တောင်ကြီးမြို့ပေါ် ညလူအိပ်မောကျချိန် သူခိုးသောင်းကျန်းနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ညလူအိပ်မောကျအချိန်တွင် သူခိုးများ အုပ်စုဖွဲ့ကာ အမျိုးသမီးအဆောင်များနှင့် လူနေအိမ်များဝင်ဖောက်ပြီး ခိုးယူသောင်းကျန်းနေကြောင်း သတင်ရရှိသည်။

ဖေဖော်ဝါရီ ၁ရက် ညအချိန်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်နှင့် ချမ်းမြသာစည်ရပ်ကွက်ရှိ လူနေအိမ်များနှင့် အဆောင်များကို သူခိုးများက ဝင်ဖောက်ပြီး ဖုန်းနှင့် ငွေများကို ခိုးယူသွားကြောင်း ၎င်းရပ်ကွက်တွင်နေထိုင်သည့် ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဘုရားဖြူရပ်ကွက်က အဆောင်နေတဲ့ ကလေးတွေရဲ့ ဖုန်းပါသွားတယ်။ ပိုက်ဆံက သုံးသိန်းလောက်ပါ သွားတယ်။ ညအချိန်မတော် ခွေး ဟောင်လို့ ထကြည့်လိုက်တော့ သူခိုးတွေက သုံးယောက်လောက်ထင်တယ် အုတ်တံ‌တိုင်းကျော်ပြီး ထွက်ပြေးတာ ဖိနပ်ကျန်ခဲ့တယ်”ဟု ဖြစ်စဉ်သိရှိသူ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ ဖုန်းနှင့် ငွေသား ခိုးယူခံရသော ကျောင်းသူများသည် နယ်ဘက်မှ လာရောက်ပြီး ကျောင်းတက်နေသူများ ဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း တောင်ကြီးမြို့ပေါ်တွင် ဒုစရိုက်သမားများ ပေါများလာပြီး၊ နည်းမျိုးစုံ လိမ်လည်မှုဖြစ်ပွားခြင်း၊ ကလေး ပြန်ပေးဆွဲခြင်း၊ ဓားပြတိုက်ခြင်း၊ လုယက်ခြင်း တို့ နေ့စဉ်နှင့် အမျှ ကြုံတွေ့လာရသဖြင့် ဒေသခံများလည်း စိုးရိမ်စိတ်ဖြင့် ကောင်းမွန်စွာ မနေထိုင်ရကြောင်း လည်း တောင်ကြီး မြို့ခံများက ဆိုပြန်သည်။

“ခိုးတဲ့သူက ခုတလော ပိုဆိုးလာတာ ဘယ်သူမှလည်း အရေးမယူပေးကြဘူး။ရဲစခန်းတိုင်ရင်လည်း အချိန်နဲ့ငွေပဲ ကုန်မှာ ခိုးတဲ့သူကို ဖမ်းမိမှာ မဟုတ်ဘူး။ ညအချိန်ဆို သူတို့က အုပ်လိုက်မယ် ၁၀ယောက်နီးပါးလောက် ရှိမယ်။ အိပ်ငွေ့ချပြီး ခိုးတာလား မသိဘူး။ညဆို ကောင်းကောင်းတောင် အိပ်မရဘူး။”ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ချမ်းမြသာစည် ရပ်ကွက်တွင်လည်း ယမန်နေ့ (ဖေဖော်ဝါရီ ၁)ရက် ညတွင် အုပ်စုဖွဲ့ခိုးသူများကြောင့် တန်ဖိုးကြီး လက်ဝတ်ရတနာများ ပါသွားကြောင်း သိရသည်။

တောင်ကြီးမြို့သည် အေးချမ်းသာယာသည့် မြို့ဟု ‌မှတ်ချက်ပြုကြသော်လည်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ခိုးဆိုးလုယက်မှုများ ၊ပြန်ပေးဆွဲမှုများဖြင့် စိတ်မအေးချမ်းသည့် မြို့ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်တွင်လည်း တောင်ကြီးမြို့တွင်း အုပ်စုဖွဲ့ခိုးသူများကြောင့် ဆိုင်ကယ်နှင့် မီးကြိုးများ ကားမီးသီးများကို ပါခိုးယူရောင်းစားကြပြီး၊ ကလေးပြန်ပေးဆွဲသည့် အမှုများလည်း ကြားလာရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...