စစ်ကောင်စီ
သျှမ်း – ကရင်နီ (ကယား) နယ်စပ် စစ်ရှောင်များ ထောက်ပံ့မှု ပိုလိုအပ်နေ
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဒေသ တကြောတွင် စစ်ကောင်စီမှ စားနပ်ရိက္ခာများ သယ်ယူခွင့် တင်းကြပ်နေသဖြင့် စစ်ရှောင်များ တောတောင်ထဲရှိ ဟင်းသီးဟင်းရွက်များကိုသာ ရှာဖွေစားသောက်နေကြောင်း သတင်းရရှိသည်။ စစ်ရေးတင်းမာနေသည့် နယ်စပ်ဒေသတလျောက်တွင် စစ်ကောင်စီသည် ဆေးဝါး နှင့် စားနပ်ရိက္ခာများ သယ်ယူခွင့်ကို တားမြစ်ထားသောကြောင့် လုံလောက်သည့် ဆန်၊...
အွန်လိုင်းလိမ်လည်မှု ၁၁၉မှု ဖမ်းဆီးနိုင်ခဲ့
ယခုနှစ် (၂၀၂၃) ခုနှစ်အတွင်း အွန်လိုင်း လိမ်လည်မှု (၁၁၉) မှု မှ တရားခံ (၇၆) ဦး နှင့် အွန်လိုင်း လောင်းကစားမှု (၅၈) မှု မှ တရားခံ ၁၃၄ ဦးတို့ ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း စစ်ကောင်စီ ထုတ် မြန်မာ့အလင်း...
အိုရှာအစီရင်ခံစာနှင့် မြန်မာပြည်က ကြေကွဲစရာ အဖြစ်ဆိုးကြီးများ
SHAN -
နိဒါန်း “ဒီပြောပြလို့ မရနိုင်တော့တဲ့ ကြေကွဲစရာအဖြစ်ဆိုးကြီးကို အဆုံးသတ်ဖို့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အတွေးအခေါ်အသစ်တွေ အရေးတကြီးလိုအပ်နေပါတယ်”။ ၅၄ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီး ဗော်ကာတာခ် (Volker Türk) က တောင်းဆိုသတိပေးခဲ့ခြင်း ဖြစ်သည်။ အာဏာသိမ်းစစ်တပ်၏ အကျိုးစီးပွားကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အတင်းအကြပ်ဖိအားပေးဖို့နှင့် လူ့အဖွဲ့စည်းကို...
တရုတ်ပြည်ဝင်ရန် တိုကင်နံပါတ်စောင့်ဆိုင်းသူအချို့ တစ်လနီးပါး ကြာသည်အထိ မရရှိ
သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်သို့ ရောက်ရှိနေသည့် တရုတ်ပြည်အတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်ရန်အတွက် တိုကင်နံပါတ် စောင့်ဆိုင်းနေသူများ အချို့သည် တစ်လနီးပါး ကြာသည်အထိ နံပါတ်မရသဖြင့် နေရပ်သို့ ပြန်သွားရသူလည်း ရှိနေကြောင်း စုံစမ်းသိရသည်။ မြန်မာ - တရုတ်နယ်စပ် မူဆယ်ခရိုင်၊ ဆင်ဖြူဂိတ် နှင့် ငွေဆင်ဝန်ထမ်းအိမ်အနီး တရုတ်ပြည် ဝင်ရန်အတွက်...
တာချီလိတ်မြို့ သားအဖနှစ်ဦး ကား နဲ့ တိုက်မိ၊ ကလေးပွဲချင်းပြီး သေဆုံး
မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ပါခါရွာအနီးတွင် သားအဖနှစ်ဦး ဈေးသွားရောင်းပြီး အပြန်လမ်းမှာ ကားတစ်စီးနှင့်တိုက်မိပြီး ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ညနေပိုင်း ၄ နာရီခွဲအချိန်တွင် တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ပါခါရွာအနီးတွင်...
လားရှိုးမြို့ မကြာခဏ ပေါက်ကွဲမှုဖြစ် ဈေးဆိုင် ဆိုင်းဘုတ် အချို့ဖြုတ်သိမ်းထားရ
သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားသောကြောင့် ဈေးဆိုင်၊ စတိုင်းဆိုင်များရှိ ဆိုင်းဘုတ်အချို့ ဖြုတ်သိမ်းထားရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည့် လားရှိုးမြို့ရှိ DENKO ပန့်ဆီဆိုင် ဗုံးပေါက်ကွဲ မီးလောင်မှုကြောင့် လားရှိုးမြို့တွင်းရှိ စတိုင်းဆိုင်၊ ကုန်စုံဆိုင်...
အင်းလေးဒေသခံ ၂ ဦး ဖမ်းဆီးခံရပြီးနောက် နေအိမ်ကို ချိတ်ပိတ်
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း နေထိုင်သည့် လင်မယား ၂ ဦးသည် ၁ လကျော်ကြာသည်အထိ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရပြီး ၎င်းတို့၏ နေအိမ်ကိုပါ စစ်ကောင်စီက လာရောက် ချိတ်ပိတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုဖမ်းဆီးခံရသည့် လင်မယား (၂) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဟု...
ထိုင်းနိုင်ငံတွင်း မြန်မာလုပ်သား ၁ ဦး ဓားထိုးခံရပြီး သေဆုံး
ထိုင်းနိုင်ငံ စမွတ်ဆာခွမ်းခရိုင်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဦးကို အမည်မသိ လူတစ်စုမှ ဓားဖြင့် ဝိုင်းဝန်းထိုး၍ သေဆုံးသွားခဲ့ကြောင်း စုံစမ်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်း ၁ နာရီဝန်းကျင်တွင် အသက် ၂၀ နှစ်အရွယ် မြန်မာလုပ်သားတစ်ဦးသည် အိမ်သို့ ပြန်လာနေစဉ်...
မိုးဗြဲမြို့ စစ်ကောင်စီ ရေကာတာစောင့် တပ်စခန်းမှ လက်နက်ကြီး နေ့စဥ် ရမ်းသမ်းပစ်ခတ်နေ
သျှမ်း - ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ ရေကာတာ စောင့် တပ်စခန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရှိရသည်။ မိုးဗြဲမြို့ အခြေစိုက် ခမရ (၄၂၂) မိုးဗြဲဆည် အစောင့်တပ်စခန်းမှ (ရေကာတာအစောင့်တပ်) နေ၍ အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်း နှင့်...
နမ္မတူမြို့နယ်အတွင်း TNLA မှ တပ်သားသစ် စုဆောင်း ဒေသခံများ ထွက်ပြေးနေရ
သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ တပ်သားသစ်အတွက် လိုက်လံစုဆောင်းနေမှုကြောင့် ဒေသခံများ ထွက်ပြေး နေရကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စု၊ ကောင်းဆာကျေးရွာအတွင်းသို့ စက်တင်ဘာလ (၁၉) ရက် နှင့် (၂၃) ရက်တို့သည်...





