တာချီလိတ်မှာ သူခိုး၊ ဓားပြ၊ လုယက်မှုတွေ များလာပြီး ဒေသခံ လုံခြုံမှုအတွက် စိုးရိမ်နေရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မကြာခဏ ပစ္စည်းခိုးယူမှု၊ လုယက်ခံရမှု နှင့် ဓားပြတိုက်မှုများ ပိုမိုဖြစ်ပွားလာတဲ့အတွက် ဒေသခံများ၏ လုံခြုံရေး စိုးရိမ်နေရပြီဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမှာက နယ်စပ်မြို့ဖြစ်ပြီး လူပေါင်းစုံရှိတယ်လေ။ ဆိုင်ကယ်တွေ ခိုးခံရတယ်။ ဓားပြတိုက်တာ၊ ပစ္စည်းလုတာတွေရော ခဏခဏကို ကြားနေရတာ ဆိုတော့ ကျမတို့အတွက်က လုံခြုံမှု မရှိတော့ဘူး။ ခုဆို အပြင်ထွက် သွားလာရမှာကိုတောင် စိတ်မချရတော့ဘူး။ ညပိုင်းမှ မဟုတ်ဘူး နေ့လည်ပိုင်းလည်း စိတ်မချရတော့ဘူး” ဟု တာချီလိတ်မြို့မှ သက်ကြီး အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်နှင့် အခြားပစ္စည်းများ ခိုးယူခံရမှု၊ လမ်းသွားလမ်းလာများထံမှ ပစ္စည်းလုယူထွက်ပြေးမှုများ မကြာခဏ ဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရဲနှင့် စစ်သားတို့မှ တာဝန်ယူ ဖမ်းဆီး အရေးယူပေးနိုင်ခြင်း မရှိတဲ့အတွက် ပိုမို စိုးရိမ်နေရကြောင်း ဒေသခံများက ဆိုသည်။

တချို့ရပ်ကွက်များတွင် အိမ်ဝိုင်းအတွင်း ရပ်ထားသည့် မော်တော်ဆိုင်ကယ်များလည်း ခိုးယူခံနေရကြောင်း၊ လမ်းသွားလမ်းလာများအား ရိုက်နှက်ကာ ပစ္စည်းလုယူမှုများလည်း ပိုမို အဖြစ်များလာကြောင်း သိရသည်။

“အိမ်ဝိုင်းထဲထိ ဝင်ခိုးတာ။ အိမ်နောက်ဘေး လမ်းလည်း မရှိဘူး၊ အိမ်က လမ်းအပိတ်ပဲ၊ အဲ့တာကို ဝင်ခိုးသွားတယ်။ CCTV ထဲ တွေ့တယ်၊ ဒါပေမယ့် မဖမ်းမိဘူး။ ရဲတွေ စစ်သားတွေကလည်း ပြည်သူကို ဘာမှ တာဝန်မယူပေးနိုင်တော့ဘူး” ဟု အထက်ပါ အမျိုးသမီး က ဆက်ပြောသည်။

ဆိုင်ကယ်နှင့် အခြားပစ္စည်းခိုးယူခံရမှုသည် ညပိုင်းတွင် အဖြစ်များပြီး ပစ္စည်းလုယက်မှုများမှာ ညပိုင်းအပြင် နေ့လည်ပိုင်း လူအသွားအလာ နည်းသည့်နေရာများတွင် ဖြစ်ပွားနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ဂေါက်ကွင်းအနီး ဆိုင်ကယ်လုယူ ရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုအထိ ဖြစ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...