ခက်ခဲတဲ့ နယ်စပ်ကုန်သွယ်ရေးဇုန်က တပိုင်တနိုင် အမျိုးသမီးများ

လက်နှစ်ဖက်မှာ လေးလံတဲ့ သစ်သီးဖာကြီးကို ကိုင်ဆွဲထားပြီး၊ ကျောပေါ်မှာလည်း ကလေးကိုချီပိုးထားသလို ကုန်ပစ္စည်းတွေကို ပိုးထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ ယိမ်းယိုင်တဲ့ ခြေလှမ်း နဲ့ လမ်းလျှောက်နေပါတယ်။

ပစ္စည်းတွေကို မနိုင်မနင်း နဲ့ ထမ်းရတဲ့အခါ အချို့တွေက ထမ်းပိုးနဲ့ ထမ်းကြသလို အချို့ကျတော့လည်း ဆိုင်ကယ် (weight) နဲ့ မမျှအောင် ကုန်ပစ္စည်း အများအပြားကို ထမ်းတင်ထားပြီး ဂိတ်အဝမှာ တန်းစီစောင့်နေကြရတာ မြင်တွေ့နေရပါတယ်။

Photo-Credit ( နယ်စပ်ဒေသမှာ ကုန်ထမ်းနေတဲ့ အမျိုးသမီး)

ဒီနေရာဟာ မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်မှာ ကုန်ထမ်းနေသူတွေ ဖြစ်ကြပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ တပိုင်တနိုင် ကုန်ထုတ်နေကြတာပဲ ဖြစ်ပါတယ်။

“ကျမတို့က တစ်ကီလို ကို ၁ ယွမ်ပဲ ရတယ်။ တကယ်လို့ ၂၀ ကီလို ထမ်းလာရင်လည်း ၂၀ ယွမ်ပဲရတယ် “ လို့ ကုန်ထမ်းနေသူ ကလေးမိခင်ဖြစ်တဲ့ နန်းမို (အမည်လွှဲ) ကပြောပါတယ်။

တရုတ်ငွေ ၁ ယွမ် ဟာ မြန်မာငွေ ကာလပေါက်စျေး ၄၀၀ ကျပ်ကျော်ရှိပါတယ်။ မြန်မာ – တရုတ်နယ်စပ်ဟာ တရုတ်ငွေကို အသုံးပြုကြပါတယ်။


ကုန်ထမ်းသမားတွေဟာ သစ်သီးဖာ နဲ့ ကြက်ဉဖာမှအပ အခြားကုန်ပစ္စည်းတွေကို အလေးချိန် ချိန်ပြီး တစ်ကီလို ကို ၁ ယွမ်နဲ့ တွက်ချက်ကာ ကုန်ထမ်းလုပ်အားခ ရကြတာပါ။

Photo-Credit ( နယ်စပ်ဒေသမှာ ကုန်ထမ်းနေတဲ့ အမျိုးသမီး)

ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၃ နှစ်ကျော်ကြာ ပိတ်ဆိုင်းထားရတဲ့ တရုတ်နယ်စပ်ဂိတ်တွေကို (စက်တင်ဘာ ၄ ) ရက်မှစပြီး ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ မြန်မာနိုင်ငံဘက်ကို တင်သွင်းမည့် ကုန်ပစ္စည်းနှင့်အတူ တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်ကိုင်သူများ စသဖြင့် နေ့စဉ်နယ်စပ်ဂိတ်တွေမှာ စည်ကားနေတာပါ။

ဧပြီလ နောက်ဆုံးပတ်ကနေစပြီး တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်မှာ တရုတ်အစိုးရ နဲ့ စစ်ကောင်စီ လက်အောက်ခံ အခွန်ကောက်ဌာနဘက်မှ ပုံမှန်အခွန်ဆောင်စနစ် ၃ ရာခိုင်နှုန်းအပေါ် ကားနဲ့ တင်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေ မမျှကြောင်း၊ ကုန်သွင်းကုန်ထုတ် ပစ္စည်းတွေကို တင်းကြပ် စစ်ဆေးမေးမြန်းစေချင်သောကြောင့် ယခုလို ကား နဲ့ သယ်ယူခွင့်ပြုတာ ပိတ်ပင်ပြီး လူ၊ ဆိုင်ကယ် နဲ့ ထမ်းသယ်ခိုင်းတာလို့ ကုန်ထမ်းသမားတွေက ပြောဆိုနေကြပါတယ်။

Photo-Credit ( နယ်စပ်ဒေသမှာ ကုန်ထမ်းနေတဲ့ အမျိုးသမီး)

