“NCA က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ဖို့အတွက် ပထမ ခြေလှမ်းဖြစ်တယ်”

“ NCA က လူတစ်ယောက်ပြောလို့ အဖွဲ့စည်းတစ်ခုပြောလို့ ပျက်ပြယ်တယ်လို့ မရှိပါဘူး။ NCA ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ စာတမ်းဖြစ်တယ်။ လွှတ်တော်က အတည်ပြုထားတဲ့စာတမ်းက အဖွဲ့စည်းတစ်ခုက ပျက်ပြီလို့ပြောတာနဲ့ မပျက်သွားနိုင်ပါဘူး။ သူတို့က ပျက်ပြီလို့ပြောတာက မခံချင်စိတ်နဲ့ Emotion ပေါ့ ။ ဥပဒေရှု့ထောင့် ၊ တရားဝင်မှုရှု့ထောင့် တစ်ခြားရှု့ထောင့်မပါဘူး။ တစ်ဖွဲ့က စွပ်စွဲတယ်။ တစ်ဖွဲ့က NCA မလိုက်နာဘူး။ မလိုက်နာရင် ဘာဖြစ်လဲ NCA က ပျက်ပြီပဲ စကားရည်လုပွဲမှာ အနိုင်ရချင်လို့ ပြောတဲ့ပုံမျိုးပါ။ ဥပဒေအရပြောတာ မဟုတ်ဘူး။ ပျက်ပြီတယ်ဆိုတာ မဟုတ်ပါဘူး။ ဥပဒေစာတမ်းဆိုတာ အဲတာပါ” ဆိုတာတွေနဲ့ ပတ်သက်ပြီး PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန် မှ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (၈) နှစ်ပြည့် အခမ်းနားကို တက်ရောက်ဖို့ ဖိတ်စာရောက်လာပြီးလား။

ဖြေ။ ။ ဖိတ်စာတွေ ရောက်ပါပြီ။ ဖိတ်စာတွေကို သူတို့က (၃) မျိုး ဖိတ်တယ်။ တစ်မျိုးက ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ပုဂ္ဂိုလ်များဆိုပြီးတော့ ဖိတ်တယ်။ နောက်တစ်မျိုးကတော့ အဖွဲ့စည်းအလိုက်ပေါ့။ အဖွဲ့စည်းတွေက လက်မှတ်ရေးထားတဲ့ အဖွဲ့တွေက ၅ ဦး ကိုယ်စားလှယ်တက်ရောက်ဖို့ ဖိတ်ပါတယ်။ နောက်တစ်ခုကတော့ အခမ်းနားပြီးရင် Workshop တက်ဖို့ပေါ့။ အဲဒီ NCA အခမ်းနားပြီးရင် တက်ဖို့ကကျတော့ တစ်ဖွဲ့ကို ၃ ဦး ထပ်ပြီးတော့ ဖိတ်တယ်။ ဖိတ်စာ (၃) မျိုးရောက်ပါတယ်။

မေး။ ။ PNLO အနေနဲ့ကော ဒီအစီစဉ်ကို တက်ရောက်ဖို့ အစီစဉ်ရှိပါသလား။

ဖြေ။ ။ တက်ရောက်ဖို့ အစီစဉ်ရှိတယ်။ နောက်ပြီးတော့ တက်ရောက်ဖို့ လူစာရင်းတွေလည်း ပေးသွားတာ ကျနော်တို့ တွေ့ရပါတယ်။ လက်မှတ်ထိုးထားတဲ့ အဖွဲ့အားလုံးတက်မဲ့ သဘောရှိပါတယ်။

မေး။ ။ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အားလုံးဆိုရင် ၁၀ ဖွဲ့လုံးက တက်ဖို့ရှိတာလား။

ဖြေ။ ။ ၁၀ ဖွဲ့လုံးကတော့ မပြောတတ်ဘူး။ ၈ ဖွဲ့ လောက်ကတော့ သေချာတယ်။ ကြည့်ရတဲ့ပုံပေါ့။ ၂ ဖွဲ့ကတော့ အနီးကပ်မှ သိလို့ရမယ်။ တက်မယ် မတက်ဘူးဆိုတာတော့ ။ အဲ့ ၂ ဖွဲ့ ကတော့ ဖြစ်နိုင်ချေ နည်းတာပေါ့လေ။ KNU နဲ့ CNFပေါ့။ သူတို့ကတော့ သွားချင်သွားမယ်။ မသွားချင်လည်း မသွားဘူး။ ဒါမဲ့ သူတို့ဘာမှ မပြောသေးဘူး။ ဖိတ်စာတော့ ရပြီသူတို့က။

