Friday, April 19, 2024

မိုင်းဆတ်မြို့အတွင်း သူခိုးသောင်းကျန်း ဒေသခံများ လှည့်ကင်းစောင့်ရ

Must read

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေသဖြင့် ဒေသခံများ စုဖွဲ့ကာ အလှည့်ကျ ကင်းစောင့်ရကြောင်း သတင်းရရှိသည်။

မိုင်းဆတ်မြို့မှ ဝိန်းဝိုင်၊ ဝိန်းကောင်း၊ ဝိန်းနေ ရပ်ကွက်တို့မှ ဒေသခံတို့သည် သူခိုးရန်မှကာကွယ်ရန်အတွက် အမျိုးသားများသည် အိမ်ထောင်စုအလှည့်ကျ ရပ်ကွက်ကင်းလှည့်ရကြောင်း မိုင်းဖြတ်မြို့မှ လူငယ် အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ဘက်မှာ သူခိုးတွေက ပေါလာတယ်၊ ဆိုင်ကယ်သူခိုးတွေက နေ့တိုင်းနီးပါးသောင်းကျန်းနေတယ်၊ အဲ့ကြောင့် ညညဆို တစ်ဖွဲ့ကို ဘယ်နှယောက်နဲ့ ဘယ်အချိန်မှာ ကင်းလှည့်ရမယ်ဆိုပြီးတော့ အလှည့်ပေးထားပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ရတယ်” ဟု မိုင်းဆတ်မြို့မှ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိန်းဝိန်း၊ မိန်းကောင်း၊ မိန်းနို မှ လူငယ်များသည် မိမိတို့ ရပ်ရွာများအတွင်း သူခိုးများ ဝင်မလာစေရန်အတွက် ကင်းလှည့် စောင့်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ဒီလို ကင်းလှည့်တာတော့ တစ်ပတ်လောက်ပဲရှိပါတယ်၊ ဒီလိုကင်းမလှည့်ခင်မှာ နေ့တိုင်းလိုလို ဆိုင်ကယ်တွေပျောက်နေတာ၊ ကျနော်တို့သိရတဲ့ သတင်းအရဆို ၉ စီးလောက်ရှိနေပြီ” ဟု ၎င်းကဆိုသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သျှမ်းပြည်အပါအဝင် နိုင်ငံနှင့်တစ်ဝှမ်းလုံး ခိုးဆိုးလုယက်မှု အများအပြား ပေါ်ပေါက်လာပြီး ရဲတပ်ဖွဲ့များအနေဖြင့်လည်း သူခိုးများကို လက်ရဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article