သိန္နီမြို့နယ် စစ်ကောင်စီ နှင့် SSPP တို့ထိတွေ့တိုက်ပွဲဖြစ်

သျှမ်းပြည် လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ် နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့သည် ယနေ့ (အောက်တိုဘာ ၅)ရက် နေ့လည်ပိုင်း ၁နာရီဝန်းကျင်တွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

SSPP တပ်သားများ

ယနေ့ (အောက်တိုဘာ ၅)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် သီန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုအနီး SSPP/SSA တပ် နယ်မြေကို စစ်ကောင်စီဘက်မှ နယ်ကျော်ရောက်ရှိလာသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစ်ကောင်စီက နယ်ကျော်ပြီး SSPP ရှိနေတဲ့ နမ့်တူချောင်းရဲ့ ဟိုဘက်ကို ရောက်သွားတာ၊ ပစ်ခတ်မှု မဖြစ်ခင်မှာ SSPP ရှေ့ပြေးက လှမ်းပြီးသတိပေးလိုက်သေးတယ်၊ ဒီဘက်မှာ ငါတို့ ရှိတယ် မင်းတို့ ရှေ့ဆက်မတိုးနဲ့ဆိုလည်း သူတို့က တိုးသွားလို့ ပစ်ခတ်မှုဖြစ်တာ၊ နောက်ဆုံးတော့ စစ်ကောင်စီပြန်ဆုတ်လာပြီး ပစ်ခတ် သံတွေလည်း ငြိမ် သွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုသည် ၁၀ မိနစ်ကျော်ကြာမြင့်ပြီး ပစ်ခတ်ချိန်၌ လက်နက်ကြီး / လက်နက်ငယ် ပစ်ခတ်သံများ လည်း ကြားရကြောင်း ဒေသခံများက ဆက်လက်ပြောပြသည်။

SSPP တပ်သားများ စစ်ဆင်ရေးသွားနေသည့်ပုံ

တိုက်ပွဲအသေးစိတ်နှင့်ပတ်သက်ပြီး SSPP ကို ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ထိုပစ်ခတ်မှု မဖြစ်ခင်တွင် စစ်ကောင်စီ စစ်ကြောင်းသည် ကွန်ကောက်ကျေးရွာအုပ်စုအတွင်း အခွန် ဆက်ကြေး ကောက်နေသည့် KIA စစ်ကြောင်းကို လာရောက်တားမြစ်ရန် ဖြစ်ကြောင်းလည်း သတင်းများ က ထွက်ပေါ်နေသည်။

“ KIA စစ်ကြောင်းတစ်ခုက ကွန်ကောက်ရွာ ဘုန်းကြီးကျောင်းနားမှာ လာနေပြီး ကွန်လုံဘက် တက်တဲ့ ကားကြီး၊ ကုန်တင်ကားတွေကို ဆက်ကြေးကောက်တာ၊ ကားကြီး ၆ ဘီး၊ ၁၀ ဘီး၊ ၁၂ ဘီး အကုန်ကောက်နေတာ။ကုန်တင် ကားတစ်စီး ဘီးလိမ့်ခွန်ကို ၁ နှစ်စာ ကျပ် ၁၀ သိန်း တောင်းတယ်၊ တင်လာတဲ့ ကုန်အမျိုးအစား ပေါ်မူတည်ပြီး ကုန်အတွက် ဆက်ကြေးကတော့အခေါက်တိုင်း ပေးရတယ်” ဟု KIA တပ်ဖွဲ့မှ ကွန်ကောက်ကျေးရွာအတွင်း အခွန်ကောက်နေသည့်အကြောင်းကို အသက် (၃၀) ဝန်းကျင် အမျိုးသား တစ်ဦးက ပြောသည်။

လက်ရှိတွင် သန္နီမြို့နယ်အတွင်းမှ စစ်ကောင်စီ တပ်ဖွဲ့သည် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့နှင့် စစ်ရေးတင်းမာမှု ရှိနေကြောင်းလည်း ဒေသခံများ က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မှာလည်း သိန္နီမြို့နယ် ၊ ကွန်ကောက်ကျေးရွာ အတွင်း၌ အာဏာသိမ်း စစ်ကောင်စီ နှင့် KIA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၆၀ ကျော်က စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...