက ရက်စွဲပါတော့ ဖြေရှင်းလို့ လွယ်သွားတာ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

အဆိုပါ လက်ကိုင်ဖုန်းအား စစ်ဆေးမှု ပြုလုပ်နေစဉ်တွင် စစ်ကောင်စီဖက်မှ ဒေတာ အချက်အလက် မှတ်တမ်းစုစည်းပြီး ရထားသည့် ဖုန်းနံပါတ် စုစုပေါင်း ၂၇၀ ကျော်အရ ၎င်း၏ လက်ကိုင်ဖုန်းထဲရှိ ဖုန်းနံပါတ်များနှင့် တိုက်ဆိုင်မှု ရှိ၊ မရှိ စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့ကို ခုခံတော်လှန်တိုက်ခိုက်နေသည့် တပ်ဖွဲ့များကို အပြင်းအထန် နှိမ်နင်းလာမှုကြောင့် PDF နှင့် ဆက်စပ်သည်ဟုစွပ်စွဲပြီး အင်းလေးဒေသမှ ပြည်သူကို ယခုနှစ်အတွင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...