စစ်ကောင်စီနှင့် TNLAဆွေးနွေးမှုမအောင်မြင်လျှင် လေကြောင်းတိုက်ခိုက်မှု ပိုဆိုးလာနိုင်

စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီ တို့ တရုတ်နိုင်ငံ ကူးမင်းမြို့တွင် နယ်မြေသတ်မှတ်မှုကို ထည့်သွင်းဆွေးနွေးသဖြင့် အဆိုပါ ဆွေးနွေးမှုများမအောင်မြင်လျှင် လေကြောင်းတိုက်ခိုက်မှု ပိုဆိုးလာမည်ကို ပြည်သူများကစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်နေ့) ည (၈)နာရီ ဝန်းကျင်တွင် TNLAထိန်းချုပ်ထားသည့် ကွတ်ခိုင်-နမ္မတူ ကြားကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး ဒေသခံများ စိုးရိမ်ထိတ်လန့်မှုရှိနေသည်ဟု ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မနေ့ညတုန်းက အသံကြားလိုက်တယ်။ ဘယ်နေရာလဲတော့ အတိကျမသိဘူး။ တော်တော်လေးတော့ တုန်ခါသွားတယ်။ TNLAဖက်ကို ဖိအားပေးတာဖြစ်မယ်။ ကျမတို့ ဒေသခံ အတွက်ကတော့ စစ်ကောင်စီလေကြောင်းရန်က အမြဲတမ်းခြောက်ချား နေရတုန်းပဲ။ ဘယ် အချိန်လာကြဲမလဲ မသိဘူးလေ။ စိတ်ချယုံကြည်မှု မရသေးဘူး။” ဟု ၎င်းဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၆)ရက်နေ့တွင် စစ်ကောင်စီနှင့် TNLAတို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် စစ်ရေးပဋိပက္ခများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ဆွေးနွေးမှု စတင်ခဲ့ကြသည်။

ပုံစာ – ၂၀၂၄ ဖေဖော်ဝါရီလအတွင်း TNLA ခေါင်းဆောင်များ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ – TNLA)

အဆိုပါ ဆွေးနွေးမှုတွင် TNLAဖက်မှ ၎င်းတို့သိမ်းပိုက်ထားသည့် မြို့ကြီး(၁၀)မြို့နှင့် မြို့နယ်ခွဲ(၆)ခုကို တအာင်းပြည်နယ်အဖြစ် တရားဝင်အသိမှတ် ပြုပေးစေလိုကြောင်း ဆွေးခဲ့ပြီး စစ်ကောင်စီနှင့် ဆွေးနွေးမှု အောင်မြင်မှုမရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်မှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်ကြားရသလောက်ကတော့ အခုဆွေးနွေးပွဲမှာတော့ TNLAက သူတို့ သိမ်းပိုက်ထားတဲ့ မြို့ကြီး (၁၀)မြို့နဲ့ မြို့နယ်ခွဲ (၆)ခုကို တအာင်းပြည်နယ် အဖြစ်အသိအမှတ် ပြုပေးဖို့ တောင်းဆိုတယ်။ စစ်ကောင်စီဘက်ကလည်း ၂၀၀၈ အခြေခံ ဥပဒေအရ ခရိုင်နှစ်ခု ပါဝင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး တိုင်းအဖြစ်အသိမှတ်ပြုနိုင်မယ်။ကျန်တာတွေကတော့ လွှတ်တော်တွေ ပေါ်လာမှ ဖြေရှင်းနိုင်မယ်လို့ ပြောတယ်လို့ ဆိုတယ်။ အဲဒါတွေကတော့ မဖြစ်နိုင်တဲ့ အရာတွေပေါ့။မဖြစ်နိုင်တဲ့ အရာတွေလုပ်ပြီး ဆွေးနွေးပွဲက အောင်မြင်မှုမရနိုင်ဘူးလို့ မြင်မိတယ်။” ဟု ပြောသည်။

ထို့အပြင် တရုတ်ဘက်မှလည်း စစ်ကောင်စီကို လေကြောင်းတိုက်ခိုက်မှုများ မလုပ်ရန် ပြောဆိုထားသော်လည်း တားဆီးခြင်းမရှိခြင်းကြောင့် ဆွေးနွေးမှု မအောင်မြင်လျှင် လေကြောင်းတိုက်ခိုက်မှု ပိုဆိုးလာနိုင်ကြောင်း ဦးသန်းစိုးနိုင်က ပြောသည်။

ဆက်လက်ပြီး TNLAထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် ကျေးရွာ (၄)ရွာကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ရသည်။

” တဖက်မှာလည်း ဆွေးနွေးကြ နောက်ဆွေးနွေးချိန်မှာတောင် လေကြောင်းပစ်နေတော့ သူတို့အဆင်မပြေရင် ပိုဆိုးဖို့ပဲရှိတယ်။ ဒီရက်တောင် လေကြောင်းဗုံးကြဲသံထွက်တော့ ကြောက်နေရတယ်” ဟု ကွတ်ခိုင်မြို့မှ ဒေသခံအမျိုးသမီးက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ TNLA ထိန်းချုပ်နယ်မြေဖြစ်သည့် မိုးကုတ်မြို့ကို စစ်တပ်မှ လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းကြောင့် ဒေသခံ (၅)ဦးသေဆုံးပြီး (၁၉)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ထိန်းချုပ်ထားသည့် ဒေသများမှာ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ကျောက်မဲ၊ နောင်ချို၊မိုးမိတ်နှင့် သီပေါမြို့နယ်၊မန္တလေးတိုင်းမှ မိုးကုတ်မြို့နယ်တို့ ဖြစ်သည်။

ယခုလက်ရှိ သျှမ်းမြောက် ကွတ်ခိုင်မြို့နယ် အပါဝင် TNLAထိန်းချုပ်ထားသည့် မြိုနယ်များမှာ လေကြောင်းရန်ကို ကြောက်လန့်နေကြရသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...