ဒါပေမယ့် စစ်ကောင်စီဘက်က တရားမဝင် ကုန်သွယ်မှုကို နိုင်ငံတော်မှ တိုက်ဖျက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး နယ်စပ်ကုန်သွယ်မှုများတွင် တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံဝင်ငွေများကို ထိခိုက်နစ်နာစေလျက်ရှိသဖြင့် တရားဉပဒေ နဲ့ အညီ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလို ကန့်သတ်ချက်တွေ သတ်မှတ်လိုက်တာကြောင့် လက်ရှိမှာ တရုတ်နယ်စပ်ဒေသရှိ မူဆယ်မြို့မှ ကုန်ထမ်းသမားတွေဟာ လူအင်အားဖြင့်လည်းကောင်း၊ ဆိုင်ကယ်အားဖြင့် လည်းကောင်း ဝမ်းရေးအတွက် ခက်ခက်ခဲခဲနဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရပါတယ်။

“မနက် ၂ နာရီခွဲ၊ ၃ နာရီကထပြီး သွားစောင့်ရတာ။ အဲ့ဒီလို အစောကြီး ထသွားတာတောင်မှ နေရာမရှိဘူးရှင့်။ အဲ့မှာ ပြည်သူ့စစ်တွေ နေရာဦးပြီး တိုကင်ရောင်းပေးနေတာ“ လို့ နန်းမိုက ပြောပါတယ်။

Photo-Credit ( နယ်စပ်ဒေသမှာ ကုန်ထမ်းနေသူ)

တရုတ်ပြည်ဝင်ပြီး ကုန်တင်ဖို့အတွက် ကုန်ထမ်းသမားတွေဟာ ဆင်ဖြူဂိတ်မှာ တန်းစီပြီး စောင့်ဆိုင်းကြ ရပေမယ့် အဲ့ဒီ ဂိတ်မှာရှိတဲ့ ပြည်သူ့စစ် နဲ့ ရဲတပ်ဖွဲ့တွေက တိုကင်နံပါတ်ယူပြီး နေရာရောင်းချမှုတွေ ပြုလုပ်နေတာကြောင့် ကုန်ထမ်းသမားတွေအပေါ် မျှမျှတတ မရှိရာ တရားမျှတမှု လိုလားကြောင်း ပြောဆိုနေကြပါတယ်။

“ဘယ်လောက်ပဲ အစောထပြီး သွားစောင့်နေပါစေ၊ တိုကင်ဝယ်ထားတဲ့သူကို လုံးဝ မကျော်နိုင်ဘူး။ အဲ့လိုဖြစ်လို့ဘဲ ကျမတို့နဲ့ ရဲတွေက ပြဿာနာတက်သေးတယ်။ မျှတမှုဖြစ်အောင်တော့ အစောဆုံးလာတဲ့သူကို အရင်ပေးရမှာပေါ့။ အခုဟာက နေရာဝယ်ထားပြီး အစောကြီး ထသွားတဲ့သူအတွက် နေရာလည်း မရှိဘူး “ လို့ နန်းမိုက ပြောပါတယ်။

ပြည်သူ့စစ်တပ်ဖွဲ့အနေ နဲ့ နံနက်အစောပိုင်းအချိန်မှာ ဆိုင်ကယ်အစီးရေ ( ၂၀ မှ ၃၀) အထိ တိုကင်ယူထားပြီး နေရာရောင်းချပေးနေသလို၊ နေ့ခင်းဘက်မှာ ရဲတပ်ဖွဲ့မှ တိုကင်နံပါတ်ပေါင်း (၃၀၀) အထိယူပြီး ရောင်းချပေးနေတယ်လို့ ကုန်ထမ်းသမားတွေက ပြောကြပါတယ်။

Photo-Credit ( နယ်စပ်ဒေသမှာ ကုန်ထမ်းနေတဲ့ အမျိုးသမီး)

တိုကင်ရောင်းချမှု နည်းစနစ်မှာ ပြည်သူ့စစ်တပ်ဖွဲ့ဘက်မှ ဆိုင်ကယ် ၁ စီးကို ကျပ်ငွေ (၁၅,၀၀၀) ယူပြီး ရဲတပ်ဖွဲ့မှ ဆိုင်ကယ် ၁ စီးကို ကျပ်ငွေ (၁၀,၀၀၀) အထိယူပါတယ်။

