Thursday, February 12, 2026

စစ်ကောင်စီ

နမ့်ခမ်းမြို့ တိုက်ပွဲကြောင့် စစ်ရှောင် (၁,၅၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရ

မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် စစ်ရှောင် (၁,၅၀၀) ကျော် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယမန်( နိုဝင်ဘာလ ၃ ရက် ) နံနက်အစောပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်)...

နောင်ချိုတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၁ ‌ထောင်ကျော် ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ပြင်းထန်နေခြင်းကြောင့် စစ်ဘေးရှောင် ၁ ‌ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စုံစမ်းသိရသည်။ ပြင်ဦးလွင်မြို့မှ နောင်ချိုမြို့သို့ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် မန္တလေး-PDF...

မူဆယ်မြို့နယ် ကတုတ်ကျင်း ပြိုကျမှုကြောင့် ၂ ဦးသေဆုံး

သျှမ်းပြည် မူဆယ်မြို့နယ် ဗုံးခိုကျင်း (ကတုတ်ကျင်း) မြေပြိုကျမှုကြောင့် သားအမိနှစ်ယောက် သေဆုံးခဲ့ကြောင်း စုံစမ်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် နမ့်ခွမ်ကျေးရွာတွင် နိုဝင်ဘာ (၁)ရက် မွန်းလွဲပိုင်း လက်နက်ကြီးသံကြောင့် ကတုတ်ကျင်း ထဲသွားရောက်ခိုလှုံရာ မတော်တဆ မြေပြိုမှုသေဆုံးခဲ့ပြီး၊ ယမန်နေ့ (နိုဝင်ဘာ ၂)ရက် တွင် ဒေသခံများက...

လားရှိုးမြို့နယ် စစ်ကောင်စီဝင်ရောက် နယ်မြေရှင်းလင်း၊ လမ်းမပေါ်ရှိ အရပ်သား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်နယ်မြေရှင်းရေး ပြုလုပ်နေစဉ် လမ်းမပေါ်ရှိ အရပ်သား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ( နိုဝင်ဘာလ ၂ ရက် ) မွန်းလွဲ ၃ နာရီကျော် အချိန်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ အုပ်စုအတွင်းသို့...

ကွမ်းလုံမြို့ပေါ် ပြည်သူများကို မြို့မှထွက်ခွာရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ သတိပေး

သျှမ်းပြည် ကွမ်းလုံမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများကို မြို့မှထွက်ခွာရန် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ သတိပေးလာကြောင်း စုံစမ်းသိရသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်)က ကွမ်းလုံမြို့တွင် တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး ကွမ်းလုံမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများကို မြို့မှထွက်ခွာရန်...

နမ့်ခမ်းမြို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ( နိုဝင်ဘာလ ၃ ရက်) နံနက်အစောပိုင်းမှစပြီး နမ့်ခမ်းမြို့ အောင်မြတ်သာ ရပ်ကွက်အတွင်း...

ကလောမြို့က ‌မြေလျှောက် ဝိဇ္ဇာများ

စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ရက်အနည်းငယ် အတွင်း ကလောမြို့ အ‌ခြေစိုက် တပ်မ (၅၅) တပ်မမှူးနှင့် စစ်ဦးစီး တက္ကသိုလ် ကျောင်းအုပ်ကြီး ဦးဆောင်သည့် ထိပ်တန်း စစ်အရာရှိများ၏ ပထမဆုံး လှုပ်ရှားမှု အဖြစ်...

မူဆယ် ဖုန်းလိုင်း ပြတ်တောက်

မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့တွင် ဖုန်းလိုင်းများ ပြတ်တောက်မှု ရှိနေကြောင်း ဒေသခံများက ပြောသည်။ သျှမ်းပြည် မူဆယ်မြို့ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် MPT ၊ Telenor နှင့် Ooredoo ဆင်းကဒ် အသုံးပြုသူများ ဖုန်းလိုင်း...

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး

သျှမ်းပြည် ကွတ်ခိုင်မြို့ ကာလိုင်ကျေးရွာ နှင့် နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပျက်စီးဆုံရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။ ကွတ်ခိုင်မြို့ ကာလိုင်ကျေးရွာတွင် နိုဝင်ဘာလ ၂ ရက် နေ့လည် ၂...

သိန္နီတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံး

သျှမ်းပြည် သိန္နီမြို့အတွင်း ပိုင်ရှင်မဲ့ လက်နက်ကြီးတစ်လုံး ပြည်သူနေအိမ်အပေါ် ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး နေအိမ်မှာလည်း ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁ ရက်) ညနေ ၃ နာရီအချိန်ခန့်တွင် သိန္နီမြို့မှ ကွတ်ခိုင်သို့အတက် လမ်းခွဲ ကုန်းထိပ်နားတွင် ဝက်သားချဉ်ရောင်းသည့် အိမ်ကို...

Latest news