သိန္နီမြို့နယ် ကားလမ်းပိတ်ပြီး KIA တပ်မှ ဆက်ကြေး ထပ်မံကောက်ခံနေ

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၈)ရက် တွင် ကချင်လွတ်လပ်ရေး တပ်မတော် ( KIA )တပ်မှ ကားလမ်းပိတ်ပြီး ဆက်ကြေး ထပ်မံ ကောက်ခံနေကြောင်း သတင်းရရှိသည်။

ကားကို ကန့်လန့်ဖြတ်ပိတ်ပြီး ဆက်ကြေးကောက်နေသည့် KIA

ယနေ့ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် KIA စခန်းချ နေထိုင်ရာ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စု၊ ကွန်ကောက်ဘုန်းကြီးကျောင်းရှေ့ ၌ ကုန်တင် ကားများကို လမ်းကန့်လန့်ဖြတ် ရပ်နားစေပြီး ကားသမားများထံမှ ဆက်ကြေးကောက်ခံနေကြောင်း အသက် (၂၀) ကျော် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“KIA က ဆက်ကြေးလာကောက်တာ၊ သူတို့ ဆက်ကြေးကောက်တဲ့ အချိန် တခြား ကားတွေ ဖြတ်သွားဖြတ်လာ လုပ်လို့ မရအောင်လည်း ကုန်တင်ကားတွေကို လမ်းပိတ်ရပ်ခိုင်းထား တယ်၊ သူတို့ဆီ ဆက်ကြေး မပေးမချင်း ရှေ့ဆက်သွားလို့လည်း မရဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ လူငယ် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

KIA တပ်ဖွဲ့သည် ကုန်တင်ကားသမားများထံမှ တစ်နှစ်စာ ဘီးလိမ့်ခွန်ကို မြန်မာငွေကျပ် ၁၀ သိန်း နှင့် အထက် တောင်းခံပြီး၊ သယ်ဆောင်လာသည့် ကုန်ပစ္စည်းအမျိုးအစားပေါ် မူတည်ကာ မြန်မာငွေကျပ် သိန်း ၂၀ မှ ၈၀ (၁၀၀ နီးပါး) အထိ ထပ်မံပေးဆောင် စေကြောင်းလည်း သိရသည်။

ကားကို ကန့်လန့်ဖြတ်ရပ်ပြီး ဆက်ကြေးကောက်နေသည့် KIA

အဆိုပါ KIA ဆက်ကြေးကောက်ယူနေသည့် လမ်းပိုင်းသည် သိန္နီ- ကွန်လုံ- ချင်းရွှေဟော် ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး၊ ချင်းရွှေဟော်သည် တရုတ်နယ်စပ်မြို့၊ နယ်စပ် ကုန်သွယ်ရေးဇုံ ရှိသည့်မြို့ဖြစ်ကာ ကုန်တင်ကားများ သွားလာဖြတ်သန်းသည့် လမ်းပိုင်းလည်းဖြစ်သည်။

ထို့ပြင် ယနေ့ (အောက်တိုဘာလ ၈) ရက် တွင် ပစ်ခတ်မှု မရှိသော်လည်း KIA တပ်ဖွဲ့သည် ကုန်ကောက်ကျေး ရွာမှ ပြောင်းရွှေ့ကာ တန့်ခန်ကျေးရွာ (ဝၢၼ်ႈတၢင့်ၶၢၼ်) နှင့် နောင်မောင်းကျေးရွာ (ဝၢၼ်ႈၼွင်မွင်း) ကြားတို့၌ ဆက်ကြေး ဆက်လက်ကောက်ခံ နေလျက်ရှိကြောင်းလည်း ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“KIA ပြောင်းသွားတဲ့ နေရာက သိန္နီ ကနေ ကွန်လုံကို သွားတဲ့ လမ်းမကြီး ဘေးမှာပဲ၊ အဲ့ဒါက ဟိုဘက် (ကွန်လုံ) ထွက်တဲ့လမ်းနဲ့ ပိုပြီး နီးသွားတာပေ့ါ၊ မနေ့က စစ်ကောင်စီ ကလည်း လက်နက်ကြီးနဲ့ ပစ်ကြတော့၊ အဲ့ဒါကို ရှောင်တာလည်း ဖြစ်နိုင်တယ်၊ အကောင်းဆုံးကတော့ သူတို့ရှိတဲ့ နေရာကို မသွားတာပဲ၊ သွားရင်လည်း ပိုက်ဆံပေးရမှာ” ဟု အထက်ပါ အမျိုးသားက ဆက်ဆိုသည်။

ယမန်နေ့ အောက်တိုဘာလ (၇) ရက်နေ့ ၁၀ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် ၊ ကွန်ကောက်ကျေးရွာ အတွင်း အခွန် ကောက်နေသည့် KIA တပ်နှင့် စစ်ကောင်စီ တပ်တို့သည် လက်နက်ကြီးဖြင့် အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပြီး ကွန်ကောက်ဘုန်းကြီး ကျောင်းဝန်းအတွင်း လက်နက်ကြီးကျကွဲပြီး ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့သည်။

ယင်းကဲ့သို့ လက်နက်ကြီးဖြင့် အချင်းချင်း ပစ်ခတ်မှုများကြောင့် ကွန်ကောက်ကျေးရွာ (ဝၢၼ်ႈၵုၼ်ၵွၵ်ႇ) မန်ဟေကျေးရွာ(မၢၼ်ႈႁေ)၊ တန့်ခန်ကျေးရွာ (ဝၢၼ်ႈတၢင်ႉၶၢၼ်) နှင့် နောင်မောင်းရွာ (ဝၢၼ်ႈၼွင်မွင်း) စသည့် ကျေးရွာများနှင့် အနီးပတ်ဝန်းကျင်မှ ဒေသခံများ စုစုပေါင်း (၅၀၀)ကျော်သည်လည်း စစ်ရှောင်ထွက်ပြေးရကြောင်း သိရသည်။

အဆိုပါ စစ်ရှောင်များသည် ဟိုမိန်းဘုန်းကြီးကျောင်း၊ ဖိုင်ခမ်း ဘုန်းကြီးကျောင်း နှင့် မြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုးများထံသို့ ရောက်ရှိခိုလှုံနေရကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...