Saturday, February 7, 2026

စစ်ကောင်စီ

စစ်ဇုန်ဖြစ်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ရှောင်များနေရပ်ပြန်ပို့ရန် စစ်ကောင်စီ စီစဉ်နေ

စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက နေရပ်ပြန်ပို့ရန် စီစဉ်နေသည်ဟု ဒေသခံများထံမှသိရသည်။ တိုက်ပွဲကြောင့် အခြားရပ်ရွာများသို့ စစ်ဘေးရှောင်ရသည့် ဒေသခံများအနေဖြင့် လာမည့် ဧပြီလ ၂၄ ရက်မှစ၍ မိမိနေအိမ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ပြီဟု စစ်ကောင်စီက အထွေထွေအုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဒေသခံများကို ပြောဆိုခိုင်းထားကြောင်း ဆီဆိုင်မြို့အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦးကပြောသည်။ “...

အောင်ပန်း စစ်ဘေးရှောင် နှစ်ထောင် ကျော် စားနပ်ရိက္ခာ၊ဆေးဝါးများ လိုအပ်

သျှမ်းပြည် အောင်ပန်းမြို့နယ်တွင် စစ်ဘေးရှောင် နှစ်ထောင် ကျော်အတွက် အလှူရှင်များ မရှိ၊စားနပ်ရိက္ခာမျာ နှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။ သျှမ်း-ကရင်နီနယ်စပ်တကြောမှ အောင်ပန်းသို့ ထွက်ပြေးသိမ်းရှောင်လာသူ နှစ်ထောင်ကျော်သည် လက်ရှိမှာ အလှူရှင် နှစ်လကျော်ကြာ မရှိသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ လက်ရှိအောင်ပန်းစစ်ဘေးရှောင် နှစ်ထောင်ကျော်ထဲမှ အချို့သည်...

နောင်ချို လေကြောင်းဗုံးကြဲတိုက်ခိုက် အမျိုးသမီး ၂ ဦး အပါအဝင် ၄ ဦးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများအတွင်း အမျိုးသမီး ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၁ ရက်) နံနက် ၁၀ နာရီကျော်တွင် သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်ကြားရှိ သရက်ကုန်းကျေးရွာနှင့်...

စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့၌ တပ်သားတစ်ဦးက စစ်ရှောင်အမျိုးသမီး ၁ ဦးအားမုဒိမ်းကျင့်ရန်ကြိုးစား

သျှမ်းပြည် ဆီဆိုင်မြို့ကို စစ်ကောင်စီမှ တစ်စိတ်တစ်ပိုင်း ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီ တပ်သားတစ်ဦးက စစ်ဘေးရှောင်အမျိုးသမီး ၁ ဦးအား မုဒိမ်းကျင့်ရန်ကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။ တိုက်ပွဲကြောင့် တောတွင်းနေရာသို့ ထွက်ပြေးခိုလှုံနေရသည့် စစ်ဘေးရှောင် အမျိုးသမီး ၁ ဦးကို ဧပြီလ ၁၄ ရက်က ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃...

သိန္နီမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံး

သျှမ်းပြည် သိန္နီမြို့နယ် တွင်နေထိုင်သည့် အမျိုးသားတစ်ဦး မြေမြုပ် မိုင်းနင်းမိ၍ သေဆုံးခဲ့ပြီး ကြောင်း စုံစမ်း သိရသည်။ သျှမ်းပြည် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာတွင် ယမန်နေ့ (ဧပြီလ ၂၁ ရက်) နံနက်ပိုင်း၌ အမျိုးသား တစ်ဦး အိမ်ခြံနောက်ဖေးတွင် ဟင်းသွားခူးရာမှ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ...

ဆီဆိုင်တွင် PNLO ခေါင်းဆောင် မိသားစု နေအိမ်အပါအဝင် နေအိမ် ၇ လုံးကို PNO မီးရှို့

သျှမ်းပြည် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုတိယဥက္ကဌ ၂ ၊ စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်အပါအဝင် ဒေသခံနေအိမ် ၇ လုံးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ဖြိုချဖျက်စီးကာ မီးရှို့ခဲ့ကြောင်း စုံစမ်းသိရသည်။  တော်လှန်ရေးကို ဦးဆောင်နေသည့်သူ၏ နေအိမ်များဟုဆိုကာ ဧပြီလ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင်...

မူဆယ်ဒေသခံများ စမတ်ကတ် ပြုလုပ်ရန် တုံကင်ထောင်နှင့်ချီ ထပ်မံစောင့်ဆိုင်းနေရ

သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ တုံကင်အလုအယက် စောင့်ဆိုင်း၍ ပြုလုပ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက မှ အိမ်နီးချင်းနိုင်ငံ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်...

မိုးဗြဲ ခမရ (၄၂၂) တိုက်ပွဲ KNDF ဒုတပ်ရင်မှူး အပါအဝင် တပ်ပေါင်းစုရဲဘော် ကျဆုံးမှုများ

သျှမ်းပြည် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီးရှိ စစ်ကောင်စီ ခမရ (၄၂၂) တပ်ရင်းကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်နေရာ ယမန်နေ့ (ဧပြီလ ၂၁ ရက်) အထိ တိုက်ပွဲ ပြင်းထန်နေပြီး ၂ ဖက် ထိခိုက် ကျဆုံးမှု များပြားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ နာမည်ကျော်...

ရွာငံမြို့နယ် ရဲစခန်းကို ဂျိုးဖြူအဖွဲ့ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီ ၃ဦး ထပ်မနည်းသေ၊ ၁ဦး ဖမ်းမိ

သျှမ်းပြည် ရွာငံမြို့နယ်တွင် မြင်းကျဒိုး ရဲစခန်းကို ဂျိုးဖြူအဖွဲ့ က ယနေ့ (ဧပြီ ၂၁)ရက် နံနက်၁၀နာရီတွင် ဝင်ရောက် ပစ်ခတ်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးထပ်မနည်း သေဆုံးကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ရွာငံမြို့နယ်တွင် မြင်းကျဒိုးရွာရှိ ရဲစခန်းကို ဂျိူးဖြူအဖွဲ့မှ ယနေ့ ဧပြီလ ၂၁...

သျှမ်းပြည်လူထု ပညာရေးက အောက်ဆုံးအဆင့်နီးပါးရောက်နေတယ်။ ပညာရေးအပိုင်းကို စိတ်မဝင်စားတာ ဝမ်းနည်းတယ်။

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ လွယ်တိုင်းလီဒေသတွင် အခြေစိုက်ထားသည့် “ကော်တိုင်း” အဖွဲ့အစည်းသည် သျှမ်းလူငယ် မျိုးဆက်သစ်များအတွက် ပညာရေးနှင့် လူငယ်စွမ်းရည် မြှင့်တင်ရေးလုပ်ငန်းများကို ၁၉၉၉ ခုနှစ်မှ စ၍ (၂၅)နှစ်တိုင်တိုင် တစိုက်မတ်မတ် ဦးစားပေးလုပ်ဆောင်လာခဲ့သည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။

Latest news