မေး။ ။ ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းအတွင်းမှာလည်း ကရင်အမျိုးသားအစည်းရုံး KNU ဘက်ကနေ NCA ပျက်ပြယ်သွားပြီလို့ ထုတ်ပြန်ပြောဆိုလာတာတွေရှိပါတယ်။ ဒီအပေါ်မှာ ဆရာအနေ နဲ့ ဘယ်လို ထင်မြင်ပါသလဲ။

ဖြေ။ ။ အဲတာကတော့ emotion နဲ့ ပြောတာပါ။ ခံစားချက်နဲ့ ပြောတာပါ။ NCA က လူတစ်ယောက်ပြောလို့ အဖွဲ့တစ်ခုပြောလို့ ပျက်ပြယ်တယ်လို့ မရှိပါဘူး။ NCA က ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ စာတမ်းဖြစ်သွားပြီ။ လွှတ်တော် အတည်ပြုထားတဲ့ စာတမ်းတစ်ခုက လူတစ်ယောက်က ပျက်ပြီလို့ ပြောတာနဲ့ မပျက်နိုင်ပါဘူး။ ဒါကြောင့် သူတို့က ပျက်ပြီလို့ပြောတာက မခံချင်စိတ်နဲ့ emotionပေါ့။ ဥပဒေရှု့ထောင့် ၊ တရားဝင်မှု ရှု့ထောင့် ၊ တစ်ခြားရှု့ထောင့် မပါဘူး။ တစ်ဖွဲ့က စွပ်စွဲတယ်။ တစ်ခြားအဖွဲ့က NCA ကို မလိုက်နာဘူး။ မလိုက်နာဘူး ဘာဖြစ်သေးလဲ NCA ကတော့ ပျက်ပြီပဲ။ ဒီစကားရည်လုပွဲမှာ အနိုင်ရချင်လို့ ပြောတဲ့ပုံမျိုးပါ။ ဥပဒေ အကြောင်းအရ ပြောတာမဟုတ်ပါဘူး။ အဲကြောင့် ပျက်ပြယ်တယ်ဆိုတာ လွယ်လွယ်နဲ့ မပျက်ပြယ်ပါဘူး။ ပြောတဲ့လူရဲ့ စိတ်ဆန္ဒအရ ပြောတာပါ။

မေး ။ ။ နစက ဘက်ကနေ NCA လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်တယ်လို့ပြောတယ်။ ဒီအပေါ်မှာကော လက်မှတ်မထိုးထားတဲ့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်တွေ လာတက်မယ်လို့ ထင်မြင်ပါသလဲ။

ဖြေ။ ။ ဘယ်အဖွဲ့တက်မတက်တော့ မသိဘူး။ မြောက်ပိုင်းက နေပြည်တော် ဆွေးနွေပွဲလာတဲ့ အဖွဲ့ရှိတယ်လေ။ အဲတာကတော့ (၃) ဖွဲ့ရှိတယ်။ NCA လက်မှတ်မထိုးပဲနဲ့ နေပြည်တော်မှာ ဆွေးနွေးပွဲလုပ်တိုင်း အမြဲလာတဲ့ အဖွဲ့ရှိတယ်။ “ဝ” ရယ်၊ မိုင်းလားရယ် SSPP ရယ်၊ ဒီ (၃) ဖွဲ့ကတော့ နေပြည်တော်က ဖိတ်ရင်တော့ အခမ်းနားကိုလာမှာပေါ့။ ကျန်တဲ့အဖွဲ့တွေတော့ မပြောတတ်ဘူး။ ဘယ်သူတွေလည်းပါလာမလဲဆိုတာကိုတော့။ အားလုံးကိုတော့ ဖိတ်မယ်ဆိုတာတော့ သိတယ်။ လက်မှတ်ထိုးတဲ့သူလည်း ဖိတ်တယ်။ မထိုးတဲ့သူလည်း ဖိတ်တယ်။ ဖိတ်တဲ့အပေါ်မှာ လာပြီးတော့ တက်ရင်တော့ အခွင့်ရေး ၂ ခုရတာပေါ့။ လက်ရှိ SAC ကို ဘာပြောချင်လဲ ပြောခွင့်ရတယ်။ နံပါတ် ၂ ကတော့ တိုင်းရင်းသားအဖွဲ့စည်းတွေ အချင်းချင်းတွေ့ရတာပေါ့။ အဲခွင့်ရေး ၂ ခုတော့ ရတာပေါ့။

မေး ။ ။ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ကရင်အမျိုးသားအစည်းရုံးကနေ NCA ပျက်ပြယ်ပြီးလို့ ပြောဆိုပြီးတဲ့နောက်ပိုင်း ဆရာအနေနဲ့လည်း NCA ကို ပြန်လည်သုံးသပ်မယ်လို့ ပြောဆိုထားတာတွေရှိတယ်။ ဒီအပေါ်ကော အခြေနေ ဘယ်လိုရှိနေပါသလဲ။

