Wednesday, January 28, 2026

NDAA မိုင်းလားတပ်ဖွဲ့ဝင် ကေဒါ အရာရှိငယ် ၁၀၀ ကျော် သင်တန်းဆင်းပွဲ ပြုလုပ်

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့ အခြေစိုက် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) မိုင်းလား တပ်ဖွဲ့ဝင် ၁၀၀ ကျော်အတွက် စတုတ္ထအကြိမ်မြောက် ကေဒါအရာရှိငယ် သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ ၁ ရက်တွင် NDAA တပ်ဖွဲ့ အခြေစိုက် လှုပ်ရှားရာ အထူးဒေသ (၄) မှ မိုင်းလား တပ်ဖွဲ့ဝင် ၁၀၀ ကျော်ပါဝင်သည့် ကေဒါအရာရှိငယ် သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း NDAA အတွင်းရေးမှူး ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit ( မိုင်းလားတပ်ဖွဲ့ဝင် ကေဒါ အရာရှိငယ် ၁၀၀ ကျော် သင်တန်းဆင်းပွဲပြုလုပ်)

“ဒါက စတုတ္ထအကြိမ်မြောက် ဖြစ်သွားပြီ၊ သူတို့ဟာ တပ်ထဲမှာ ၊ ဒေသထဲမှာ လုပ်ငန်းတွေ ထူးချွန်တဲ့ သူတွေဖြစ်တယ်၊ အလားအလာကောင်းတယ်ဆိုပြီးတော့ ဒီသင်တန်းကို တက်ရတယ်၊ သူတို့ သင်တန်းတက်ပြီး အရည်အချင်း မြင့်တင်ပြီးတဲ့အခါ သူတို့ကို တခြားပိုပြီး အရေးကြီးတာဝန်တွေ ပေးအပ်တဲ့ အခါ သူတို့လုပ်နိုင်အောင် သင်တန်းပေးတဲ့ သဘောပေါ့” ဟု NDAA အတွင်းရေးမှူး ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

NDAA ၏ ကေဒါ အရာရှိငယ် သင်တန်းသည် ၂၁ လကြာမြင့်ပြီး တပ်ဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များမှ အလှည့်ကျဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားပေးသည့် သင်တန်းဖြစ်ကြောင်းလည်း ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

Photo – Credit ( မိုင်းလားတပ်ဖွဲ့ဝင် ကေဒါ အရာရှိငယ် ၁၀၀ ကျော် သင်တန်းဆင်းပွဲပြုလုပ်)

အဆိုပါ NDAA မိုင်းလားတပ်ဖွဲ့ဝင် ကေဒါအရာရှိငယ် သင်တန်းဆင်းပွဲကို ဒုတိယ ဥက္ကဌ Wu SnagBai ၊ လက်ထောက်တပ်မှူး Li ZhengLong၊ အထူးဒေသ အုပ်ချုပ်ရေး အစိုးရ Yan Xiang La နှင့် အထွေထွေ အတွင်းရေးမှူး Ah Liu နှင့် တခြားတာဝန်ရှိ ပုဂ္ဂိုလ်များစွာလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်း ကေဒါ အရာရှိငယ် သင်တန်းဆင်းပွဲတွင် ဒုတိယ ဥက္ကဌ Wu SangBai မှ အရေးကြီး လမ်းညွှန်စကား ပြောကြားပြီး၊ သင်တန်းသားများမှ ကိုယ်စားလှယ်တစ်ဦး ကျေးဇူးတင်စကား ပြောဆိုခဲ့ကြောင်း မိုင်းလား Wechat Channel လူမှုကွန်ယက်စာမျက်နှာကလည်း ထုတ်ပြန်ထားသည်။

“သင်တန်းသား ၁၄၁ ဦး အားလုံး သင်တန်းကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်၊ အဲ့ထဲက သင်တန်းသား ၂ ဦးက စံပြ ထူးချွန်ဆု ချီးမြှင့်ခံရပြီး၊ နောက်ထပ် သင်တန်းသား ၁၆ ဦးက ထူးချွန်ဆု ချီးမြှင့်ခံရတယ်။ ကျန်တဲ့ သင်တန်းသားတွေ အားလုံးကလည်း သင်တန်းပြီးမြှောက်ကြောင်း ဘွဲ့လက်မှတ်တွေ ရရှိတယ်” ဟု မိုင်းလား Wechat Channel က ထုတ်ပြန်ပြောဆိုထားသည်။

သင်တန်း အောင်မြင်ပြီးဆုံးသွားသည့် NDAA ကေဒါ အရာရှိငယ်များသည် မိမိတို့ သင်ယူခဲ့သော အရည်အချင်းများကို သတ္တိရှိရှိ အသုံးချတတ်ရန် လိုအပ်ပြီး၊ ကျိုးနွံသော၊ မောက်မာမှုမရှိသော အလုပ်ပုံစံကို ထိန်းသိမ်းထားရန်၊ အရည်အချင်း ပြည့်မှီသော စစ်သူကြီးဖြစ်လာရန် ကြိုးပမ်းရန် လိုအပ်ကြောင်းလည်း Wechat Channel က ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...