ငလျင်လှုပ်သည့်နေ့မှ ယနေ့အထိ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ ၅ ကြိမ်တိုက်ခိုက်

ငလျင်လှုပ်ခတ်ခဲ့သည့်နေ့မှ ယနေ့အထိ ၆ ရက်အတွင်း နောင်ချိုမြို့နယ်ထဲကို စစ်ကောင်စီမှဂျက်ဖိုက်တာ နှင့်ဒရုန်း ဖြင့် ၅ ကြိမ်ဗုံးကြဲ တိုက်ခိုက် သည့်အတွက် ပြည်သူ့အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှုများရှိနေ သည်ဟု နောင်ချို ဒေသခံ များထံမှသိရသည်။

လူပေါင်းထောင်ချီအသက်ဆုံးရှုံးစေခဲ့သော စစ်ကိုင်းငလျင်စတင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ ယနေ့ ဧပြီလ ၂ ရက်နေ့အထိ စစ်ကောင်စီက နောင်ချိုမြို့နယ် ကံကြီးကျေးရွာအုပ်စု နောင်လင်ကျေးရွာ ကို မတ်လ ၂၈ ရက်တွင်ဂျက်ဖိုက်တာဖြင့်တစ်ကြိမ်၊ လုံရုံးကျေးရွာအုပ်စု ကျောက်ကြမ်းကျေးရွာကို မတ်လ ၃၁ ရက်နေ့တွင် ဒရုန်းဖြင့်တစ်ကြိမ် ၊ ရေမောင်းတန်းကျေးရွာကို ဧပြီလ ၁ ရက်နေ့တွင် ဒရုန်းဖြင့်တစ်ကြိမ်၊ ဆမ္မဆယ် – အုမ္မတီး ကျေးရွာကြားရှိ ကျေးရွာဘက်ကို ဧပြီလ ၁ ရက်နေ့တွင် ဒရုန်းနှင့်တစ်ကြိမ်၊ ဂျက်ဖိုက်တာနှင့်တစ်ကြိမ် ဆက်တိုက် တိုက်ခိုက်ခဲ့သည်။

‘’ဒီနေ့တော့ အုမ္မတီးလမ်းခွဲ ရေမောင်းတန်းရွာကိုဒရုန်းနဲ့ဗုံးလာကြဲသွားတာ။ အိမ်တွေလဲမီးလောင်တယ်၊ ၄ အိမ် ၅ အိမ်လောက်လောင်တာ၊ ရွာထဲမှာလဲနေထိုင်တဲ့လူမရှိတော့ ထိခိုက်ဒဏ်ရာရ တဲ့လူလည်းမရှိဘူး အိမ်တွေ တော့မီးလောင်တာတွေရှိတာပေါ့ ’’ ဟု‌နောင်ချိုဒေသခံပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

အလားတူပင် ဧပြီလ ၁ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ နောက်ချိုမြို့ အနောက်တောင်ဘက် ၁၉ မိုင်ခန့်အကွာ ဆမ္မဆယ်နှင့်အုမ္မတီးကြားရှိ ကျေးရွာကို ဒရုန်းဖြင့် တစ်ကြိမ်၊ ဂျက်ဖိုက်တာဖြင့်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် တိုက်ခိုက်ပြီး ဒေသခံပြည်သူ ၅ ဦးဒဏ်ရာရပြီးနှင့်နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့သည်ဟု TNLA ဘက်မှထုတ်ပြန် ထားသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နောင်ချိုမြို့နယ်ထဲက အဆောက်အဉီး

စစ်ကိုင်းမန္တလေးနေပြည်တော်တွင်ဒေသခံများငလျင်ဒဏ်ခံနေရချိန် သျှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ် အုမ္မတီး၊ အုမ္မခါး၊ ရေမောင်းတန်း၊ ဆမ္မဆယ်နှင့်သုံးဆယ် အစရှိသည့်ကျေးရွာဘက်စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု ကြောင့် ဒေသခံများရွာထဲမနေရဲဘဲ ဘေးလွတ်ရာသို့တိမ်းရှောင်ခိုလှုံနေကြရသည်။

နောင်ချိုမြို့သည် “၁၀၂၇ စစ်ဆင်ရေး” ဒုတိလှိုင်း ဇူလိုင်လ ၁၀ ရက်တွင် TNLA ထိန်းချုပ်မှုအောက်သို့ရောက်ရှိ ခဲ့ပြီး စစ်ကောင်စီဘက်မှ အကြိမ်ပေါင်းမြောက်မြားစွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၆ နှင့် ၁၇ ရက်စစ်ကောင်စီနှင့် TNLA တို့ တရုတ်နိုင်ငံကူမင်းမြို့တွင်တွေ့ဆုံစဉ် TNLA ထိန်းချုပ် နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ရန် TNLA ဘက်မှ မေတ္တာရပ်ခံထားသည်။

အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

မြန်မာနိုင်ငံတွင်ကလေးသူငယ်များအပေါ် လေကြောင်းတိုက်ခိုက်မှု ၆၄၀ ကျော် ရှိခဲ့ကြောင်း IIMM ထုတ်ပြန်

0
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးသူငယ်များကို ထိခိုက်သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုပေါင်း အနည်းဆုံး ၆၄၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ယမန်နေ့ (မေလ ၁၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ စစ်ကိုင်းတိုင်းဒေသကြီး အိုးထိန်းကွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းအား မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်သဖြင့်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...