ဖြေ ။ ။ ပြန်လည်သုံးသပ်မယ်ဆိုတာကလည်း အခုလို ၈ နှစ်မြောက် NCA လက်မှတ်ရေးပွဲကို စုစည်းပြီးတော့ ပြန်လုပ်တာ NCA လက်မှတ်ကို ပြန်သုံးသပ်ဖို့ပေါ့။ NCA ကို ဘယ်သူတွေက ဖောက်နေလဲ။ အကောင်ထည်ဖော်လို့ မရတာ ဘာကြောင့်လဲ၊ NCA အကောင်ထည်ဖော်နိုင်အောင် ဘယ်လိုဆက်လုပ်မလဲ။ ဒါတွေတိုင်ပင်ရမယ့် ကိစ္စလေ။ ဒါကြောင့် NCA ထိုးထားတဲ့သူက ဒီနှစ်ပတ်လည်မှာ ဆုံလို့ရှိရင်တော့ ပြန်သုံးသပ်တဲ့သဘော နဲ့ NCA ကို အကောင်ထည်ဖော်ဖို့ နည်းလမ်းရှာတဲ့ ဆွေးနွေးမှုတော့ ရှိလာမှာပေါ့။

မေး။ ။ ဒါဆို ဒီ (၈) နှစ်ပြည့် အခမ်းနားမှာ EAOs တွေ အနေနဲ့ကော ဘယ်လိုခေါင်းစဉ်မျိုးနဲ့ သွားဆွေးနွေးဖို့ရှိပါသလဲ။

ဖြေ။ ။ ဒါတော့မပြောတတ်ဘူး။ EAOs တွေကတော့ သူ့ဟာနဲ့ သူပဲ။ ဒါပေမဲ့ NCA ကို ဘယ်လို ဆက်လက်အကောင်ထည်ဖော်မလဲ။ NCA မှာ ပြောထားတဲ့ အရပ်သားတွေကို ကာကွယ်ရမယ်ဆိုတာ ဘယ်လိုလုပ်မလဲ။ NCA ပြောထားတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်ထားပေးနိုင်ရေးကို ဘယ်လိုဆက်လုပ်မလဲ၊ NCA ပြဌာန်းချက်က ၃၃ ချက်နဲ့ရှိပါတယ်။ ၃၃ ချက်မှာ နံပါတ် ၉ နဲ့ ၁၀ က အရပ်သား ကာကွယ်ပေးရမယ်ဆိုတဲ့အချက်ပါတယ်။ လူသားချင်း စာနာကူညီထောက်ထားရေးကို နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ အလုပ်လုပ်ရမယ်ဆိုတာပါတယ်။ တစ်ခြားကို မလုပ်နိုင်ရင် ခနထားအုံး။ အဲဒီ အလုပ်ကိုလုပ်နိုင်ဖို့က အခုဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို အကူညီပေးနိုင်ဖို့က NCA ပြဌာန်းချက်ကို လိုက်လုပ်မှရမှာကို။ ဒါကြောင့် ဘယ်လိုလုပ်မလဲဆိုတာကို တိုင်ပင်ဖို့တော့ လိုတာပေါ့။ ဒီခေါင်းစဉ်ကတော့ ဆွေးနွေးရမယ်လို့ ကျနော်ကတော့ ထင်တယ်။

မေး ။ ။ တစ်ဖက်မှာလည်း လက်နက်ကိုင်လို့ပြောရင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေလည်း ပေါ်ပေါက်လာတာရှိတယ်။ ဒီအဖွဲ့တွေကိုကော စစ်ကောင်စီအနေနဲ့ ဖိတ်မယ်လို့ထင်ပါသလား။

ဖြေ။ ။ အဲဒီ အဖွဲ့တွေကိုတော့ ဖိတ်မယ်လို့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အကြမ်းဖက်ဆိုတဲ့ အဖွဲ့စည်းဆိုပြီးတော့ ဆိုင်းဘုတ်တပ်ထားတာ။ အကြမ်းဖက် အဖွဲ့စည်းကိုတော့ သူဖိတ်မှာ မဟုတ်ဘူး။ NCA ထိုးထားတဲ့ အဖွဲ့စည်းတွေက အကြမ်းဖက်အဖွဲ့စည်းကနေ ကင်းလွတ်သွားပြီ။ တိုက်ချင်ရင်လည်း တိုက်ပလေ့စေ။ အခုဆိုလည်း CNF၊ KNU တို့ တိုက်နေတာပဲ။ သူတို့က လက်မှတ်ထိုးထားတယ်။ ဒါကြောင့် သူတို့ကို အကြမ်းဖက် အဖွဲ့စည်းလို့ မကြေညာဘူး။ နောက်ပြီးတော့ သူတို့က မတရားအသင်းလည်း မဟုတ်ဘူး။ NCA ထိုးတဲ့အဖွဲ့က မတရားအသင်းလို့လည်း စွပ်စွဲလို့ မရတော့ဘူး။ မထိုးသေးတဲ့ အဖွဲ့စည်းတွေကတော့ အကြမ်းဖက် အဖွဲ့စည်းလို့ ဖြစ်နိုင်တယ်။ မတရားအသင်းလည်းဖြစ်နိုင်တယ်။ ဒါကြောင့် ဒီအဖွဲ့တွေ သူဖိတ်မယ်မထင်ဘူး။

