ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံး၊ ဒရုန်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

သျှမ်းပြည် ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးပြီး ဒရုန်းတစ်စင်းနှင့် လက်နက်ခဲယမ်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များဘက်က သိမ်းဆည်းရမိကြောင်း သိရသည်။

ဆီဆိုင်မြို့၏ အရှေ့ဘက် ၆ မိုင်ခန့်သာဝေးကွာသည့် လွယ်ထွဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ် PNO နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA တို့ ယမန်နေ့( သြဂုတ် ၆) ရက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

“တိုက်ပွဲဖြစ်ပွားနေတာရှိပါတယ်။ ဆီဆိုင်မြို့ရဲ့ အရှေ့ဘက်လွယ်ထွဲကျေးရွာအနီးမှာပေါ့။ တိုက်ပွဲထဲမှာတော့ စစ်ကောင်စီရဲ့ အလောင်း ၁၀ ကျော်၊ ဒရုန်း တစ်စင်းနဲ့ လက်နက် ၁၀ လတ် သိမ်းဆည်းရမိတာရှိပါတယ်” ဟု PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်းရိန်းယံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် မီးရယ်ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး စစ်ဘေးရှောင် ၂ ဦးကျည်စထိမှန် သေဆုံးသွားခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၄ ရက်နေ့တွင်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဌာနချုပ်ရှိရာ ကဒူးကြီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇွန်လနောက်ဆုံးပတ်မှစ၍ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ တစ်လကျော်ပြီဖြစ်သော်လည်း PNLA ဌာနချုပ်ဗုံးကြဲခံရပြီးနောက် ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

ဆီဆိုင်မြို့နယ်

လက်ရှိ ဆီဆိုင်မြို့နယ်အတွင်း ပြန်လည်ဖြစ်ပွားလာသည့်တိုက်ပွဲများကြောင့် ပြည်သူ့ ခန့်မှန်းခြေ ၁,၀၀၀ ဝန်းကျင် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...