အဲ့အပြင် ညအိပ်စောင့်တဲ့ ပြည်သူတချို့တွေက ဆိုင်ကယ်ဖြင့် နေရာဦးထားပြီး ဆိုင်ကယ် ၁ စီးကို (၁၅,၀၀၀) ကျပ်ဖြင့် နေရာလိုချင်သူကို ပြန်လည် ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကုန်ထမ်းအလုပ်သမားတွေဟာ တရုတ်ပြည်ဝင်ရန် တန်စီးရမယ့်နေရာကို ၎င်းတို့ထံမှ ပြန်လည်ဝယ်ယူရပါတယ်။

တရုတ်နယ်စပ်ဒေသရှိ ဆင်ဖြူဂိတ်မှာ တစ်ရက်ကို လူဦးရေ ထောင်နှင့်ချီ ဝင်ထွက်သွားလာနေကြပါတယ်။ ဒါ့ကြောင့် ကုန်ထမ်းသမားတချို့တွေဟာ နေ့စဉ် ကုန်ထမ်းနိုင်ဖို့အတွက် ပြည်သူ့စစ်ထံ တလစာ တိုကင်ဝယ်ယူထားရတာတွေလည်း ရှိလာပါတယ်။

Photo-Credit ( နယ်စပ်ဒေသမှာ ကုန်ထမ်းသယ်တဲ့ ဆိုင်ကယ်)

“ကုန်ပစ္စည်းတွေက ၁၀၀ ကီလို လောက်ပဲ သယ်နိုင်ရင်တော့ မကိုက်ဘူး။ တစ်ရက်မှာ ဂိတ်တစ်ခါဝင်တိုင်း ကျပ် ၁ သောင်းခွဲ ပေးရတယ်။ စားသောက်ဖို့ကလည်း ဝယ်စားရသေးတယ်။ ပြီးရင် ရဲတွေကို ဟိုမှာ ကျပ် ၁ ထောင်၊ ဒီမှာ ကျပ် ၁ ထောင် ပေးရသေးတယ်။ တစ်ရက်မှာရတဲ့ လုပ်အားခ ကျပ်ငွေ ၄ သောင်းလောက်ကတော့ သူများအတွက် အလကား ပေးနေရသလိုမျိုးပဲ “ လို့ နန်းမိုက ပြောပါတယ်။

ဆိုင်ကယ်ဖြင့် ကုန်ထမ်းကြတဲ့သူတွေဟာ နေရာရဖို့ တိုကင်ကို ဝယ်ယူရတဲ့အပြင် ရဲတပ်ဖွဲ့ဝင်ကို အခွန်ဆောင်ရတာတွေ၊ နိုင်ငံဖြတ်သန်းခွင့် စာအုပ်ဖိုးအတွက် ပေးရတာတွေနဲ့ စားဖို့သောက်ဖို့ ဝယ်ယူရတာတွေကြောင့် ရတဲ့လုပ်အားခနဲ့ အခွန်ဆောင်နေတာဟာ တွက်ချေမကိုက်ဘူးလို့ ဆိုကြပါတယ်။

ယခင်က တွန်းလှည်းဖြင့် ပေးသယ်သော်လည်း ယခုမှာ တွန်းလှည်းအသုံးပြုပြီး သယ်ယူတာ မပေးတော့တဲ့ အတွက် အခက်ခဲ ကြုံတွေ့နေရတယ်လို့ နန်းသီက ပြောပါတယ်။

နယ်စပ်ဒေသမှ ကုန်ထမ်းလာတဲ့ ပစ္စည်းများ

“ အခုက သူတို့လှည်းနဲ့လည်း ပေးမသယ်တော့ဘူး။ အဲ့ကြောင့် ထမ်းပိုးရှိတဲ့သူလည်း ထမ်းပိုးနဲ့ ထမ်းတယ်။ ကျောပိုးပြီး သယ်တယ်။ ဘယ်တစ်ခု၊ ညာတစ်ခု ဆွဲပြီး သယ်တယ်။ တကယ်ပင်ပန်းတယ် “ လို့ နန်းသီ (အမည်လွှဲ) က ပြောပါတယ်။

အောက်တိုဘာလ ပထမပတ်မှစပြီး တရုတ်နယ်စပ်ဒေသ ဆင်ဖြူဂိတ်ရှိ ကုန်ထမ်းသမားတွေကို စစ်ကောင်စီက လှည်း နဲ့ ကုန်ပစ္စည်းသယ်ယူတာ ပိတ်ပင်လိုက်တာကြောင့် လူအင်အား ပိုမိုစိုက်ထုတ်လာရတဲ့အကြောင်း နန်းသီက ပြန်ရှင်းပြပါတယ်။

