စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်မဲဒေသခံ ထပ်မံစစ်ဘေးရှောင်တိမ်းရ

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ဒေသခံများ ထပ်မံစစ်ဘေးရှောင်တိမ်းနေရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စ၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လာခဲ့ခြင်းကြောင့် ကျောက်မဲမြို့အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင်များနှင့် ဒေသခံများသည် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းရှိ တောင်ခြေကျေးရွာဘက်သို့ ထပ်မံရှောင်တိမ်း နေကြရသည်ဟု မြို့ခံများထံမှ သိရသည်။

“မနေ့ကပဲ တောင်ခြေဘက်ကို စစ်ရှောင်လာခဲ့ရတယ်၊ အစ်မတို့နားက ရုံးရှိတော့ မနေရဲတော့ဘူး။ လူပြောလည်း တအားများတော့ ကလေးတွေလည်း ကြောက်နေကြလို့လေ။ စစ်မရှောင်ချင်တော့လို့ ပေတေပြီး အောင့်အီးနေတာ၊ နေလို့မဖြစ်တော့လည်း ရှောင်ရတာပေါ့ကွယ်”ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ စစ်ဘေးရှောင်ရသောကြောင့် ကျောက်မဲမြို့တွင် မနက်ပိုင်းမျှသာ လူစည်တော့ကြောင်း၊ နေ့လည် ၁၂ နာရီ နောက်ပိုင်းတွင် မြို့ထဲတွင် လူသူကင်းမဲ့ကာ ခြောက်ကပ်နေပြီး ဆိုင်များလည်း ပိတ်ထားကြောင်း ၎င်းစစ်ဘေးရှောင်က ထပ်လောင်းပြောသည်။

ထို့အပြင် ထပ်မံစစ်ဘေးရှောင်ခဲ့ရသောကြောင့် စားဝတ်နေရေးအတွက် ခက်ခဲကြောင်းနှင့် မည်မျှကြာအောင် စစ်ရှောင်ရမည်ကို မသိကြောင်း အဆိုပါ စစ်ဘေးရှောင်အမျိုးသမီးက ဆက်ပြောသည်။

“အရမ်းစိတ်ဆင်းရဲတာပေါ့၊ လက်ထဲက ပိုက်ဆံလေးကြည့်လိုက် ဘယ်နှရက် နေရမလဲ မသိလိုက်နဲ့ အမျိုးမျိုး တွေးပူနေရတာပဲ။ အခြေအနေကတော့ ဘယ်လောက်ကြာအောင် ရှောင်နေရဦးမလဲ မသိသေးပါဘူး။ ဆန်ငါးပြည်ပဲ ပါလာခဲ့တယ်၊ မီးဖိုပါလာတာလည်း ဒီရောက်တော့ ကွဲသွားတယ်။ ဝယ်စားဖို့က ဆိုင်တွေတော့ ရှိတယ်၊ တတ်နိုင်တဲ့သူတွေက ခပ်စောစောထဲက ရှောင်နေကြတယ် ခုမှရှောင်တာတော့ များတယ်”ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့ပေါ်သို့ သုံးကြိမ်ထက်မနည်း လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် အပျက်အစီးနှင့် ထိခိုက်မှုများပြီး အရပ်သားစုစုပေါင်း (၅)ဦး သေဆုံးကာ (၂၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ကမ္ဘောဇသျှမ်းကျောင်းကြီး အနီးတဝိုက်တွင်လည်း အထိအခိုက်များခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်မှ နောင်ချိုမြို့ကို မြေပြင်နှင့် ဝေဟင် နှစ်မျိုးလုံးဖြင့် ထိုးစစ်ဆင်နေပြီး ကျောက်မဲမြို့နှင့် သီပေါမြို့ကိုလည်း လေကြောင်းတိုက်ခိုက်နေခြင်းသည် လာမည့် ဩဂုတ်လ၌ တရုတ်နိုင်ငံတွင် ပြုလုပ်မည့် စစ်ကောင်စီနှင့် TNLA ဆွေးနွေးမှုတွင် အသာစီးရရန် ဖိအားပေးနေခြင်း ဖြစ်သည်ဟု DPLA တပ်သားတစ်ဦးက သုံးသပ်ပြောသည်။

“စစ်တပ်ကတော့ နောင်ချိုကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်တွေ လုပ်နေတယ်။ လေယာဉ် ဒရုန်းတွေလည်း ရှယ်သုံးလာတာ။ ခုဆို နောင်ချိုမြို့နဲ့ စစ်ဖြစ်တဲ့ နေရာနဲ့ ၄ မိုင်လောက်ပဲ ဝေးတော့တာ။ သီပေါတို့ ကျောက်မဲတို့ကိုလည်း ဗုံးကြဲနေတာ ရက်ခြားပြီး ကြဲနေတာ။ သူတို့က လာမယ့် ဆွေးနွေးပွဲမှာ အသာစီးရဖို့ ဖိအားပေးတယ်လို့ မြင်မိတယ်” ဟု အဆိုပါ DPLA တပ်သား တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၄)ရက်နေ့တွင်လည်း စစ်ကောင်စီက သီပေါမြို့ရှိ ဆေးရုံနှင့် စိုက်ပျိုးရေးဝင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ် (၈)လုံး ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

လက်ရှိတွင် TNLAအနေဖြင့် မြို့ပေါင်း (၁၂)မြို့ကို ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်မှ ဧပြီလ တွေ့ဆုံဆွေးနွေးပွဲအတွင်း နောင်ချို၊ကျောက်မဲ ၊သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို လက်လွှတ်ရန် တောင်းဆိုခဲ့ရာ သဘောတူညီမှု မရရှိခဲ့ဘဲ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် လာမည့်ဩဂုတ်လအတွင်း စစ်ကောင်စီနှင့် TNLAတို့ ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

မြန်မာနိုင်ငံတွင်ကလေးသူငယ်များအပေါ် လေကြောင်းတိုက်ခိုက်မှု ၆၄၀ ကျော် ရှိခဲ့ကြောင်း IIMM ထုတ်ပြန်

0
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးသူငယ်များကို ထိခိုက်သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုပေါင်း အနည်းဆုံး ၆၄၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ယမန်နေ့ (မေလ ၁၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ စစ်ကိုင်းတိုင်းဒေသကြီး အိုးထိန်းကွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းအား မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်သဖြင့်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...