နောင်ချို စစ်အင်အားဖြည့်နေသည့် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်

သျှမ်းပြည် နောင်ချိုမြို့နယ်သို့ စစ်အင်အား ဖြည့်တင်းနေသည့် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၆ ရက်) နံနက် ၁၁ နာရီကျော်မှ စတင်ပြီး နောင်ချိုမြို့ တောင်ဘက်ရှိ ရွှေမုဋ္ဌောနှင့် ရေဖြူရွာအနီးတွင် တောင်ကြီး-ရပ်စောက်ဘက်မှ စစ်အင်အား ဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“နောင်ချိုတောင်ဘက်က ရွှေမုဋ္ဌောနဲ့ ရေဖြူမှာ တိုက်ပွဲဖြစ်တာ။ ရှေ့ရက်က တစ်မနက်လုံး တိုက်ပွဲပြင်းနေတာ။ တောင်ကြီး-ရပ်စောက်ဘက်ကနေ ကား (၈) စီးနဲ့ အင်အား (၃၀၀) လောက် တက်လာတယ်။ တိုက်ပွဲဖြစ်တဲ့ ရွှေမုဋ္ဌောနဲ့ TNLA သိမ်းထားတဲ့ ဒုံးတပ်ရင်းက (၆) မိုင်လောက်ပဲ ဝေးတော့တယ်”ဟု နောင်ချိုမြို့နယ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဩဂုတ်လ ၅ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် ရွှေမုဋ္ဌောကျေးရွာအနီး အင်အားဖြည့် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်တို့ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ သိရပြီး စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းမှ စတင်ပြီး သျှမ်းပြည်တောင်ပိုင်း ကလောမြို့အခြေစိုက် စစ်ကောင်စီ တပ်မ (၅၅) ကို စစ်ကား (၃၂) စီးခန့်ဖြင့် ဗထူးတပ်မြို့တွင် စုဖွဲ့၍ ရပ်စောက်-ကျောက်ဂူ-အင်တောလမ်းမှ နောင်ချိုမြို့နယ်ဘက်သို့ စစ်ကူသွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ဇူလိုင်လ ၁၄ ရက်တွင် ပြောကြားထားသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲငြိမ်သက်နေသော်လည်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများကို ဘန့်ဘေး၊ ခြေမြစ်ပင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ သယ်ဆောင်ခွင့်မပေးခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“စိုက်ပျိုးရာသီ တိုက်ပွဲဖြစ်တော့ ပြေးနေရတာနဲ့ အလုပ်မဖြစ်ဘူး။ စပါးဆိုလည်း ပျိုးပင်အရွယ်ရောက်တာ ကောက်မစိုက်နိုင်ဘူး။ အင်းဝိုင်းတကြောမှာ စစ်ရှောင်နေကြတာ ၂၀၀၀ ကျော် ရှိတယ်။ ကူညီတဲ့အဖွဲ့တွေ ရှိတာတောင်မှ စစ်တပ်က ခြေမြစ်ပင်မှာ ပိတ်ထားတာ၊ ရိက္ခာပေးမသယ်ဘူး။ လောလောဆယ် စားသုံးဆီကော၊ စက်သုံးဆီကော အခက်အခဲဖြစ်တယ်”ဟု နောင်ချိုမြို့နယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များမှာ လွယ်တောင်း၊ ဆေးထိုး၊ ကျောင်းခမ်း၊ နားခေါ့၊ ပလောင်ကုန်း၊ သဲတိုက်၊ ပန်ဟိုက်၊ အင်းဝိုင်း စသည့် ကျေးရွာများသို့ ထွက်ပြေးရောက်ရှိနေပြီး စစ်ဘေးရှောင် (၂၀၀၀) ကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူများထံမှ သိရသည်။

ဇွန်လ ၂၅ ရက်က စတင်ခဲ့သည့် TNLA ပူးပေါင်းတပ်၏ ထိုးစစ်အတွင်း နောင်ချိုမြို့ရှိ စစ်ကောင်စီ ခမရ (၁၁၅) နှင့် (၁၁၄) တပ်ရင်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့က (၆၀၆) ဒုံးတပ်ကို TNLA ပူးပေါင်းတပ်ဖွဲ့ ထပ်မံသိမ်းပိုက်ပြီးနောက် နောင်ချိုမြို့ကို အလုံးစုံ ထိန်းချုပ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...