Thursday, February 12, 2026

စစ်ကောင်စီ

ရွာငံမြို့နယ် ပြည်သူကားများဖြင့် စစ်ကောင်စီ ထောက်ပို့လုပ်

သျှမ်းပြည် ရွာငံမြို့နယ်တွင် စစ်ကောင်စီ က အရပ်သားကားများကို အသုံးပြုပြီး ထောက်ပို့ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခုလ နိုဝင်ဘာ ၂ ရက်မှစပြီး စစ်ကောင်စီသည် အရပ်သား ကားများကို တစ်ရပ်ကွက်လျှင် ကား၂ စီး အလှည့်ကျ ဂိတ်တွင် ထားပေးရပြီး စစ်ယာဥ်တန်း အဖြစ် ထောက်ပို့...

လားရှိုးမြို့နယ် နေအိမ်ပေါ် လက်နက်ကြီး ကျပေါက်ကွဲ ပျက်စီး

သျှမ်းပြည် လားရှိုးမြို့နယ် ကုန်းသာကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( နိုဝင်ဘာလ ၅ ရက် ) ညပိုင်း ၈ နာရီဝန်းကျင် လားရှိုးမြို့အတွင်း လက်နက်ကြီး ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် မိနစ်ပိုင်းအကြာတွင် ကုန်းသာကျေးရွာ နှင့် ပန်စုံရွာအတွင်းသို့...

ကျောက်မဲ-နောင်ချို ဂုတ်တွင်းလမ်းပိုင်း တိုက်ပွဲပြင်းထန် နှစ်ဘက်ထိခိုက်သေဆုံးမှုရှိ

သျှမ်းပြည် ကျောက်မဲနှင့်နောင်ချိုမြို့အကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ကာ နှစ်ဘက်ထိခိုက် သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းပိုင်းတွင် နေရာယူထားသော စစ်ကောင်စီတပ်စခန်းအား TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့ (နိုဝင်ဘာလ ၆ ရက်) နံနက်...

ပြောင်းဈေးကျ ပြောင်းစိုက်တောင်သူများ အရှုံးပေါ်

သျှမ်းပြည် လွိုင်လင်ခရိုင်၊ မိုင်းရှူးခရိုင်၊ နမ့်စန်ခရိုင်(တောင်)တို့တွင် ပြောင်းစိုက်ပျိုးသည့် တောင်သူများသည် စိုက်ပျိုးခင်ကာလက ကုန်ကျသည့်စရိတ် ပြန်မရလောက်အောင် အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။ နိုင်ငံရေးရှုပ်ထွေးမှု၊ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဓာတ်မြေသြဇာစျေးနှုန်းမှာ အလိုအလျောက် စျေးတက်နေသော်လည်း ပြောင်းစျေးမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀၀ အောက်အထိ စျေးကျနေကြောင်း ပြောင်းစိုက်တောင်သူများက ပြောသည်။ “ရှုံးတာပေါ့၊ ဒီနှစ်က...

ရွာငံမြို့အတွင်း သူခိုးသောင်းကျန်းမှုကြောင့် စိုက်ခင်းပိုင်ရှင် အခက်ကြုံ

သျှမ်းပြည်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့အတွင်း၌ စိုက်ခင်းသီးနှံသူခိုးများသောင်းကျန်းမှုကြောင့် စိုက်ခင်းပိုင်ရှင်များက အခက်တွေ့နေကြောင်း စုံစမ်းသိရသည်။ သီတက်းကျွတ်ကာလ နှောင်းပိုင်း နိုဝင်ဘာလ ပထမပတ်အတွင်းတွင် ရွာငံမြို့၊ အင်းကြီးကျေးရွာရှိ လိမ္မော်ခြံထဲ သူခိုးများ အုပ်စုရောက်ရှိနေပြီး ပိုင်ရှင်ဖြစ်သူကိုခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံအမျိူးသား တစ်ဦးကပြောငည်။ "အရင်တုန်းက သူခိုးဆိုရင် တစ်ယောက်စ၊ နှစ်ယောက်စ ရှိခဲ့ဖူးပါတယ်။ ခုချိန်ကတော့...

နမ့်ခမ်းမြို့ စစ်ရှောင်ဦးရေ ၂,၅၀၀ ဝန်းကျင်ထိရှိလာ

မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး TNLA တို့ သုံးရက်ကျော်ကာလအတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၂,၅၀၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း (နိုဝင်ဘာလ ၃ ရက်)တွင် နမ့်ခမ်းမြို့တွင် မြေပြင်တိုက်ပွဲအပြင် စစ်ကောင်စီဘက်မှ...

နောင်ချို စစ်ကောင်စီတပ်က စစ်ရှောင်မည့်သူများ ပစ်သတ်၊ လူငယ်များကို လူသားဒိုင်းကာ လုပ်ရန် ဖမ်းဆီးသွား

သျှမ်းပြည် နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျေးရွာများမှ စစ်ဘေးရှောင်မည့် ပြည်သူများကို ပစ်သတ်ပြီး၊ လူငယ်များကို လူသားဒိုင်းကာ ပြုလုပ်ရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲနှင့် ရေမောင်းတန်းကျေးရွာတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်)တွင် ဆမ္မဆယ်အုပ်စု ကျေးရွာများမှ...

လောက်ကိုင်တွင် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင် အခုရက်ပိုင်းအတွင်း ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေပြီး စစ်ကောင်စီမှ ဖုန်းလိုင်းများပါ ဖြတ်တောက်ထား‌သောကြောင့် ဒေသခံများ အခက်အခဲ ဖြစ်နေကြရကြောင်း သိရသည်။ အောက်တိုဘာလ ၂၇ ရက်မှ စတင်ခဲ့သော သျှမ်းမြောက် ညီနောင်မဟာမိတ် သုံးဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲများ အရှိန်မြင့်လာသည့်နှင့်အမျှ ပြည်ထောင်စု လမ်းမကြီးများပေါ်...

ခက်ခဲတဲ့ နယ်စပ်ကုန်သွယ်ရေးဇုန်က တပိုင်တနိုင် အမျိုးသမီးများ

လက်နှစ်ဖက်မှာ လေးလံတဲ့ သစ်သီးဖာကြီးကို ကိုင်ဆွဲထားပြီး၊ ကျောပေါ်မှာလည်း ကလေးကိုချီပိုးထားသလို ကုန်ပစ္စည်းတွေကို ပိုးထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ ယိမ်းယိုင်တဲ့ ခြေလှမ်း နဲ့ လမ်းလျှောက်နေပါတယ်။ ပစ္စည်းတွေကို မနိုင်မနင်း နဲ့ ထမ်းရတဲ့အခါ အချို့တွေက ထမ်းပိုးနဲ့ ထမ်းကြသလို အချို့ကျတော့လည်း ဆိုင်ကယ် (weight) နဲ့ မမျှအောင်...

မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး ပိတ်နေဆဲ

သျှမ်းပြည် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် စစ်ရေးအခြေအနေ တင်းမာမှုကြောင့် ကားလမ်းများသည် ယနေ့ (နိုဝင်ဘာ ၅ ရက်) အထိ ပိတ်ထားသဖြင့် လားရှိုး၊ သီ‌ပေါ၊ ကျောက်မဲမြို့များမှ ကားသမားများနှင့် ပြည်သူများက  နမ့်လန်-‌ကျောက်ဂူ-ရပ်စောက်လမ်းကို အသုံးပြုနေကြကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲများကြောင့်...

Latest news