သီပေါမြို့နယ် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ ၂ ဦးသေ ၁ ဦးဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင့်ဖြင့် ဗုံးကြဲချပြီး နှစ်ဦး သေဆုံးကာ၊ တစ်ဦး ဒဏ်ရာ ပြင်းထန်းခဲ့ကြောင်း သိရသည်။

ယမန်နေ့ (သြဂုတ်လ ၆ ရက်)တွင် ညနေ ၄ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာရှိ ရေလယ်ဘုရားကျောင်းကို စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲချခဲ့ပြီး၊ ဦးဇင်းတစ်ပါး နှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ သံဃာ‌တော်တစ်ပါး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကိုပြောသည်။

“ဗုံးစထိထားတဲ့ တစ်ယောက်က ဒဏ်ရာ ပြင်းထန်တယ်။ ခုကနမ့်လန်ကို ပို့ထားရတယ်။ ပြီးတော့ ၂ ယောက်သေတယ်။ ကိုးကန့်နဲ့ စစ်ကောင်စီက အဲ့နားမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။တချို့တွေ ကလည်းပြေနေကြတာ။”ဟု အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သီပေါ

ထို နောင်ကော်ကြီးကျေးရွာ အနီးတွင် ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ပြီ အရှေ့မြောက်ပိုင်းတိုင်စစ်ဌာနချုပ် လက်အောက်ခံ စစ်ကောင်စီ၏ အမှတ် (၁၄၇) ခြေလျင်တပ်ရင်းနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဘက် သေဆုံးမှုများကြောင်း သိရသည်။

လက်ရှိ နောင်ကော်ကြီးကျေးရွာရှိ ဒေသခံများသည် နာကန်ကျေးရွာ၊ ပန်ညိုကျေးရွာ၊ ခုတ်နမ့်ကျေးရွာ၊ ကုန်မုံကျေးရွာနှင့် ကောင်ဟိုင်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။

အဆိုပါ နောင်ကော်ကြီးကျေးရွာသည် သီပေါမြို့ နှင့် နမ့်လန် ကားလမ်းပေါ်တွင်တည်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...