NDAA မိုင်းလားတပ်ဖွဲ့ဝင် ကေဒါ အရာရှိငယ် ၁၀၀ ကျော် သင်တန်းဆင်းပွဲ ပြုလုပ်

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့ အခြေစိုက် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) မိုင်းလား တပ်ဖွဲ့ဝင် ၁၀၀ ကျော်အတွက် စတုတ္ထအကြိမ်မြောက် ကေဒါအရာရှိငယ် သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ ၁ ရက်တွင် NDAA တပ်ဖွဲ့ အခြေစိုက် လှုပ်ရှားရာ အထူးဒေသ (၄) မှ မိုင်းလား တပ်ဖွဲ့ဝင် ၁၀၀ ကျော်ပါဝင်သည့် ကေဒါအရာရှိငယ် သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း NDAA အတွင်းရေးမှူး ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit ( မိုင်းလားတပ်ဖွဲ့ဝင် ကေဒါ အရာရှိငယ် ၁၀၀ ကျော် သင်တန်းဆင်းပွဲပြုလုပ်)

“ဒါက စတုတ္ထအကြိမ်မြောက် ဖြစ်သွားပြီ၊ သူတို့ဟာ တပ်ထဲမှာ ၊ ဒေသထဲမှာ လုပ်ငန်းတွေ ထူးချွန်တဲ့ သူတွေဖြစ်တယ်၊ အလားအလာကောင်းတယ်ဆိုပြီးတော့ ဒီသင်တန်းကို တက်ရတယ်၊ သူတို့ သင်တန်းတက်ပြီး အရည်အချင်း မြင့်တင်ပြီးတဲ့အခါ သူတို့ကို တခြားပိုပြီး အရေးကြီးတာဝန်တွေ ပေးအပ်တဲ့ အခါ သူတို့လုပ်နိုင်အောင် သင်တန်းပေးတဲ့ သဘောပေါ့” ဟု NDAA အတွင်းရေးမှူး ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

NDAA ၏ ကေဒါ အရာရှိငယ် သင်တန်းသည် ၂၁ လကြာမြင့်ပြီး တပ်ဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များမှ အလှည့်ကျဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားပေးသည့် သင်တန်းဖြစ်ကြောင်းလည်း ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

Photo – Credit ( မိုင်းလားတပ်ဖွဲ့ဝင် ကေဒါ အရာရှိငယ် ၁၀၀ ကျော် သင်တန်းဆင်းပွဲပြုလုပ်)

အဆိုပါ NDAA မိုင်းလားတပ်ဖွဲ့ဝင် ကေဒါအရာရှိငယ် သင်တန်းဆင်းပွဲကို ဒုတိယ ဥက္ကဌ Wu SnagBai ၊ လက်ထောက်တပ်မှူး Li ZhengLong၊ အထူးဒေသ အုပ်ချုပ်ရေး အစိုးရ Yan Xiang La နှင့် အထွေထွေ အတွင်းရေးမှူး Ah Liu နှင့် တခြားတာဝန်ရှိ ပုဂ္ဂိုလ်များစွာလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်း ကေဒါ အရာရှိငယ် သင်တန်းဆင်းပွဲတွင် ဒုတိယ ဥက္ကဌ Wu SangBai မှ အရေးကြီး လမ်းညွှန်စကား ပြောကြားပြီး၊ သင်တန်းသားများမှ ကိုယ်စားလှယ်တစ်ဦး ကျေးဇူးတင်စကား ပြောဆိုခဲ့ကြောင်း မိုင်းလား Wechat Channel လူမှုကွန်ယက်စာမျက်နှာကလည်း ထုတ်ပြန်ထားသည်။

“သင်တန်းသား ၁၄၁ ဦး အားလုံး သင်တန်းကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်၊ အဲ့ထဲက သင်တန်းသား ၂ ဦးက စံပြ ထူးချွန်ဆု ချီးမြှင့်ခံရပြီး၊ နောက်ထပ် သင်တန်းသား ၁၆ ဦးက ထူးချွန်ဆု ချီးမြှင့်ခံရတယ်။ ကျန်တဲ့ သင်တန်းသားတွေ အားလုံးကလည်း သင်တန်းပြီးမြှောက်ကြောင်း ဘွဲ့လက်မှတ်တွေ ရရှိတယ်” ဟု မိုင်းလား Wechat Channel က ထုတ်ပြန်ပြောဆိုထားသည်။

သင်တန်း အောင်မြင်ပြီးဆုံးသွားသည့် NDAA ကေဒါ အရာရှိငယ်များသည် မိမိတို့ သင်ယူခဲ့သော အရည်အချင်းများကို သတ္တိရှိရှိ အသုံးချတတ်ရန် လိုအပ်ပြီး၊ ကျိုးနွံသော၊ မောက်မာမှုမရှိသော အလုပ်ပုံစံကို ထိန်းသိမ်းထားရန်၊ အရည်အချင်း ပြည့်မှီသော စစ်သူကြီးဖြစ်လာရန် ကြိုးပမ်းရန် လိုအပ်ကြောင်းလည်း Wechat Channel က ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

မိုင်းလားမြို့သို့ NSPNC ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီး NDAA ခေါင်းဆောင်များနှင့် ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီး မိုင်းလားတပ်ဖွဲ့ NDAA ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) တွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) ထိန်းချုပ်ထားသည့် မိုင်းလားမြို့သို့ စစ်အစိုးရဘက်မှ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...