စစ်ကောင်စီ
လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံ တိုက်ခိုက်ခံရ စစ်ကောင်စီ တပ်သားအများစု သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၉) စစ်ကောင်စီ၏ ကုတင်၁၀၀ စစ်ဆေးရုံ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဆေးကုသနေသည့် စစ်ကောင်စီ ၏ စစ်သားအများစု သေဆုံးကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( သြဂုတ်လ ၁ရက်) တွင်စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့ကြား နှစ်ဘက်တိုက်ပွဲကြောင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)...
လောက်ကိုင် ပြည့်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံ ကိုယ်ဝန်ဆောင်နှင့် ကလေးများ အပါအဝင် အရပ်သားသေဆုံးမှုများ
သျှမ်းပြည် လောက်ကိုင်မြို့သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး အပါအဝင် အရပ်သားသေဆုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂ ရက်) နံနက် ၁ နာရီခန့်တွင် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ မျှော်စင်နှင့် ပြည့်သူ့ဆေးရုံအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...
နမ့်လန်မြို့သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်၊ ကြိုတင်တိမ်းရှောင်နေကြ
သျှမ်းပြည် သီပေါမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး နမ့်လန်မြို့ဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်သဖြင့် ကြိုတင် တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၂၈ ရက် မှစတင်ပြီး နမ့်လန်မြို့ နှင့် သီပေါမြို့ကြား နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...
ပင်လောင်းစစ်ရှောင် တွေ ဝမ်းပျက်ဝမ်းလျော ဖြစ်ပြီး သေဆုံးမှုများရှိနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ဝမ်းပျက်ဝမ်းလျောဖြစ်ပြီး အသက်သေဆုံးမှုရှိနေသော်လည်း ငှက်ပျောအူ ဆန်ပြုတ်ဖြင့် ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ ဇူလိုင် လလယ်မှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပင်လောင်းမြို့နယ် ဆောင်းပြောင်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျောရောဂါကို စတင်ကြုံလာရပြီး စစ်ဘေးရှောင် (၆)ဦး အသက်ဆုံးရှုံးသည့်အထိ ဖြစ်နေကြောင်း စစ်ရှောင်ကူညီနေသူ...
လားရှိုးအကျဉ်းထောင်မှ ဝန်ထမ်းနှင့်မိသားစုများကို UWSA ကယ်ထုတ်ပြီး မိုင်းရယ်သို့ ပို့ဆောင်ဟုဆို
သျှမ်းပြည် လားရှိုးမြို့ရှိ အကျဉ်းထောင်မှ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့် မိသားစုများကို ‘ဝ’တပ်ဖွဲ့ UWSA မှ ကယ်ထုတ်ပြီး မိုင်းရယ်မြို့သို့ ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃၁ ရက်) နေ့လယ်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက်(၁၂) ရှိ လားရှိုးအကျဉ်းထောင်မှ ဝန်ထမ်းနှင့် မိသားစုဝင် (၁၂၀)...
ဆီဆိုင်မြို့နယ် နေရပ်ပြန်သူများ ကြွင်းကျန် လက်နက်နှင့် မိုင်းကြောင့် သေဆုံးသူ တစ်ဒါဇင်ကျော်ရှိ
