Wednesday, February 4, 2026

စစ်ကောင်စီ

စစ်ကောင်စီ တပ်သားအချင်းချင်း ပစ်ခတ် စစ်သား ၃ ဦး နှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မိုင်းရယ်မြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၁ ဦး နှင့် စစ်ကောင်စီ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ်လ ၄ ရက်) နေ့လည် ၁၁ နာရီကျော်တွင် မိုင်းရယ်မြို့ ပြည်သူ့ ဆေးရုံအရှေ့တွင် စစ်ကောင်စီ...

ကျောက်မဲမြို့တွင် တပ်စခန်းများမကျဆုံးရေး စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်နေ

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်စခန်းများအဖြစ် ကျန်ရှိနေသော အမှတ် (၁) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ်၊ ခြေမြန်တပ်ရင်း ခမရ (၅၀၁) နှင့် (၅၀၂) တို့ မကျဆုံးရေးအတွက် စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်နေကြောင်း သိရသည်။ ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး...

လားရှိုး စစ်ရှုံးမှု ဆက်သွယ်ရေးတပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ရဲမြင့်နိုင် စစ်ခုံရုံးတင်ခံရ

သျှမ်းမြောက်၊ လားရှိုး တိုက်ပွဲ ရှုံးနိမ့်ရာတွင် စစ်သတင်းများ ပေါက်ကြားသည်ဟု ဆိုကာ ဆက်သွယ်ရေးတပ် ညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ရဲမြင့်နိုင် ကို နေပြည်တော်၌ စစ်ခုံရုံးတင် စစ်ဆေးနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၅ ရက်) တွင် ပြောသည်။ တလကျော် ကြာမြင့်ခဲ့သည့် လားရှိုး...

တောင်ကြီးတွင် ဘောလုံးပွဲကြည့်နေစဉ် လူငယ်အချို့ ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းတွင် ပြုလုပ်ခဲ့သော ‌ရှမ်းနှင့် ရန်ကုန်အသင်းတို့၏ ဘောလုံးပွဲသို့ သွားရောက်ကြည့်ရှုသော ပရိတ်သတ်များထဲမှ လူငယ် အချို့ဖမ်းဆီးခံရကြောင်း သိရှိရသည်။ ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညနေ ၅ နာရီခန့်အချိန်တွင် ဘောလုံးပွဲလာကြည့်နေသောလူငယ်အချို့ကို လုံခြုံရေးယူထားသည့် ရဲများက လာရောက်ခေါ်ဆောင်သွားကြောင်း ပွဲသို့ သွားရောက်ကြည့်ရှုခဲ့သည့်...

လက်လွတ်လိုက်ရသည့် လားရှိုးမြို့အား လုပ်သင့်လုပ်ထိုက်တာကို ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီပြော

စစ်ကောင်စီတပ်မှ လက်လွတ်လိုက်ဆုံးရှုံးခဲ့ရသည့် လားရှိုးမြို့အား လုပ်သင့်လုပ်ထိုက်တာကို ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။ အမှတ်တံဆိပ်ကို အစွဲပြုပြီး နေဝင်းနီဟု ထင်းရှားသည့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့တိုင်း စစ်ဌာနချုပ် (ရမခ) တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက သြဂုတ် ၃...

PNLA ဌာနချုပ်အနီး စစ်ကောင်စီတပ်မှ ၃ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက် ဆီဆိုင်မြို့ခံများ ထပ်မံစစ်ရှောင်နေရ

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ် သို့ စစ်ကောင်စီတပ်မှ ၃ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဆီဆိုင်မြို့နယ်အတွင်းရှိ ပြည်သူများ အသက်အန္တရာယ်စိုးရိမ်နေရပြီး ထပ်မံ စစ်ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲများမရှိသည်မှာ တစ်လခန့်ရှိပြီဖြစ်သော်လည်း ယခုအခါတွင် စစ်ကောင်စီနှင့် ပူးပေါင်း ပြည်သူ့စစ်တပ် များသည် ဆီဆိုင်နှင့် မောက်မယ်နယ်စပ်ရှိ PNLA ဌာနချုပ်ရှိ ကဒူးကြီးသို့...

လားရှိုးမြို့ ပရဟိတ ၂ ဦးကို စစ်ကောင်စီ ဖမ်ဆီးညှဉ်းပန်းနှိပ်စက်၊ တစ်ဦးသေဆုံး

သျှမ်းပြည် လားရှိုးမြို့ ပရဟိတအသင်းအဖွဲ့ဝင် အမျိုးသား နှစ် ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ၎င်းတို့ပါးစပ်ကိုဓားဖြင့်လှီး၊ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ရိုက်နှိက်နှိပ်စက်ခဲ့သဖြင့် တစ်ဦးသေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်တွင် အသက် ၂၄ နှစ်အရွယ်ရှိ ကိုဇော်မျိုးအောင်နှင့် အိုက်လာတို့သည် စစ်ဘေးဒဏ်သင့် ဒုက္ခသည်များအတွက်...

လားရှိုး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ကိုးကန့်တပ် သိမ်းပြီ၊ စစ်ကောင်စီတပ် လက်နက်ချဟုဆို

သျှမ်းပြည်၊ လားရှိုးမြို့ တိုက်ပွဲ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်- ရမခ ကို ယနေ့ (ဩဂုတ်လ ၃ ရက်) နံနက်ပိုင်း ကိုးကန့်တပ် ဝင်ရောက် သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ရက်များစွာ အပြင်းအထန် ခုခံနေသည့် လားရှိုး ရမခ စစ်ဌာနချုပ်ရှိ စစ်ကောင်စီတပ်...

သျှမ်းတောင်ရောက်စစ်ဘေးရှောင် ၈လကျော်ကြာ အိမ်ငှားခ စျေးနှုန်းထပ်မံမြင့်တက်

သျှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် (၈)လကျော်ကြာလာပြီး အိမ်ငှားခများ ယခင်က စျေးနှုန်းမြင့်တက်သဖြင့် အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။ အဆိုပါ သျှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ကရင်နီပြည် (ကယားပြည်နယ်) မှ “၁၁.၁၁ စစ်ဆင်ရေး” နှင့် သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇စစ်ဆင်ရေး” တိုက်ပွဲကြောင့် ထွက်ပြေးလာသည့်သူများ ဖြစ်သည်။ “အိမ်ရှင်က မနေ့ဖုန်းဆက်လာတယ်။...

လားရှိုးမြို့ တိုက်ပွဲ စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော် စတင်လက်နက်ချ

သျှမ်းပြည်၊ လားရှိုးမြို့ တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သားနှင့် မိသားစု အင်အား ၂၀၀ ကျော် စတင် လက်နက်ချပြီဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၂ ) ရက်တွင် ပြောသည်။ ယနေ့ မနက်ပိုင်းက လားရှိုးမြို့ရှိ ခုတင် ၁၀၀ စစ်ဆေးရုံကို ကိုးကန့်တပ်...

Latest news