မြန်မာနိုင်ငံတွင်ကလေးသူငယ်များအပေါ် လေကြောင်းတိုက်ခိုက်မှု ၆၄၀ ကျော် ရှိခဲ့ကြောင်း IIMM ထုတ်ပြန်

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးသူငယ်များကို ထိခိုက်သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုပေါင်း အနည်းဆုံး ၆၄၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ယမန်နေ့ (မေလ ၁၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။

စစ်ကိုင်းတိုင်းဒေသကြီး အိုးထိန်းကွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းအား မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းသား ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်တစ်နှစ်ပြည့်ချိန်တွင် အဆိုပါထုတ်ပြန်ချက်ကို ထုတ်ပြန်လာခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုအပြီး တစ်နှစ်ကြာသည်အထိ မြန်မာနိုင်ငံရှိ ကလေးငယ်များသည် နေ့စဉ်နှင့်အမျှ လေကြောင်းအန္တရာယ်နှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ယခုလအစောပိုင်းတွင် ချင်းပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် ကလေးကစားကွင်းတစ်ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အသက် ၅ လမှ ၁၀ နှစ်ကြားရှိ ကလေးငယ် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

လွန်ခဲ့သည့် တစ်နှစ်အတွင်း မန္တလေး၊ ပဲခူး၊ ရခိုင်၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းတို့ရှိ စာသင်ကျောင်းများ၊ ခရစ်ယာန် ဘုရားခိုးကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း IIMM က ဆိုထားသည်။

“ကလေးငယ်တွေ ရှိနေနိုင်တဲ့နေရာတွေကို လေကြောင်းက တိုက်ရိုက်တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တွေကို ယန္တရားက အထူးပြု စုံစမ်းစစ်ဆေးနေပါတယ်။ ဒီဖြစ်ရပ်တွေက စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်နိုင်ပါတယ်” ဟု IIMM ၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားသည်။

IIMM အနေဖြင့် ကျူးလွန်သူများကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန်အတွက် မြန်မာ့လေတပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးကွင်းဆက်ဆိုင်ရာ ခိုင်မာသော အထောက်အထားများကို စုဆောင်းလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် နောင်ပိန်လေကြောင်းတိုက်ခိုက်မှုအတွင်း SSPP တပ်သားတစ်ဦးနှင့် အချုပ်သားတစ်ဦး သေဆုံး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ထဲ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွင် SSPP တပ်သားတစ်ဦးနှင့် အချုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၂၀) ရက် နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း ပင်တီးကျေးရွာ မဇ္ဈိမာရာမ အလယ်ကျောင်း...

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်မဲဒေသခံ ထပ်မံစစ်ဘေးရှောင်တိမ်းရ

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ဒေသခံများ ထပ်မံစစ်ဘေးရှောင်တိမ်းနေရကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စ၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လာခဲ့ခြင်းကြောင့် ကျောက်မဲမြို့အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင်များနှင့် ဒေသခံများသည် အထက်ရဲရွာ...

ငလျင်လှုပ်သည့်နေ့မှ ယနေ့အထိ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ ၅ ကြိမ်တိုက်ခိုက်

0
ငလျင်လှုပ်ခတ်ခဲ့သည့်နေ့မှ ယနေ့အထိ ၆ ရက်အတွင်း နောင်ချိုမြို့နယ်ထဲကို စစ်ကောင်စီမှဂျက်ဖိုက်တာ နှင့်ဒရုန်း ဖြင့် ၅ ကြိမ်ဗုံးကြဲ တိုက်ခိုက် သည့်အတွက် ပြည်သူ့အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှုများရှိနေ သည်ဟု နောင်ချို ဒေသခံ များထံမှသိရသည်။ လူပေါင်းထောင်ချီအသက်ဆုံးရှုံးစေခဲ့သော စစ်ကိုင်းငလျင်စတင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ ယနေ့ ဧပြီလ ၂...

စစ်ကောင်စီနှင့် TNLAဆွေးနွေးမှုမအောင်မြင်လျှင် လေကြောင်းတိုက်ခိုက်မှု ပိုဆိုးလာနိုင်

0
စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီ တို့ တရုတ်နိုင်ငံ ကူးမင်းမြို့တွင် နယ်မြေသတ်မှတ်မှုကို ထည့်သွင်းဆွေးနွေးသဖြင့် အဆိုပါ ဆွေးနွေးမှုများမအောင်မြင်လျှင် လေကြောင်းတိုက်ခိုက်မှု ပိုဆိုးလာမည်ကို ပြည်သူများကစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်နေ့) ည (၈)နာရီ ဝန်းကျင်တွင်...

စစ်ကောင်စီက TNLAနှင့် ဆွေးနွေးမှု အသာစီးရအောင် လေကြောင်းတိုက်ခိုက်၊ စစ်ရာဇဝတ်မှု ဆက်တိုက် ကျူးလွန်နေ

0
စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည်တ ရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးချိန် စစ်ကောင်စီမှ လေကြောင်းလိုက်ဖြင့် နောင်ချိုမြို့နယ်အတွင်း ပစ်ခတ်ကာ စစ်ရာဇဝတ်မှု ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီနှင့် TNLA တို့သည် တရုတ်၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ရေးပြဿနာများကို ဖြေရှင်းရန် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဖေဖော်ဝါရီလ (၁၅)ရက်နေ့၌...