ရွာငံမြို့အတွင်း သူခိုးသောင်းကျန်းမှုကြောင့် စိုက်ခင်းပိုင်ရှင် အခက်ကြုံ

သျှမ်းပြည်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့အတွင်း၌ စိုက်ခင်းသီးနှံသူခိုးများသောင်းကျန်းမှုကြောင့် စိုက်ခင်းပိုင်ရှင်များက အခက်တွေ့နေကြောင်း စုံစမ်းသိရသည်။

ရွာငံမြို့နယ်

သီတက်းကျွတ်ကာလ နှောင်းပိုင်း နိုဝင်ဘာလ ပထမပတ်အတွင်းတွင် ရွာငံမြို့၊ အင်းကြီးကျေးရွာရှိ လိမ္မော်ခြံထဲ သူခိုးများ အုပ်စုရောက်ရှိနေပြီး ပိုင်ရှင်ဖြစ်သူကိုခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံအမျိူးသား တစ်ဦးကပြောငည်။

“အရင်တုန်းက သူခိုးဆိုရင် တစ်ယောက်စ၊ နှစ်ယောက်စ ရှိခဲ့ဖူးပါတယ်။ ခုချိန်ကတော့ အုပ်စုလိုက်ကို ရှိနေတာ။ ငါးယောက်ထက်မနည်းဘူး။ အဲ့ခြံပိုင်ရှင်ကို ခြိမ်းခြောက်တာက တကယ်လို့ အသက်ရှိချင်ရင် လိမ္မော်သီးရောင်းရငွေတွေ အကုန်ပေးတဲ့။ ပြီးတော့ ဆာလာအိတ်တစ်အိတ်စာလည်း ခူးပေးဆိုလို့ ခြံပိုင်ရှင်ကကြောက်ကြောက်နဲ့ပေးရတာ” ဟု ဖြစ်စဉ်ကို သိရှိသည့် အမီုးသား တစ်ဦးကပြောသည်။

အဆိုပါ သူခိုးများသည် ငါးယောက်နှင့် အထက် အုပ်စုလိုက် သွားလာနေတတ်ကြပြီး မျက်နှာကိုလည်း ဖုံးအုအ်ထားကြကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ ပထမပတ်အတွင်းမှာပင် ရွာငံမြို့ သိမ်ကုန်းကျေးရွာရှိ နေအိမ်တလုံးတွင်လည်း သူခိုးဝင်ရောက်ရာ အိမ်ရှင်အော်ဟစ်အကူအညီတောင်းမှုကြောင့် ပထမတကြိမ် ထွက်ပြေးသွားသော်လည်း ဒုတိယတခေါက်တွင် အဖော်များ ခေါ်လာကာ ဘက်ထရီအိုးကြီး တလုံး ခိုးယူသွားကြောင်းလည်း သိရသည်။

“ပထမတကြိမ်က တစ်ယောက်တည်း လာတာ၊ အိမ်ရှင်က မြင်ပြီးအော်လိုက်လို့ သူထွက်ပြေးသွားတယ်။ ဒုတိယအကြိမ်တော့ အဖော်တွေပါ ခေါ်ခဲ့တာထင်တယ်။ ဘက်ထင်္ရအိုးကြီးတစ်လံညး ခိုးယူခံရတယ်။ အခုဆို အိမ်မှာလည်း တစ်ယေညက်တည်း မနေရဲကြတော့ဘူး” ဟု အထက်ပါ အမျိုးသားကပြောသည်။

ယင်းကဲ့သို့ သူခိုးများက အုပ်စုလိုက်ရှိနေသည့်အတွက် ဒေသခံများ အနေဖြင့် နေအိမ်တွင်း တစ်ယောက်တည်း မနေရဲကြောင်း၊ အပြင်ထွက်သွားလာရန်လည်း ကြောက်ရွံ့နေရကြောင်း သိရသည်။

ရွာငံမြို့သည် လက်ရှိ စစ်အာဏာသိမ်းမှု နောက်ပိုင်း၌ ခိုးဆိုးလုယက်မှုများ၊ အကြောင်းမဲ့ ဖမ်းဆီးမှုများ၊ စစ်တပ်​၏ လူ့အခွင့်အရေး ချိူးဖောက်မှုများကို ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...