မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး ပိတ်နေဆဲ

သျှမ်းပြည် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် စစ်ရေးအခြေအနေ တင်းမာမှုကြောင့် ကားလမ်းများသည် ယနေ့ (နိုဝင်ဘာ ၅ ရက်) အထိ ပိတ်ထားသဖြင့် လားရှိုး၊ သီ‌ပေါ၊ ကျောက်မဲမြို့များမှ ကားသမားများနှင့် ပြည်သူများက  နမ့်လန်-‌ကျောက်ဂူ-ရပ်စောက်လမ်းကို အသုံးပြုနေကြကြောင်း စုံစမ်းသိရသည်။

လက်ရှိ အသုံးပြုနေတဲ့လမ်း

စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲများကြောင့် ပြည်ထောင်စု လမ်းမကြီးဖြစ်သည့် လားရှိုး-ကျောက်မဲ-နောင်ချို-ပြင်ဦးလွင်-မန္တလေး လမ်းမကြီးကို ညီနောင်မဟာမိတ်တပ်များက နောင်ချိုနှင့်ကျောက်မဲကြားရှိ ဂုတ်တွင်းလမ်းပိုင်းကို ‌ပိတ်ထားသဖြင့် လားရှိုး-နမ့်လန်-ကျောက်ဂူ-ရပ်စောက်-မန္တလေးလမ်းကို အသုံးပြုနေရကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်

“နောင်ချိုတစ်ဝိုက်မှာက ဖြတ်သန်းသွားလာခွင့် ခက်တယ်။  အဲ့ကြောင့် အားလုံးကလည်း ဒီလမ်းသွားလို့မရဘူးဆိုတော့ ကျနော်တို့လည်း တောင်ကြီးသွားတဲ့ လမ်းဖက်ကနေပဲ သွားပေးလိုက်တာ။ ကျနော်တို့ကတော့တစ်ခေါက် နှစ်ခေါက်ပဲ ရှိသေးတာပါ၊ လက်ရှိကတော့ အဆင်ပြေပါတယ်။ လမ်းကတော့ သွားလို့လာလို့ရတယ်၊ နည်းနည်းတော့ ကြမ်းတာပေါ့”ဟု မန္တလေး-လားရှိုးခရီးစဉ် ပြေးဆွဲနေသည့် ‌ဒေသခံကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုသွားလာနေသည့် နမ့်လန်-‌ကျောက်ဂူ-ရပ်စောက် လမ်းပိုင်းတွင် စစ်ဆေးရေးဂိတ် ၂ ခု ရှိသော်လည်း ဆိုင်ကယ်၊ ကားနှင့် သွားလာလို့ရပြီး လမ်းခရီးကြမ်းတမ်းကာ သွားလာချိန်ပိုကြာကြောင်းလည်း ၎င်းကားသမားက ဆက်ပြောသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၂၆) ရက်တွင်လည်း နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ နှင့် တအာင်း TNLA တပ်ဖွဲ့၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တအာင်း TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က ကုန်တင်ကားတစ်စီးဖြင့် အုမ္မခါး‌ရွာရှိ အဝေးပြေးလမ်းမကို ပိတ်ဆို့ထားကာ ဖြတ်သန်းသွားလာခွင့် တားမြစ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နောင်ချို-ကျောက်မဲ-လားရှိုး-မူဆယ်-ချင်းရွှေဟော် စသည့် လမ်းပိုင်းများအား ဖြတ်သန်းသွားလာခွင့် တားမြစ်ထားဆဲဖြစ်ရာ မည်သူမဆို ယာဉ်ဖြင့်ဖြတ်သန်းသွားလာပါက စစ်တပ်ထောက်ပို့ယာဉ်အဖြစ် သတ်မှတ်၍ ပြင်းထန်စွာတိုက်ခိုက် ချေမှုန်းသွားမည် ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့မှ အောက်တိုဘာ ၂၇ ရက်၌ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...