ကျောက်မဲမြို့နယ် နောင်ပိန်လေကြောင်းတိုက်ခိုက်မှုအတွင်း SSPP တပ်သားတစ်ဦးနှင့် အချုပ်သားတစ်ဦး သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ထဲ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွင် SSPP တပ်သားတစ်ဦးနှင့် အချုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လ (၂၀) ရက် နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း ပင်တီးကျေးရွာ မဇ္ဈိမာရာမ အလယ်ကျောင်း လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ခိုက်ခံရခြင်းကြောင့် နောင်ချိုစစ်ဘေးရှောင် (၄၀) ကျော် သေဆုံးဒဏ်ရာရခဲ့သည်။

တစ်ချိန်တည်းတွင် နောင်ပိန်တိုက်နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စွဲထားသည့် လုပ်ပါရဲစခန်းအနီး ပေါင်(၅၀၀) ဗုံးတစ်လုံး တိုက်ခိုက်ခံရခြင်းကြောင့် SSPP တပ်သားတစ်ဦးနှင့် အချုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူများက ပြောသည်။

“လုပ်ပါရဲစခန်းရှေ့ လမ်းကြားထဲ ကျတဲ့တစ်လုံးက ဗုံးစတွေ ရဲစခန်းထဲအထိ သွားစင်တယ်။ အဲ့မှာ သျှမ်းစစ်သားတွေ ဖမ်းထားတဲ့ အချုပ်သားတစ်ယောက်နဲ့ သူ့ကို စောင့်နေတဲ့ သျှမ်းစစ်သားတစ်ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ ပင်တီးက အလယ်ကျောင်းမှာလည်း အလောင်းတွေ ထပ်ဆွဲထုတ်တာ ၇ လောင်း ရတယ်”ဟု နောင်ပိန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သေဆုံးသွားသည့် အချုပ်သားမှာ လွန်ခဲ့သည့် တစ်ပတ်ကျော်ခန့်က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် SSPP ဘက်မှ လုပ်ပါရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည့် အသက် (၃၀) ကျော်အရွယ် ကိုတွတ်ပီ ဆိုသူ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နောင်ပိန်လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ဒဏ်ရာရစစ်ရှောင်များကို SSPP တပ်သားများ ကယ်ဆယ်ရေးလုပ်စဉ် (ဓာတ်ပုံ-ဒေသခံ)

လေကြောင်းတိုက်ခိုက်မှုအတွင်း SSPP တပ်သားတစ်ဦးနှင့် ၎င်းတို့ဖမ်းဆီးထားသည့် အချုပ်သားတစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့မှုနှင့် ပတ်သက်၍ အတည်ပြုမေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

လက်ရှိတွင် နောင်ပိန်လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရသူများကို လူမှုကူညီရေးအသင်းများမှ ကယ်ထုတ်ကာ လားရှိုး၊ ကွတ်ခိုင်နှင့် နမ့်လန်မြို့ဘက်သို့ အသီးသီး ပို့ဆောင်လျက်ရှိပြီး ဆေးကုသစရိတ်နှင့် စစ်ရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့သည် နောင်ပိန်တိုက်နယ်အတွင်း တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လျက်ရှိကာ မကြာမီအချိန်တွင်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့သို့ စစ်မီးကူးစက်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ပုံစာ – နောင်ပိန်လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ဒဏ်ရာရစစ်ရှောင်များကို SSPP တပ်သားများ ကယ်ဆယ်ရေးလုပ်စဉ် (ဓာတ်ပုံ-ဒေသခံ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...