Thursday, May 2, 2024

သူခိုးသောင်းကျန်း

ရွာငံမြို့အတွင်း သူခိုးသောင်းကျန်းမှုကြောင့် စိုက်ခင်းပိုင်ရှင် အခက်ကြုံ

သျှမ်းပြည်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့အတွင်း၌ စိုက်ခင်းသီးနှံသူခိုးများသောင်းကျန်းမှုကြောင့် စိုက်ခင်းပိုင်ရှင်များက အခက်တွေ့နေကြောင်း စုံစမ်းသိရသည်။ သီတက်းကျွတ်ကာလ နှောင်းပိုင်း နိုဝင်ဘာလ ပထမပတ်အတွင်းတွင် ရွာငံမြို့၊ အင်းကြီးကျေးရွာရှိ လိမ္မော်ခြံထဲ သူခိုးများ အုပ်စုရောက်ရှိနေပြီး ပိုင်ရှင်ဖြစ်သူကိုခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံအမျိူးသား တစ်ဦးကပြောငည်။ "အရင်တုန်းက သူခိုးဆိုရင် တစ်ယောက်စ၊ နှစ်ယောက်စ ရှိခဲ့ဖူးပါတယ်။ ခုချိန်ကတော့...

တာချီလိတ်မှာ သူခိုး၊ ဓားပြ၊ လုယက်မှုတွေ များလာပြီး ဒေသခံ လုံခြုံမှုအတွက် စိုးရိမ်နေရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မကြာခဏ ပစ္စည်းခိုးယူမှု၊ လုယက်ခံရမှု နှင့် ဓားပြတိုက်မှုများ ပိုမိုဖြစ်ပွားလာတဲ့အတွက် ဒေသခံများ၏ လုံခြုံရေး စိုးရိမ်နေရပြီဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီမှာက နယ်စပ်မြို့ဖြစ်ပြီး လူပေါင်းစုံရှိတယ်လေ။ ဆိုင်ကယ်တွေ ခိုးခံရတယ်။ ဓားပြတိုက်တာ၊ ပစ္စည်းလုတာတွေရော ခဏခဏကို ကြားနေရတာ ဆိုတော့ ကျမတို့အတွက်က...

မိုင်းဆတ်မြို့အတွင်း သူခိုးသောင်းကျန်း ဒေသခံများ လှည့်ကင်းစောင့်ရ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေသဖြင့် ဒေသခံများ စုဖွဲ့ကာ အလှည့်ကျ ကင်းစောင့်ရကြောင်း သတင်းရရှိသည်။ မိုင်းဆတ်မြို့မှ ဝိန်းဝိုင်၊ ဝိန်းကောင်း၊ ဝိန်းနေ ရပ်ကွက်တို့မှ ဒေသခံတို့သည် သူခိုးရန်မှကာကွယ်ရန်အတွက် အမျိုးသားများသည် အိမ်ထောင်စုအလှည့်ကျ ရပ်ကွက်ကင်းလှည့်ရကြောင်း မိုင်းဖြတ်မြို့မှ လူငယ် အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို...

Latest news