လေကြောင်းတိုက်ခိုက်မှုကြောင့် သိန္နီမြို့ တစ်လအတွင်း အရပ်သား ၁၃ ဦးသေဆုံး

သျှမ်းပြည် သိန္နီမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှထိန်းချုပ်လာပြီးနောက် စစ်ကောင်စီတပ်သည် မြို့ပေါ်သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၁၃ ဦးသေဆုံးသွားခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က သြဂုတ် ၆ ရက်မှာ ထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအဖြစ် MNDAA နှင့် ၎င်းမဟာမိတ်တပ်ဖွဲ့များ လားရှိုးမြို့ကို စတင်တိုက်ခိုက်သည့် ဇူလိုင်လ ၁၃ ရက်မှစတင်ခဲ့ပြီး စစ်ကောင်စီတပ်သည် လေယာဉ်ဖြင့် သိန္နီမြို့ရဲစခန်း အနီးသို့ ပေါင် ၅၀၀ ဗုံး သုံးလုံးကြဲချခဲ့သဖြင့် အရပ်သားနေအိမ် ၁၀ လုံးခန့်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းနောက် သိန္နီမြို့ ရပ်ကွက် ၁ ၊ ၂ ၊ ၃ နှင့် ဝိန်းနန်း (ရပ်ကွက် ၄ )၊ မိုင်းလီကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဇူလိုင်လ တစ်လတည်းတွင် အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

“စစ်ကောင်စီဘက်ကတော့ သူတို့အနေနဲ့ တိုက်ပွဲတွေမနိုင်လို့ လူထုကိုရမ်းပြီးမှပစ်တယ်။ ဒါတမင်သက်သက် လူထုကို ထိခိုက်နစ်နာအောင်လုပ်တယ်လို့ မြင်တယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ၏ တာဝန်ခံ ယိင်းလျန်းဟန်က ပြောသည်။

ထို့အပြင် တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျောက်ရှိ ကျေးရွာနှင့် မြို့တွင်လည်း နှစ်ပတ်သာ ကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄၆ ဦးသေဆုံးပြီး၊ ၃၅ ဦးဒဏ်ရာရရှိထားကြောင်း SHRF က ထုတ်ပြန်ထားသည်။

ထိုထိခိုက်သေဆုံးမှုသည် TNLA၊ MNDAA နှင့် PDF တပ်ဖွဲ့တို့၏ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းစတင်သည့် ဇွန်လ ၁၉ ရက်မှ ဇူလိုင်လ ၄ ရက်အထိ ကာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နှင့် MNDAA ထိန်းချုပ်ထားသော လောက်ကိုင်၊ သိန္နီမြို့တို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

မြန်မာနိုင်ငံတွင်ကလေးသူငယ်များအပေါ် လေကြောင်းတိုက်ခိုက်မှု ၆၄၀ ကျော် ရှိခဲ့ကြောင်း IIMM ထုတ်ပြန်

0
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးသူငယ်များကို ထိခိုက်သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုပေါင်း အနည်းဆုံး ၆၄၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ယမန်နေ့ (မေလ ၁၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ စစ်ကိုင်းတိုင်းဒေသကြီး အိုးထိန်းကွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းအား မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်သဖြင့်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...