သျှမ်းပြည် ဆီဆိုင်မြို့နယ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသော စစ်ဘေးရှောင်များကို စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ်( PNO) တို့ဖိအားပေး နေရပ်ပြန်ခိုင်းပြီးနောက် ကြွင်းကျန် စစ်လက်နက်ပစ္စည်းနှင့် မိုင်းကြောင့် သေဆုံးသူ တစ်ဒါဇင်ရှိကြောင်း သတင်းရရှိသည်။ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ဖိအားပေးခြင်းကြောင့် ဇွန်လနောက်ဆုံးအပတ်မှစ၍ ဆီဆိုင်မြို့နယ်သို့ နေပြန်လာကြသည့်ခန့်မှန်းခြေ အရပ်သား (၃၀,၀၀၀) အထိ ရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်သည့် သုတေသနစာတမ်းအရ သိရသည်။ ထိုသို့ နေရပ်ပြန်လာကြစဉ် စစ်လက်နက် အကြွင်းကျန်ပစ္စည်းများနှင့် မြေမြုပ်မိုင်းနင်းမိ ပေါက်ကွဲမှုများကြောင့် အရပ်သား တဒါဇင်ကျော်သေဆုံးပြီး တဒါဇင်ကျော် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ၎င်း ထုတ်ပြန်ချက် တွင်ရေးသားထားသည်။ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူအများစုသည် ကျေးရွာနှင့် လူအများဖြတ်သန်းသွားလာ အသုံးပြုသည့် လမ်းများ၊ စားကျက်နေရာများ၊စိုက်ပျိုုးရေလုပ်သည့် တောင်ယာများတွင် အများဆုံးကြုံရသည်ဟု ပအိုဝ်းလူငယ်အစည်း PYO ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။ ထို့အပြင် နေရပ်သို့ပြန်လာကြသည့် စစ်ဘေးရှောင်အများစုသည်လည်း ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲဆဲဟု နေရပ်ပြန်သွားသည့် ဆီဆိုင်မြို့ဘုရားကျေးရွာမှ ဒေသခံတစ်ဦး ကပြောသည်။ “အခုကျနော်တို့ပြန်လာတော့ ဘာမှလုပ်စားလို့အဆင်မပြေဘူး။ ကိုယ်လည်းခြေထောက်နာနေတော့ အလုပ်မရှိတာ။ လူမှုအဖွဲ့အစည်း တစ်ခုဆီက လာပေးတဲ့ ဆန်တွေနဲ့ပဲ စားနေရတယ်”...
လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်အတွင်း စက်သုံးဆီပြတ်လပ် ထောက်ခံစာဖြင့်သာဝယ်နေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်တို့ဘက်တွင် စက်သုံးဆီများပြတ်လပ်နေပြီး ထောက်ခံစာဖြင့်ဝယ်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၃၁)ရက် ညနေပိုင်းတွင် စက်သုံးဆီရောင်းချနေသည့် ဆိုင်ကြီးများတွင် တန်းစီပြီး ထောက်ခံစာဖပါလာသည့် သူများကိုသာ ရောင်းချပေးနေကြောင်း တောင်ကြီးမြို့နယ် မှ ဒေသခံ အမျိုးသမီးတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။ ‘’၂ပိဿာပုံးနဲ့သွားဝယ်တာတောင် ထောက်ခံစာပါမှ ရောင်းပေးတာ ။ အိမ်က...
မိုးမိတ် စစ်ကောင်စီတပ် ဗျူဟာကုန်းနှင့် တပ်ရင်းအားလုံးကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်လက်ကျန် ဗျူဟာကုန်းနှင့် တပ်ရင်းအားလုံးတို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၁၁ နာရီခန့်မှ စတင်ပြီး မိုးမိတ်မြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ...
လားရှိုးမြို့သို့ ဦးဆောင်ချီတက်လာသည့် ဗိုလ်မှူးချုပ်သန်းထွန်းအောင် ခိုလမ် စစ်ဆေးရုံ ရောက်သွား
SHAN -
သျှမ်းပြည်၊ တန့်ယန်းမြို့မှ လားရှိုးမြို့သို့ အင်အားဖြည့်တင်းမည့် စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ကြားဖြတ်တိုက်ခိုက်ရာ ဦးဆောင်သူ ဗိုလ်မှူးချုပ် သန်းထွန်းအောင် ဒဏ်ရာအပြင်းအထန် ရရှိသဖြင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်-ရလခ ခိုလမ် စစ်ဆေးရုံတွင် ဆေးကုသနေရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၃၁ ရက်)...
သမဝါယမ စနစ် ထုတ်ပြန်ပြီးနောက် မန္တလေးတွင် စက်သုံးဆီများ ပြတ်လပ်သည်အထိ တိုးဝှေ့ဝယ်ရ
စစ်အာဏာရှင် ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သော သမဝါယမ စနစ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြန်လည်ကျင့်သုံးမည်ဟု ပြောဆိုပြီးနောက် မန္တလေးမြို့တွင် စက်သုံးဆီများ စတင်ပြတ်လပ်နေကြောင်း စုံစမ်းသိရသည်။ သမဝါယမစနစ်ကို ပြန်လည်ကျင့်သုံးမည်ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မှ ဇူလိုင် ၂၉ ရက် နေပြည်တော် အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း သိရသည်။ ထိုသို့...