“တနေ့တနေ့ ကုန်ထုတ်ဖို့က မလွယ်ဘူး။ ဆိုင်ကယ် နဲ့ တန်းစီပြီး စောင့်နေရတာနဲ့တင် အချိန်တော်တော် ကုန်နေပြီ။ လူအရမ်းများတော့ တရက်ကို တခေါက်လောက်ပဲ ကုန်ထုတ်နိုင်တယ် “ ဟု နန်းသီက ပြောပါတယ်။

Photo-Credit ( နယ်စပ်ဖြတ်ကျော်ဖို့အတွက် စောင့်ဆိုင်းနေသူများ)

ယခင်က တရုတ်နယ်စပ်ဒေသရှိ မူဆယ်မြို့ဟာ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းခဲ့တဲ့ မြို့တခု ဖြစ်ပါတယ်။

ကိုဗစ် – ၁၉ ရောဂါဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နယ်စပ်ဒေသတွင် စီးပွားရေး အလွန်အမင်းကျဆင်း လာနေပြီး တစ်ဖက်မှာ စစ်ကောင်စီ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား နယ်စပ်ဒေသတလျောက်မှာ တိုက်ပွဲ ဖြစ်ပွားနေလျက် ရှိပါတယ်။

အာဏာသိမ်းခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက မူဆယ်မြို့မှာ ငွေလဲလှယ်ဈေးနှုန်းအပေါ် ကုန်ဈေးနှုန်း မြင့်တက်တဲ့ ပြဿာနာ၊ ကျားဖြန့် အွန်လိုင်းလိမ်လည်မှု နဲ့ မူးယစ်ဆေးဝါးပြဿာနာ၊ ဒုစရိုက်များပြားလာတာနဲ့ ပြည်ပထွက်ပြီး အလုပ် လုပ်ကိုင်ချင်ကြတဲ့ သူတွေ များပြားလာနေတာပဲ ဖြစ်ပါတယ်။

“ အခု မြန်မာပြည်က ခေတ်နောက်ပြန်သွားတဲ့ ခေတ်ကို ပြန်ရောက်နေတယ်။ ကျနော်တို့တွေ ရှေ့ကိုမတိုးနိုင်ဘဲ နောက်ကို ပြန်ဆုတ်နေတယ် “ လို့ မူဆယ်မြို့ ဒေသခံ မောင်ထက်က ပြောပါတယ်။

Photo-Credit ( နယ်စပ်ဒေသမှာ ကုန်ထမ်းနေတဲ့ သူ)

နိုင်ငံရေး မတည်မငြိမ်မှုကြောင့် စီးပွားရေး ကျဆင်းလာတဲ့နောက်ပိုင်းမှာ နယ်စပ်ဒေသရှိ ပြည်သူတွေဟာ ရရာအလုပ်ကို ရှာလုပ်ကြရပြီး နယ်မြေ အေးချမ်းတည်ငြိမ်မှု နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ မျှော်လင့်နေကြရတာပါ။

ယခင်က နယ်စပ်ဒေသ မူဆယ်မြို့မှာ တပိုင်တနိုင် ကုန်ဆုံဆိုင်လေးဖွင့်လှစ်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ခဲ့ပေမယ့် ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်လာတဲ့နောက်ပိုင်း ဆိုင်ခန်းပြန်လည်ပိတ်သိမ်း လိုက်ရတာတွေ၊ အလုပ်အကိုင် ရှားပါးမှုနဲ့ ပြည်ပထွက်ရတဲ့ သူကသာ များလာပါတယ်။

ကုန်ထမ်းနေတဲ့ ကလေးမိခင် နန်းမိုကတော့ ယခင်ကလို အလုပ်အကိုင် ပြန်လည်ကောင်းမွန်လာစေဖို့နဲ့ မြန်မာပြည်ကြီး ပြန်လည်အေးချမ်းတည်ငြိမ်ဖို့ မျှော်လင့်နေပါတယ်။

“အရင်တုန်းက တရုတ်ပြည်ကို လွယ်လွယ်နဲ့ဝင်ပြီး ကုန်ထုတ်လို့ရတယ်။ မနက်အစောကြီးထပြီး နေရာသွားလုရတာလည်း မရှိဘူး။ နေရာဝယ်ရတာမျိုးလည်း မရှိခဲ့ဖူးဘူး။ အခုက လူဦးရေ ဒီလောက်နဲ့ နေ့တိုင်း နေရာလုကြပြီး ရန်ဖြစ်ဆဲဆိုနေကြတာ ကြားရတယ်၊ မြင်နေရတယ်။ အခုတော့ မြန်မာပြည်ကြီး ပြန်လည်ငြိမ်းချမ်းဖို့ပဲ မျှော်လင့်တော့တယ် “ နန်းမို ကပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...