မေး ။ ။ ဟုတ်ကဲ့ ။ လက်နက်ကိုင်တပ်ဖွဲ့တွေ များပြားလာတဲ့အပေါ်မှာကော ဒီဆွေးနွေးပွဲက တကယ် ငြိမ်းချမ်းရေးကော ရနိုင်မှာလား။

ဖြေ။ ။ ငြိမ်းချမ်းရေးကတော့ တကယ်မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ တစ်နေ့တော့ ဖြစ်လာမယ်။ ငြိမ်းချမ်းရေးဆိုတာက လက်နက်နဲ့ တိုက်ယူနေလို့တော့ မရဘူး။ ဆွေးနွေးပွဲ လုပ်ယူမှရမှာ။ ဒါကြောင့် တိုက်နေသမျှတော့ ငြိမ်းချမ်းရေးလည်း မဖြစ်နိုင်ဘူး။ ဆွေးနွေးလို့လည်း မရဘူး။ မတိုက်တဲ့အဖွဲ့ကပဲ ငြိမ်းချမ်းရေးကို တစ်နိုင်ငံလုံး မရပေမဲ့လည်း တစ်ကွက်ချင်း တစ်ကွက်ချင်းပေါ့။ သူ့အစုအဖွဲ့ သူ့ဧရိယာမှာတော့ တစ်စုံတစ်ရာတည်ငြိမ်မှုတော့ လုပ်နိုင်တာပေါ့။ တိုက်နေတဲ့နေရာမှာတော့ ငြိမ်းချမ်းရေးမရှိဘူး။ မတိုက်တဲ့နေရာမှာတော့ ငြိမ်းချမ်းရေးရှိတယ်။ ဥပမာ ဝ ပြည်နယ်မှာဆိုရင် ငြိမ်းချမ်းရေးရှိတယ်။ ဝ မှာ ဘာတိုက်ပွဲမှမရှိဘူး။ ဘာပဋိပက္ခမှ မရှိဘူး။ စစ်ဘေးစစ်ရှောင်လည်း မရှိဘူး။ ရွာမီးလောင်တာလည်း မရှိဘူး။ ဗုံးကြဲတာလည်း မရှိဘူး။ သူဘာသူ အေးဆေးပဲနေတယ်။ ဒါတောင် သူ NCA လက်မှတ်မထိုးထားဘူး။ သို့သော်လည်းပဲ NCA မှာပါတဲ့ အပစ်ခတ်ရပ်စဲရေးကို သူလိုက်နာတယ်။ အဲတာကြောင့် သူအေးဆေးနေနိုင်တာပေါ့။ အဲသလိုတော့ ကွာသွားတာပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ မမေးမိတာတွေကို ဘာများထပ်ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ ရှင်းရှင်းပြောရင်တော့ NCA ဆိုတာက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ပဲ။ ဒါကြောင့် စာချုပ်ရဲ့ ရည်ရွယ်ချက်က ပစ်ခတ်တိုက်ခိုက်မှုတွေဟာ တစ်ကွက်ချင်းတစ်ကွက်ချင်းမဟုတ်ပဲနဲ့ တစ်နိုင်ငံလုံး စကားပြောနိုင်ရင် ဒါဆိုရင်တော့ ငြိမ်းချမ်းရေးကို လက်စရှာနိုင်တာပေါ့။ ငြိမ်းချမ်းရေးဆိုတာ တစ်ခါထဲ ရနိုင်တာမဟုတ်ဘူး။ ဆွေးနွေးရင်းနဲ့ လုပ်ငန်းစဉ်တစ်ခုလုံး အရှည်ကြီး နှစ်ပေါင်းအကြာကြီးသွားမှ ငြိမ်းချမ်းရေးဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် ရသွားနိုင်တဲ့ သဘောမျိုးပေါ့။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာက အဲတာပါပဲ။ ဒါကြောင့် NCA က ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ဖို့အတွက် ပထမခြေလှမ်းဖြစ်တယ်လို့ နိဂုံးချုပ်ပြောချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...